ခေါ်ဆိုခနှုန်းထားများအား မတ်လ ၁ရက် နေ့မှစတင်၍ လျော့ချပေးခဲ့ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
''မတ်လ ၁ရက်နေ့ကစပြီး ကြိုးဖုန်းကနေ ပြည်ပခေါ်ဆိုခနှုန်းထားတွေ
စလျော့ပေးခဲ့တာပါ။ ခေါ်ဆိုခတွေက သူ့နိုင်ငံအလိုက်သတ်မှတ်နှုန်း
ထားတွေအတိုင်း လျော့ပေးထားပါတယ်'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
ဝန်ဆောင်မှုများအား တရားဝင် ဖြေဆိုခွင့် ရရှိထားသည့် Call Center မှ
ပြောကြားသည်။
ယခုလက်ရှိပြောင်းလဲ ကောက်ခံမည့် နှုန်းထားများတွင် အာဆီယံနိုင်ငံများသို့
ခေါ်ဆိုခနှုန်းထားများမှာ တစ်မိနစ် ၁.၂ ဒေါ်လာနှင့် နောက်တိုး ၆စက္ကန့်လျှင်
ဝ.၁၂ဒေါ်လာ၊ အာရှတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိနိုင်ငံများသို့
ခေါ်ဆိုခ နှုန်းထားများမှာ တစ်မိနစ် ၁.၄ ဒေါ်လာနှင့် နောက်တိုး ၆
စက္ကန့်လျှင် ၀.၁၄ဒေါ်လာ၊ အာရှတိုက် အလယ်ပိုင်းရှိ နိုင်ငံများသို့ ခေါ်ဆိုခ
နှုန်းထားများမှာ ၁.၈ ဒေါ်လာနှင့် နောက်တိုး ၆ စက္ကန့်လျှင် ၀.၁၈ ဒေါ်လာ၊
ဥရောပတိုက်၊ အာဖရိကတိုက်၊ သြစတြေးလျတိုက်၊ အမေရိကတိုက် နိုင်ငံများသို့
ခေါ်ဆိုခနှုန်းထားများမှာ တစ်မိနစ် ၂.၄၀ ဒေါ်လာနှင့် နောက်တိုး ၆စက္ကန့်လျှင်
ဝ.၂၄ဒေါ်လာ စသဖြင့် သတ်မှတ်ထားပြီး ဂြိုဟ်တုဆက်ကြောင်းမှတဆင့်
ဖုန်းခေါ်ဆိုရသည့် နိုင်ငံအချို့သို့ ခေါ်ဆိုခနှုန်းထားများမှာ
တစ်မိနစ်လျှင် ၃.၅ ဒေါ်လာ မှ ၆.၉၅ ဒေါ်လာအတွင်း ကျသင့်မည်ဖြစ်သည်။
အဆိုပါ ကြိုးဖုန်းများမှ ပြည်ပနိုင်ငံများသို့
ဖုန်းခေါ်ဆိုခနှုန်းထားများမှာ မိုဘိုင်းဖုန်းများမှ ပြည်ပနိုင်ငံများသို့
ဖုန်းခေါ်ဆိုသည့်နှုန်းထားများထက် ဈေးပိုများကြောင်း သိရသည်။
အခြားသောစကားများ
မည်သည့် အတွက်ကြောင့် မြန်မာနိုင်ငံတော်တွင် ဆက်သွယ်ရေး၏ ဖုန်းကိစ္စသည်
ပြည်သူတွေကို အထောက်အကူ မပြုပဲ၊ ဝန်ထုတ်ဝန်ပိုးဖြစ်နေရတာလည်း ရှင်းပါ။
ထိုင်းနိုင်ငံတောင်မှ အာဆိယံ အတွင်း နိုင်ငံတွေကို ခေါ်လျှင် ၁ ဒေးလာတောင်
မရှိတာ၊ မြန်မာက ဘာလို့ ၁ဒေါ်လာ ကျော်နေရတာလည်း။
ဆိုလိုတာက၊ မြန်မာ့ ဆက်သွယ်ရေးက ထိုင်းကို မမှီဘူးဆိုတဲ့ သောလား။
အသုံးမကျဘူး ဆိုတဲ့ သဘောလား၊ ဒါမှ မဟုတ် ပြည်သူတွေ ဘာမှ လုပ်လို့
မရပါဘူး၊ ငါတို့ ပေးတဲ့ ဈေးနှုံးနှင့် ပြောရမှာပါ ဆိုပီး ဗိုလ်ကျတဲ့
သဘောလား။
တိုင်းပြည်ရဲ့ အခြေအနေတွေကြည့်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို အရင်ကထက်
ပိုပိုပြီး လေးစားကြည်ညိုမိတယ်ဗျာ
ကျုပ်တို့နိုင်ငံနဲ့လူမျိုးတွေကို ကျွန်ဘဝကလွတ်မြောက်အောင်
အသက်စွန့်ကြိုးပမ်းခဲ့တယ် ပြည်သူလူထုတစ်ရပ်လုံးကို
မှန်ကန်တဲ့လမ်းညွန်မှု့တွေ ရှင်းလင်းပြတ်သားစွာချပြခဲ့တယ်
လွတ်မြောက်လာမယ့် တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်စောင့်ရှောက်နိုင်ဖို့
တပ်မတော်ကို စည်းကမ်းတကျ ဦးဆောင်ဖွဲ့စည်းခဲ့တယ် တိုင်းရင်းသားတွေကို
ဦးဆောင်စည်းရုံးပြီး သွေးစည်းညီညွတ်စေခဲ့တယ်
အဲဒီလိုပြောင်မြောက်စွာ စွမ်းဆောင်ခဲ့တဲ့အချိန်က သူအသက် ၃၀
ဝန်းကျင်ပဲရှိပါသေးတယ် အာဏာငွေကြေးနဲ့ ဘာအခွင့်ထူးမှ
တိုင်းပြည်ကနေမယူခဲ့ဘူး သမိုင်းမှာရဲဝံ့စွာ မှတ်ကျောက်တင်နိုင်ခဲ့တယ်
အဲဒါကြောင့် ဗိုလ်ချုပ်ဟာ ယနေ့အချိန်အထိ ခင်ဗျားတို့
ကျုပ်တို့ရင်ထဲမှာရှိနေတာ စွဲမြဲနေတာဖြစ်တယ် နောင်လာမယ့်
မျိုးဆက်လူငယ်တွေ အားကျကြိုးစားလာအောင် သမိုင်းအမွေကိုဖေါ်ထုတ်
လက်ဆင့်ကမ်းကြရမယ် အခုပုဂ္ဂိုလ်ကြီးများ ခြိမ်းခြောက်ဟိန်းဟောက်ပြီး
မတရားအခွင့်ရေးတွေယူ တိုင်းပြည်ကရှိရှိသမျှတွေကို နည်းပေါင်းစုံနဲ့
လိမ်နေကြ ခိုးနေကြတာ အသက် ၆၀ ကျော်တဲ့အထိကို လောဘတွေ
မသတ်နိုင်ကြသေးဘူးဗျာ
နိုင်ငံတော်တော်များများ အာဖရိကကဆင်းရဲတဲ့နိုင်ငံတွေအပါအ၀င်
ဆက်သွယ်ရေးဟာအရေးကြီးကြောင်းသိကြတဲအလျောက် လွယ်အောင်လုပ်ပေးတယ်။
လိုင်းဖုန်းလား ဒီနေ့ ဖုန်းဆက်လိုက်မနက်ဖန်ဆို လာတတ်ပြီးသားပဲ
အင်တာနက်ကလည်း ပါသေးတယ်။ ကမ္ဘာမှာမြန်မာဟေ့လို
့မော်ကြွားချင်ပါတယ်ဆိုတဲ့ခင်ဗျားတို့ ကျုပ်တို့ ရဲ
့အမိနိုင်ငံတော်ကြီးဟာဖြင့် ဆက်သွယ်ရေး လား သူဌေးမှ လိုင်းဖုန်း
ဟန်းဖုန်းကိုင်နိုင်တယ်ဆိုပြီး တလွဲဂုဏ်ယူရတဲ့နိုင်ငံပါ ။ ပြောင်းပြောင်း
မြန်မြန်ပြောင်းမကောင်းတာတွေကို။ ပျက်အစဉ် ပြင်ခနဆိုပြီး
ဒီအတိုင်းပဲနေလာခဲ့ကြတာ ရာစုဝက်လဲာကျိုးရော နောက်ဆုံးမှာကျန်ခဲ့ပြီ။
ပြင်ကြပါဗျ မြန်နိုင်သမျှမြန်မြန်။ လွန်ခဲ့တဲ့ရာစုနှစ်ဝက်က ၃၂
သားလူငယ်တယောက်ပြောခဲ့တဲ့စကား သူများတွေကတလှမ်းလှမ်းယင် ကျုပ်တို
့ကလေးငါးဆယ်လှမ်းလှမ်းနိုင်မှ တော်ကာကျမယ် ဆိုတာ ခုထက်ထိမှန်နေတုံး။
ဒါကြောင့်လည်းဒီလူကိုအမျိုးသားခေါင်းဆောင်ကြီးဆိုပြီးခုထိချစ်နေကြတုံးလေးစားကြတုံးဖြစ်နေတာ။
အသက် ၆၀ ၇၀ ကျော်လူကြီးတွေ
အဲဒီလူပြောတာလေးတွေများဝေဖန်လေ့လာကြည့်ကြပါဗျာ။ တော်တော်ကိုရှက်ဖို
့ကောင်းနေပြီ။
ထိုင်းနိုင်ငံကြိုးဖုန်းများမှပြည်ပခေါ်ဆိုခနှုန်းထားအချို့ ကိုဗဟုသုတရ
စေရန်ဖော်ပြပေးလိုက်ပါသည်...
အမေရိကန်/ကနေဒါ......၀.၁ ဒေါ်လာ
ကိုရီးယား/ဂျပန်.........၀.၁၇ ဒေါ်လာ
ပြင်သစ်/ဂျာမဏီ/ဗြိတိန်....၀.၂၄ ဒေါ်လာ
မလေးရှား.............၀.၁၄ ဒေါ်လာ
အင်ဒိုနီးရှား/သြစတေးလျ...၀.၂၄ ဒေါ်လာ
(တမိနစ်ခေါ်ဆိုခနှုန်းဖြစ်ပါသည်..)
ဖုန်းဆိုတာ ဆက်သွယ်ရေးပစ္စည်းတစ်ခုပါဗျာ..။ ဇိမ်ခံပစ္စည်းမဟုတ်ပါဘူး။
နိုင်ငံကို တစ်ကယ်ချစ်ရင် တိုင်းရင်းသားတွေအားလုံး အဆင်ပြေစေမယ့်
လမ်းကြောင်းကိုပဲ လျှောက်စေချင်ပါတယ်။
ကုမ္ပဏီတွေ မတရားဝင်ငွေရှာတာကို ထောက်ခံပေးဖို့ မလိုပါါဘူး..။
--
Nann Nyunt Oo
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ