အိပ်ခ်ျအိုင်ဗွီပိုး ကိုယ်တိုင်စစ်ဆေးနိုင်သော ကိရိယာ အမေရိကန် အက်ဖ်ဒီအေ အတည်ပြု


ဆရာဝန်ညွှန်ကြားချက်မလိုဘဲ နေအိမ်တွင်ပင် အိပ်ခ်ျအိုင်ဗွီပိုး ရှိ မရှိ ကိုယ်တိုင်စစ်ဆေးနိုင်သော ကိရိယာတစ်မျိုးကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး(အက်ဖ်ဒီအေ)
က ပထမဆုံးအကြိမ် အတည်ပြုခဲ့သည်။

OraQuick ဟု အမည်ပေးထားသည့် စစ်ဆေးရေးကိရိယာမှာ ပါးစပ်အတွင်းထည့်ပြီး တံတွေးမှ တစ်ဆင့်စစ်ဆေးနိုင်ပြီး
မိနစ် ၂၀ မှ ၄၀အတွင်း ပိုးရှိမရှိ အဖြေသိနိုင်သည်။ မှန်ကန်မှုမှာ အိပ်ခ်ျအိုင်ဗွီရှိသူများတွင် ၉၂ ရာခိုင်နှုန်း မှန်ကန်မှုရှိရာ
ပိုးရှိသူ ၁၂ ဦးလျင်တစ်ဦးနှုန်းမှာ ယင်းကိရိယာဖြင့် စစ်ရုံဖြင့် မတွေ့နိုင်သည့် သဘောဖြစ်သည်။ ပိုးမရှိကြောင်း ထုတ်ပြန်ရာတွင်လည်း
၉၉ ရာခိုင်နှုန်းသာ မှန်ကန်ပြီး ရာနှုန်းပြည့် မမှန်ကန်ပေ။
သို့ရာတွင် အလွယ်တကူ စစ်ဆေးနိုင်မှုမှာ အားသားချက် အဖြစ် ရှိနေသည်။

Ref : AP

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ