ကိုထိုးလိုက် တိုင်းပေါ်နေတယ်ကဲဘယ်လိုလုပ်ရမလဲစမ်းကြည့်မယ်ဗျာ
ကဲစကြရအောင်Windows Key+R ကိုတွဲနှိပ် (open run box) ကိုဖွင့် တာ
ဘောက်ထဲမှာ Devmgmt.msc ရိုက် enter ခေါက်ပါ။ အောက်ဆုံးနားကUniversal
Serial Bus Controller Section ကို Expand လုပ်ပါ။ Universal Serial Bus
Controller Node အောက်က Device တိုင်းမှာ Right Click နှိပ် Uninstall
ကို တစ်ကြိမ်စီရွေးချယ်ပါ။ ဆယ်ခုတွေ့လျှင် ဆယ်ခါလုပ်ရန်လိုပါသည်။Usb
Controller များကို စက်မှ ပြန်လည် အသိပြုရန် စက်ကို Restart လုပ်ပေးပါ။
စက်ပြန်တက်လာပြီး Ready အခြေအနေတွင် usb device ကိုပြန်လည်
စမ်းထိုးကြည့်ရာတွင် usb device သည် နဂိုအခြေအနေအတိုင်း ပြန်လည်
Read/Write လုပ်လို့ရ သွားပါသည်။
မှတ်ချက် ။ တခါတလေတွင် စက်နှင့် usb device ကိုချိတ်သော cable
ကြောင့်လည်းဖြစ်နိုင်ပါသည်။ usb 2.0 cable သည် usb device 2.0 နှင့်သာ
အဆင်ပြေပါသည်။ Usb 1.1 cable သည် usb device 1.1 နှင့်သာအဆင်
ပြေသည်ကိုသတိပြုပါ။
နောက်တစ်ခုမှာ Device Manager ရှိ usb device ကို control လုပ်သော node
ကို double click နှိပ်ပြီး Device Status တွင် ချိတ်ဆက်ထားသော device
Working Properly or cannot start အခြေအနေကို ကြည့် ခြင်းဖြင့် Device
ကောင်းမွန်စွာအလုပ်မလုပ်သိနိုင်ပါသည်။
ထို့အပြင် Usb Controller node ရှေ့တွင် အ၀ါရောင် Exclamation mark
ပြပါကလည်း Device တွင် ပြဿနာ ရှိနိုင်သည်ကိုသိရှိနိုင်ပါသည်။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ