စာအုပ်ကိုဖတ်တဲ့အခါမှာ နားလည်လွယ်စေဖို့ အခြားနည်းလမ်းတစ်ခုကတော့ မူရင်း
အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတာ မဟုတ်ဘဲ အင်္ဂလိပ်လို ပြန်ဆိုထားတဲ့စာအုပ်ကို
ရွေးချယ်ဖတ်နိုင်ပါတယ်။ မူရင်းဘာသာက ကိုယ့်ရဲ့ ဘာသာစကား ဖြစ်လျှင်
ပိုပြီးကောင်းပါတယ်။ ကိုယ့်ဘာသာစကားနဲ့ရေးထားတဲ့ မူရင်းစာအုပ်ကို
မဖတ်ဘူးရင်တောင်မှ မူရင်းအင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့စာအုပ်ထက်
ပိုပြီးတော့ အရေးအသား နည်းနည်းရိုးရှင်းနေပြီး ကိုယ့်ဘာသာစကားနဲ့လည်း
ပိုပြီးတော့ ဆင်တူတာကို တွေ့ရမှာဖြစ်ပါတယ်။
၁၂။ ပထမစာမျက်နှာ ၁၀ မျက်နှာလောက်ကို ကျော်ဖတ်ပါ။ အင်္ဂလိပ်လို
ရေးထားတဲ့စာအုပ်ကို နားမလည်နိုင်လို့ လက်လျှော့လိုက်ရရင် ဒါမှမဟုတ်
ဖတ်ရတာ အရမ်းနှေးနေရင် ပထမ ၁၀ မျက်နှာ လောက်ကို အကြမ်းပဲ ဖတ်လိုက်ပါ။
ဒါမှမဟုတ် လုံးဝကျော်လိုက်ပါ။ စာအုပ်အများစုက အစမှာ သရုပ်ဖော်ချက်တွေသာ
အဓိက ပါဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့် စကားလုံးဝေါဟာရ ခက်ခဲပြီး
ဘာတွေဖြစ်နေတယ်ဆိုတာကို နားလည်သဘောပေါက်ဖို့ အထောက်အကူပြုမယ့်
ဇာတ်လမ်းဖြစ်စဉ် တွေလည်း ရှင်းရှင်းလင်းလင်း ရုပ်လုံး မပေါ်သေးဘူး။
ဇာတ်လမ်းသိမှ နောက်စာမျက်နှာကို ဆက်ဖတ်ဖို့ စိတ်အားထက်သန်မှာဖြစ်ပါတယ်။
အချို့ စာအုပ်တွေကတော့ နိဒါန်းပိုင်းကို ကျော်လိုက်ရင်တောင်မှ
ခက်လွန်းနေတာလည်း ရှိတတ်သေးတယ်။ အဲဒါဆိုရင် ယာယီအားဖြင့် အဲဒီစာအုပ်ကို
လက်လျှော့ထားပြီး အခြားပိုလွယ်တဲ့စာတွေ ဖတ်ပြီးမှပဲ
နောက်တစ်ကြိမ်ကြိုးစားပြီး ဖတ်ကြည့်ဖို့ ဖြစ်ပါတယ်။
၁၃။ စကားပြောခန်း အများကြီးပါတဲ့စာအုပ်ကို ဖတ်ပါ။ စာအုပ်တစ်အုပ်ကို
မ၀ယ်ခင် ဖွင့်ကြည့်ပြီး တိုက်ရိုက်စကားပြောခန်းတွေ အများအပြားပါတဲ့
စာအုပ်မျိုးကို ရှာဝယ်မယ်ဆိုရင် အကျိုးရှိနိုင်ပါတယ်။
စကားပြောခန်းဖြစ်ကြောင်း ပြတဲ့ လက်သည်းကွင်းတွေ အများအပြား
ပါနေတဲ့အတွက်ကြောင့် စာမျက်နှာပေါ်မှာ စာသား နည်းသွားတဲ့ အတွက်ကြောင့်လည်း
ဖတ်ရတာ ပိုလွယ် သွားနိုင်ပါတယ်။ အဓိပ္ပာယ်ပြန်ဆိုချက်တွေ အလွယ်တကူ
ရေးမှတ်ထားစရာလည်း နေရာရှိတာပေါ့။ စာအုပ်တစ်အုပ်မှာ
သရုပ်ဖော်ချက်အပိုင်းတွေထက် စကားပြောခန်းတွေက အများကြီးပိုပြီးတော့
နားလည်ရလွယ်နိုင်ပါတယ်။ အင်္ဂလိပ်စကားပြောတတ်ဖို့အတွက်
သင်ယူတတ်မြောက်ထားဖို့ လိုအပ်တဲ့ စကားအသုံးအနှုန်းတွေလည်း ပိုပြီး
ပါလာတတ်ပါတယ်။
၁၄။ အင်္ဂလိပ်လိုရေးထားတဲ့ ကာတွန်းတွေကိုဖတ်ပါ။ ကာတွန်းတွေက စကားပြောခန်း
အများကြီးပါတဲ့ စာအုပ်တွေထက်တောင် နားလည်ရ လွယ်နိုင်ပါတယ်။ တကယ်တမ်း
အင်္ဂလိပ်စကား ပြောတဲ့အတိုင်း Idiom တွေလည်း အများကြီး ပါပါတယ်။
ဗန်းစကားတွေကြောင့် ခက်ခဲတတ်ပေမယ့် နားလည်ဖို့ခက်တဲ့ ဟာသတွေ
အဲဒီအပြင်/ဒါမှမဟုတ် ပုံမှန်စာလုံးပေါင်းနဲ့ မရေးဘဲ အသံထွက်အတိုင်း
လိုက်ရေးထားတဲ့ စကားပြောခန်းတွေ ပါနေနိုင်ပါတယ်။ ဒါကြောင့် ဖတ်မယ့်
ကာတွန်းတွေကို ဂရုတစိုက်ရွေးချယ်ဖို့ ကြိုးစားပါ။ သာမန်အားဖြင့်
ရယ်စရာကာတွန်းတွေထက် အလေးအနက် ဒါမှမဟုတ် စွန့်စားခန်း ကာတွန်းတွေက
ပိုပြီးတော့ နားလည်ရလွယ်ပါတယ်။
၁၅။ အင်္ဂလိပ်ဘာသာစကားနဲ့ရေးသားထားတဲ့ ဖျော်ဖြေရေးလမ်းညွှန်တွေကို ဖတ်ပါ။
အခုခေတ်မှာ ကမ္ဘာပေါ်မှာ မြို့ကြီး အများစုအတွက်
အင်္ဂလိပ်ဘာသာစကားနဲ့ထုတ်ဝေတဲ့ မဂ္ဂဇင်း၊ အဲ့ဒီအပြင်/ဒါမှမဟုတ်
အင်တာနက်ပေါ်တင်ထားတဲ့ လမ်းညွှန်တွေ ရှိပါတယ်။ သက်ဆိုင်ရာ ရက်သတ္တပတ်အတွင်း
မြို့အတွင်းမှာ သွားကြည့်လို့ ရမယ့် ရုပ်ရှင်တွေ၊ ပြဇာတ်တွေ၊ ပြပွဲတွေကို
ဖော်ပြထားတာ ဖြစ်ပါတယ်။ အဲဒါကို အင်္ဂလိပ်လိုဖတ်မယ်ဆိုရင်
အကျိုးရှိရုံတင်မကပါဘူး အင်္ဂလိပ်စကားပြောသူတွေက ဘယ်လို နေရာမျိုးတွေကို
စိတ်ပါဝင်စားကြောင်း သိရှိပြီး အင်္ဂလိပ်လိုပြောတာကိုလည်း ကြားနိုင်မှာ
ဖြစ်ပါတယ်။
Link : http://www.myanmar-network.net/forum/topics/3423487:Topic:576504
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ