မဂ္ဂဇင်းကိုလည်း ဘာသာနှစ်မျိုးနဲ့ ဖတ်နိုင်ပါတယ်။ (ဥပမာ ကိုယ့်ဘာသာစကားနဲ့
ရေးထားတဲ့ Newsweeks မဂ္ဂဇင်းနဲ့ အင်္ဂလိပ်လို ရေးထားတဲ့ Newsweeks
မဂ္ဂဇင်းကို ယှဉ်ဖတ်တာမျိုးဖြစ်ပါတယ်။) အဲဒါဆို နားလည်ဖို့
အများကြီးပိုပြီး လွယ်သွားမှာဖြစ်ပါတယ်။
၁၇။ အချိန်ပြည့် ရက်သတ္တပတ်တစ်ပတ် သင်တန်းတက်ပါ။ သင်တန်းတိုတိုလေးကို
တက်ပြီး သင်တန်း ပြီးဆုံးချိန်မှာ အင်္ဂလိပ်လို အများကြီး
ပိုကောင်းသွားတာမျိုးကို မျှော်လင့်လို့မရပေမယ့် သင်တန်းပြီးနောက်
ရက်ပိုင်း၊ လပိုင်းတွေမှာ ဆက်ပြီး လေ့လာလိုက်မယ်ဆိုရင် သင်တန်းကရခဲ့တဲ့
အသိပညာတွေ ပေါ်ထွက်လာပြီး အပြောနဲ့အကြား စတဲ့ ကျွမ်းကျင်မှုအဆင့်တွေ
သိသိသာသာ တိုးတက်လာနိုင်ပါတယ်။ သင်တန်းတစ်ခုကြောင့် ဖြစ်လာတဲ့
အကျိုးကျေးဇူးတွေဟာ သင်တန်းတက်ပြီး တစ်နှစ်လောက်အထိ ဆက်ပြီး
ပေါ်ပေါက်လာနိုင်ပါတယ်။
၁၈။ အချိန်ပြည့်သင်တန်းတက်ပြီးရင် အချိန်နည်းနည်းနဲ့ ကြာကြာတက်ရတဲ့
သင်တန်းမျိုးကို ဆက်တက်ပါ။ အင်္ဂလိပ်စာ လေ့လာဖို့ အချိန်ပေးနိုင်လေ
ကောင်းလေပါပဲ။ ဒါပေမယ့် အချိန်ပြည့် ပြင်းပြင်းထန်ထန် လေ့လာတဲ့
သင်တန်းတွေ တက်လိုက်၊ တစ်ပတ်ကို နာရီအနည်းငယ်သင်တဲ့ သင်တန်းတွေတက်လိုက်
တစ်လှည့်စီ သွားမယ်ဆိုရင် ကုန်ကျစရိတ်သက်သာပြီး အကျိုးလည်း
များနိုင်ပါတယ်။ အခြားစနစ်တွေထက် ပိုပြီးတော့ ကောင်းနိုင်ပါတယ်။
ဦးနှောက်က မသိစိတ်နဲ့ သင်ယူဖို့ အချိန်ရသွားပြီး သင်ယူခဲ့ပြီး ဘာသာစကား
အသုံးအနှုန်းတွေကို စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပြီးတဲ့နောက်မှ
ဘာသာစကား အသုံးအနှုန်းအသစ်တွေကို ဆက်ပြီးတော့ သင်သွားဖို့ဖြစ်ပါတယ်။
၁၉။ အများနဲ့တက်တဲ့ သင်တန်းအပြင် တစ်ယောက်ချင်းသင်တန်းလည်း တက်ပေးပါ။
အများနဲ့ တက်ရတဲ့ သင်တန်းနဲ့ တစ်ယောက်ချင်းသင်တန်းတွေကို ပေါင်းစပ်ပြီး
တက်တဲ့ နည်းလမ်းကလည်း ဘာသာစကား ကျွမ်းကျင်စေဖို့
နည်းလမ်းကောင်းတစ်ခုဖြစ်ပါသည်။ တစ်ယောက်ချင်းသင်တဲ့ ဆရာဆရာမ ရှိမယ်ဆိုရင်
တစ်လမှာ တစ်ကြိမ်နှစ်ကြိမ်ပဲဖြစ်ဖြစ် ကိုယ်လိုနေတဲ့ ဘာသာစကား
အသုံးအနှုန်းတွေကို အတိအကျ သင်ပေးနိုင်တဲ့အပြင် စကားပြောဖို့လည်း
အချိန်ပိုပြီး ရမှာဖြစ်ပါတယ်။ နောက်ပြီး လိုချင်သလောက်
အမှားပြင်စေနိုင်မှာဖြစ်ပါတယ်။
၂၀။ တစ်ယောက်ချင်းသင်နေတဲ့ သင်တန်းအပြင် အများနဲ့တက်ရတဲ့ သင်တန်းမှာလည်း
သွားတက်ပါ။ ကျောင်းသူကျောင်းသားတွေအနေနဲ့ အများနဲ့တက်ရတဲ့အတန်းမှာ
တက်လို့ ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို သိပ်ပြီး ရှင်းရှင်းလင်းလင်း
မသိကြဘူး။ တကယ်တော့ အဲဒီလိုသင်တန်းမှာမှ ၃-၄ ယောက် တစ်ချိန်တည်းမှာ
စကားပြောရင် ဘယ်လိုလုပ်ရမလဲဆိုတာကို တတ်မြောက်လာနိုင်ပါတယ်။ အခြားလူတွေ
ပြောနေတုန်း ကြားဖြတ်ပြောတာမျိုး ကျွမ်းကျင်မှုတွေ လေ့ကျင့်ဖို့
အခွင့်အလမ်း ရနိုင်ပါတယ်။ ရှုမြင်ပုံအမျိုးမျိုး၊
အကြောင်းအရာအမျိုးမျိုးကို ကြားရမှာဖြစ်ပါတယ်။
အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၄) -
Myanmar Network
http://www.myanmar-network.net/forum/topics/3423487:Topic:579776#ixzz1pRlGm2AL
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ