ကွန်ပျူတာကို Crash ဖြစ်စေတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကHard disk
ကိုအသုံးပြုတာကြာလာတဲ့အခါမှာ Hard disk ပေါ်မှာ ဖိုင်တွေနေရာချထားတာရှုပ်ထွေးလာပြီး
မနိုင်ဝန်ပိကာ ကွန်ပျူတာထိုးရပ်သွားစေတာပါပဲ။Hard disk fragmented ဖြစ်တယ်ပေါ့ဗျာ။
ဒီလိုဆိုရင်တော့ ဖြေရှင်းဖို့ရာ နည်းလမ်းများစွာ
ရှိပါတယ်။အရိုးရှင်းဆုံးနည်းလမ်းကတော
့Start>Programs>Accessories>System Tools>Disk Defragmenter
ကနေDisk Defragmenter ကိုဖွင့်ပြီး ဖိုင်တွေကိုအစီစဉ်တကျပြန်စီခြင်းပါပဲ
Defragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်မှာ
ဖိုင်တွေထပ်ရေးခြင်းမလုပ်သင့်ပါဘူးဒါကြောင့်
ကျနော်တို့အနေနဲ့ ကွန်ပျူတာကို ဘာမှမသုံးတဲ့အချိန်မှာပဲDefragment လုပ်သင့်ပါတယ်။
နောက်ထပ်သတိထားသင့်တာ တစ်ခုက Antivirus program ကိုလည်း ပိတ်ထားပေးသင့်ပါတယ်။
Hard disk မှာ ထည့်ထားတာ အရမ်းပြည့်လာတဲ့အခါမှာလည်းအလုပ်လုပ်တာနှေးလာပြီး
system ကို crash ဖြစ်စေနိုင်တာပါပဲ။ဒါကြောင့် မလိုအပ်တော့တဲ့ဖိုင်တွေကို အပါတ်စဉ်
ဒါမှမဟုတ် လစဉ် ရှင်းထုတ်ပြီးHard disk မှာ နေရာလွတ်ရှိအောင်ဖန်တီးထားသင့်ပါတယ်။
Temporary files တွေကိုပုံမှန်ရှင်းထားပေးရင်ကို နေရာလွတ်တော်တော်
များများရနိုင်မှာပါ။start>run>%temp% ဆိုရင် Temporary folder
ထဲရောက်သွားပါလိမ့်မယ်။ဖျက်သင့်တယ်ထင်တာ ဖျက်ပစ်ပေါ့ဗျာ။အများစုက…
software တစ်ခုတင်တဲ့အချိန်၊ အသုံးပြုတဲ့အချိန်မှာ ဖန်တီးထားတဲ့ဖိုင်တွေပါအတော်
များများဖျက်လို့ရပါတယ်။Recycle Bin
ကိုလည်းရှင်းဖို့မမေ့ပါနဲ့ဦး။အမှိုက်ပုံးသွန်ရတာ
အလုပ်ရှုပ်လွန်းလို့ ကျွန်တော်ဆို…ဘယ်တော့မှအမှိုက်ပုံးထဲကိုမပို့ဘူး……Shift+delete
နဲ့အပြီးရှင်းထုတ်လိုက်တာပဲ။
ဒါပေမယ့်မဖျက်ခင် အသေအချာစဉ်းစားဖို့တော့လိုတယ်လေ၊ နောင်တမရကြေးပေါ့ဗျာ
Hard disk နဲ့ပါတ်သတ်တဲ့ နောက်တစ်ခုက Hard disk မှာ errors တွေ၊
bad sectors တွေရှိမရှိအနည်းဆုံး တစ်လတစ်ခါလောက်တော့ scan လုပ်ပေးသင့်ပါတယ်။
Start>All programs>Accessories>System tools>Scan Disk ကိုသွားပြီး
လုပ်လို့ရပါတယ်။တခါတရံမှာ အဲဒီ Start Menu ထဲမှာ Scan Disk မပါဘဲ ဖြစ်နေတတ်ပါတယ်။
ဒီလိုဖြစ်နေပြီဆိုရင်တော့ Start>Run မှာ chkdsk
လို့ရိုက်ပေးလိုက်ပါ။MS-DOS ကနေ Scan
လုပ်ပေးပါလိမ့်မယ်။ဒီလိုမှမလုပ်ချင်ဘူးဆိုရင်လည်း ကိုယ်စစ်ချင်တဲ့ Hard
disk ရဲ့ Properties
ကိုခေါ်ပြီး Tools tab အောက်မှာ Error-checking ဆိုတဲ့ ခေါင်းစဉ်အောက်က Check Now
နဲ့စစ်လည်းဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ