ထိုင်းနိုင်ငံခရီးစဉ် မစတင်မီ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ထိုင်းနိုင်ငံ The Bangkok Post သတင်းစာက ဇူလိုင်လ ၂၀ ရက်နေ့
အယ်ဒီတာ့အာဘော်တွင် ဝေဖန်ခဲ့သည်။ ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မကြာသေးမီက ပြောကြားခဲ့သည့်
မှတ်ချက်များနှင့် ပတ်သက်၍ The Bangkok Post သတင်းစာ အယ်ဒီတာ့အာဘော်က ဝေဖန်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇူလိုင်လ ၂၂ ရက်နေ့တွင် သုံးရက်ကြာ ထိုင်းနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်ကို စတင်ခဲ့သည်။
ယခုခရီးစဉ် မတိုင်မီ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ကို နှစ်ကြိမ်တိုင် ရွှေ့ဆိုင်းခဲ့သည်။
ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊
UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်းနှင့် ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း''ဟု မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြောကြားခဲ့ခြင်းဖြစ်သည်။
The Bangkok Post သတင်းစာ အယ်ဒီတာ့အာဘော်၌ ''မြန်မာနိုင်ငံနှင့် သူ၏အစိုးရသည် ၄၈ နှစ်တာ ရက်စက်ကြမ်းတမ်းသည့် စစ်အာဏာရှင်စနစ်အပြီးတွင် ပြန်လည်အမီလိုက်ရန်အတွက် သွားစရာ ခရီးအရှည်ကြီး ကျန်ရှိနေပါသေးသည်။ မကြာသေးမီက မြန်မာနိုင်ငံ အနောက်ဘက်တွင် ဖြစ်ပျက်ခဲ့သည့် လူမျိုးရေးပဋိပက္ခများသည် စည်းလုံးညီညွတ်သော နိုင်ငံတစ်နိုင်ငံ၏ မျက်နှာစာကို လွင့်စဉ်စေခဲ့သည်။ သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်သည် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေ သည့် အစိုးရတစ်ဖွဲ့မှ မကြာသေးမီကာလအတွင်း ကြားရသည့် စိတ်ပျက်ဖွယ်ရာ အကောင်းဆုံးမှတ်ချက် ဖြစ်ပါသည်။''ဟု ဖော်ပြထားသည်။
ထို့ပြင် The Bangkok Post သတင်းစာ အယ်ဒီတာ့အာဘော်က ''သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း ရိုဟင်ဂျာများ၏ ဖြစ်တည်မှုနှင့်
ပြဿနာကို ဆွေးနွေးသင့်ပါသည်။ ထိုင်းနိုင်ငံနှင့် အခြားအိမ်နီးချင်း နိုင်ငံများအနေဖြင့်လည်း အဆိုပါလူများ၏ အတိဒုက္ခကို သတိမူမိကြပါသည်။''
ဟု ဆက်လက်ဖော်ပြထားသည်။
''မြန်မာသမ္မတ၏ အံ့သြတုန်လှုပ်စရာကောင်းသည့် မှတ်ချက်သည် မြန်မာနိုင်ငံသည် စစ်တပ်၏ သေနတ်အောက်တွင် တစ်ကယ့်ကမ္ဘာနှင့်
နှစ်ပေါင်းများစွာ အဆက်ပြတ် အထီးကျန်နေခဲ့ရသည့်အတွက် ယခုလို ပြောမိတာဖြစ်သည်ဟု ဆင်ခြေပေး၍ ရနိုင်ပါသည်။''ဟု
The Bangkok Post သတင်းစာ အယ်ဒီတာ့အာဘော်က ဆိုပါသည်။
''မြန်မာနိုင်ငံသည် ရှည်လျားပြီး အမှောင်လွှမ်းနေသည့် အကြမ်းဖက်မှု သမိုင်းကနေ ပေါ်ထွက်လာနေသည်။ မြန်မာနိုင်ငံသည် လွန်ခဲ့သော
နှစ် ၅၀ က စံနှုန်းများနှင့် အလွန်ကွဲပြားသည့် စံနှုန်းများနှင့် ကမ္ဘာသစ်ထဲကို ၀င်ရောက်နေခြင်းဖြစ်ပါသည်။ ရိုဟင်ဂျာများနှင့် ပတ်သက်ပြီး
သမ္မတ ဦးသိန်းစိန်၏ မှတ်ချက်များသည် လူမျိုးရေးခွဲခြားမှု၊ မလိုမုန်းထားမှု၊ ခြိမ်းခြောက်မှု ဆန်နေပါသည်။ သူတို့ကို စောဒကတက်
ဝေဖန်သင့်ပါသည်'ဟု The Bangkok Post သတင်းစာ အယ်ဒီတာ့အာဘော်က ရေးသားထားသည်။
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ