မအောင်ဖြူနဲ့ကိုယ်တို့တသိုက်

အများကပြောကြတယ် ဖျာလိပ်စောင့်နတ်မမှန်ဘူးတဲ့ သူများတွေတော့မသိဘူး ကျွန်မအတွက်ကတော့ သူက တိုင်ပင်ဖော်ပဲ၊ အရမ်းခင်ကြတယ် သိလာတာဆယ်ကျော်သက် မမကြီးတွေလုပ်ပြတာဝင်ပါကတည်းက ခု အပျိုကြီးလို့ခေါ်လို့ရတဲ့အရွယ်ထိပဲ ဟိဟိ ကြေငြာမဟုတ်ပါ၊ သူ့အကြောင်းပြောရရင် ကျောင်းတက်တုန်းက တက္ကသိုလ်တက်တုန်းက ကျူရှင်ခတွေ တော်တော်များများ သုံးပလိုက်မိသွားတယ် ကိုယ်က ပါမောက္ခတွေအထူးဝိုင်းတက်တာဆိုတော့ မနည်းမနောပဲ ထပ်လည်းမတောင်းရဲ ချေးတာဘာညာလည်း တခါမှမလုပ်ဖူး အဲ့ဒါနဲ့ ထပ်တောင်းရတော့မယ့်အခြေအနေမှာ ကြံမိကြံရာ အမေရှင်မအောင်ဖြူကိုခေါ်မေးတော့တာပဲ ငွေရအောင်လုပ်ပေးပါပေါ့ သူကလည်းဖြေတယ် လုပ်ပေးမယ်တဲ့ ဒါဆိုလည်း လုပ်ပေးပေါ့ ဘုရားမှာဘာညာလေးတွေပေါ့ လှူပေးမယ်လို့ ၊ အဲ့ဒါလေ မေးရင် မေးဖူးတဲ့သူသိတယ် သဘောတူရင်ဘယ်လိုလုပ်ပြပါပေါ့...ကိုယ်ပြောသလိုလေ သူကမလုပ်ပြဘူး သဘောမတူဘူးတဲ့... ဟာ အဲ့ဒါနဲ့ ဘာဖြစ်ချင်တာလည်းပေါ့ တမျိုးပြီးတမျိုး မေးတာ...အဲ့မှာနောက်ဆုံး သူစတေးးခံရတဲ့နယ်လား သူ့အပိုင်ရထားတဲ့နယ်လား ပဲခူးအကျော်မှာရှိတယ်တဲ့ အဲ့မှာ ဖျာလိပ်ရယ် အလှပြင်ပစ္စည်းတွေရယ် သွားလှူပေးရမယ်ပေါ့လေ ဖြစ်ကုန်တာ ကိုယ်တွေလည်း ပဲခူးအကျော်လောက်ဆိုတော့ မေးစမ်းသွားရင်သိမှာပါဆိုပြီး ဂတိပေးလိုက်တယ်၊ ဟဲဟဲ နှစ်လုံးလေ သိတယ်မလား အဲ့ဒါပဲအလွယ်ဆုံး ရှေ့ဂဏန်းဘယ်နှချက် နောက်ဂဏန်း ဘယ်နှချက်ရိုက်ပြပါ သုညဆိုရင်ဘယ်လိုလုပ်ပြပါပေါ့......အေးအေ 42 တဲ့....အိုခေလေ ဟုတ်သော်ရှိမဟုတ်သော်ရှိ.... မနက် 7500 ည 7500 တသောင်းခွဲပေးပြီး တခါတည်း ထိုးခိုင်းလိုက်တယ် ..မနက်ထွက်ဘူးတော် .... အမလေး ညနေအဲ့ဂဏန်းတဲ့ ကိုယ်တွေကျူရှင်ကလည်းပြန်လာရောလေ....သယ်ရင်းတွေဆိုတာလေ တယောက်မျက်နှာတယောက်ကြည့်ပြီးတော့...ဟာဟင်ကနဲကိုဖြစ်တာ....ဟာ သဇင်ရေပေါက်ပြီဟေးးဆိုပြီးလေ ..7500ဖိုးနဲ့လားးးး...တခြားသယ်ရင်းတွေ1000 ဖိုး 1500ဖိုး 500 ဖိုး ပေါက်တဲ့သူတွေလည်းပါတယ် ...အမလေး တသက်နဲ့တကိုယ် အလောင်းအစားမလုပ်ဖူးဘူး ထိုးလည်းမထိုးဘူး အဲ့နှစ်လုံး သုံးလုံး တကယ် တကယ်...ကြံရာမရလို့သာလုပ်ရတာ... အဲ့ဒါနဲ့သယ်ရင်းတွေက ကဲသူကတော့တာဝန်ကျေပြီတဲ့ ငါတို့ဒိုးကြမယ်ဆိုပြီး သယ်ရင်း 3 ယောက် အဝေးပြေးသွားပြီး တွေ့ ရာကားတက်စီးတာပဲ ရန်ကုန် _မန်းကား ပဲခူးကျော်တော့ကြည့်တာပေါ့ လမ်းဘေးတွေကို သူကပြောထားတာက လမ်းဘေးမှာကိုရှိတယ်ပေါ့ လူကြီးတချို့ကိုမေးကြည့်တာလည်း သိသာတယ်ပေါ့ ဖျာလိပ်တွေထောင်ထားတယ်ပေါ့လေ သူတို့လည်းမရောက်ဖူးဘဲနဲ့လေ အဲ့ဒါနဲ့ကားပေါ်ပါလာတဲ့လူတွေကိုမေးတော့လည်း မသိဘူးဆိုတာချည်းပဲ ပုံတွေကသာအလန်းဝတ်ထားတာ ဖျာလိပ်တွေရော သူ့အတွက်ဝယ်လာတဲ့ တိုလီမိုလီခြင်းတောင်းတွေရောဘာတွေရော လူကြီးတွေကလည်း ဘာလုပ်မလို့မေးတာလည်းပေါ့ အဲ့ဒါနဲ့ပြောပြတော့ ဟာတဲ့ မမြင်မိဘူးတဲ့ အဲ့လိုမကြားမိဘူးတဲ့၊ ကိုယ်တွေကတော့ဒီထိရောက်နေပြီ ဆက်လိုက်ရင် မန်းလေးရောက်တော့မယ်ပေါ့ ဆိုပြီး ဆင်းကြတာ ဘယ်ရောက်မှန်းလည်းမသိဘူး လယ်ကွက်တွေရော မြို့လိုလိုရှိတဲ့နေရာမှာဆင်းပြီးမေး နတ်စင် နတ်ကွန်းတွေတော့ရှိတယ် အဲ့ဖျာလိပ်နတ်စင်ကိုမတွေ့ တာ အဲ့ဒါနဲ့ ငါတို့လမ်းများလွဲသလားမသိဘူးလို့ ဘာဆက်လုပ်ကြမလည်းတိုင်ပင်ကြတယ် အဆောင်ကလည်းပြန်ရမယ်လေအစောကြီးထွက်လာကြတာ နေ့လည်တောင်ရောက်နေပြီ....... ပြန်မေးမယ်ဟာ နောက်မှထပ်လာမယ်ဆိုပြီး တွေ့ ရာကားတက်စီးပြန်ကြတယ်.... ကိုယ်က အဓိကလူလေ ကိုယ်ကတိတည်ချင်တယ် စိတ်ထဲမှာလည်း ကားစီးနေရင်း ပြောလိုက်တယ် သမီးတို့ လမ်းမှားနေရင် ကားပျက်အောင်လုပ်ပြပါလို့ သိလား တကယ်ဆုတောင်းတာနော် သမီးတို့လာတာသိတယ်ဆိုရင် သမီးတို့ကိုလိုက်ကြည့်နေတယ်ဆိုရင် တကယ်လည်းသိတယ်ဆိုရင် ကားပျက်အောင်လုပ်ပေးပါလို့ ...........ကားဘီးပေါက်သွားတယ်....ကားကအကြီးကြီးလေ...ကားနောက်တစီးပြောင်းစီးတယ် မြန်မြန်ပြန်ချင်နေကြပြီလေ....လာတုန်းကသာအလင်းရောင်နဲ့မှောင်တော့ကြောက်လာကြပြီ ဘယ်ရောက်လို့ရောက်မှန်းမသိဆိုတော့....ကိုယ်ကမကျေနပ်ဘူး ထပ်စီးတဲ့ကား ထပ်ပျက်အောင်လုပ်ပေးပါစိတ်ထဲကထပ်ပြောတယ်....ဒီတခါက ကားကရပ်သွားတာ ဘာလို့လည်းတော့မသိ ပျက်တယ်ပေါ့နော်...ကားဆရာတွေပြင်နေတုန်းမှာ အဲ့တုန်းကတော့ မှော်ဘီလားဘာလား ရောက်နေတော့ ကားသေးလေးတွေစီးပြီး ပြန်လာကြတယ် .....အဆောင်ကို ည 10 နာရီမှရောက်တယ်... အဆောင်မှုးကလည်း သိတော့သိတယ် သူလည်း 500 ဖိုးပေါက်ထားတာဆိုတော့ မဆူဘူး ဒါပေမယ့် ကိုယ်တွေက ဖျာလိပ်တွေနဲ့သွားတုန်းကအတိုင်းပြန်ရောက်လာကြတာလေ...အဲ့တော့ မနက်ကျတော့ ထပ်မေးရတယ်.....ဒီတခါကျတော့ကိုယ်တွေရဲတင်းသွားတယ် ....လူထဲကိုဝင်ပူးခိုင်းမယ်လို့......မအောင်ဖြူသူ့ကိုပဲရွေးခိုင်းလိုက်တယ်.......ဖျာလိပ်ကြီးက ပုတ်ပုတ်ပြတာက တကယ့်ကို အအေးဆုံး သယ်ရင်း သူနဲ့မတည့်တဲ့သူဘယ်သူမှမရှိဘူး အေးချမ်းသည်းခံအဲ့လိုမိန်းခလေး ပြောရရင်ကွာ ဒီအဖွဲ့ သားတွေပြောပြောနေတဲ့ လိပ်ပြာလှတဲ့သူမျိုးဖြစ်ဖို့များတယ်....ကိုယ့်ကိုဝင်ပူးလို့မရဘူးဆိုတာ သိပြီးသား..နောက်ကြုံမှ နတ်ကနားတွေမှာဝင်ကဲတုန်းက ဘယ်နတ်မှဝင်လို့မရပဲ ကျွေးတာတွေပဲ ၀င်ကြိတ်ခဲ့တာ ပြောပြရဦးမယ် ..ဟိဟိ အဲ့ဒါနဲ့ဖျာလိပ်နဲ့သယ်ရင်းကိုထိခိုင်ြး့ပီး ၀င်ပါဘာညာပေါ့ ပုတ်တာလေ တဘုတ်ဘုတ်နဲ့သိလား ထိန်းလို့တောင်မနိုင်ချင်ဘူးပြီးတော့ငြိမ်ကျသွားရော...သယ်ရင်းချီထားတဲ့ လက်အုပ်ချီရက်လေးပျောက်သွားပြီးလေ..ခေါင်းလေးငုံ့နေတာ အရမ်းသိမ်မွေ့ တယ် မပြောပြတက်ဘူး သယ်ရင်းပုံစံပျောက်သွားပြီး တကယ့်ကိုနူးညံ့သိမ်မွေ့ တဲ့ အမျိုးသမီးပုံဖြစ်သွားတယ်...ဒါနဲ့ စကားပြောရအောင်အမေလို့ပြောတော့ မပြောဘူး..ဟာအဲ့ဒါနဲ့လေ စကားပြောလို့မရလို့လားအမေရယ်လို့ ပြောတော့ ခေါင်းညိတ်ပြတယ်...သနားလိုက်တာလေ အမေလို့ခေါ်တယ်ဆိုတာက သူ့ကိုလေးစားတဲ့အနေနဲ့ပါ...ဒါဆိုရင် ပြုံးပြပါဆိုတော့ ပြုံးပြရှာတယ် ..သူ့အပြုံး..အဲ့သူ့အပြုံးကို ဒီနေ့ထိမမေ့သေးဘူး အရမ်းသိမ်မွေ့ တယ် ကိုယ်သယ်ရင်းအပြုံးနဲ့တခြားစီ..တကယ့်ကိုနှစ်နှစ်ခြိုက်ခြိုက်နဲ့ တဖြည်းဖြည်းခြင်းပြုံးတာ...အရမ်းသိမ့်မွေ့ တယ် လက်ကလေးနှစ်ဘက်ကိုလည်းယှက်ထားတာ ပြောရရင် ရှေးဘုရင်ကားတွေထဲက မိဖုရားတွေထိုင်သလိုမျိုးဒါနဲ့ ကျွှဲရိုင်းသောက်ပါဆိုပြီးကိုယ်ကတိုက်တယ် သောက်ချင်းချင်းပဲ ရှုံ့မဲ့သွားတာလေ သိလား ဟာ သယ်ရင်းတယောက်က အမေမကြိုက်ဘူးလားဆိုတော့ ခေါင်းညိတ်ပြတယ် သူတို့ခေတ်ကမပေါ်သေးတော့ မသောက်တက်ဘူးထင်တယ် အဲ့ဒါနဲ့ရေတိုက်တော့ အများကြီးသောက်တယ်....ကိုယ်လည်းပြောတာပေါ့ အမေသမီးတို့လာတာသိတယ်မလား သမီးတို့တကယ်လာပါတယ်အမေရယ် ဆိုတော့သူသိတယ်တဲ့ အဲ့ဒါ သမီးတို့ ရှာတာလည်းမတွေ့ ဘူးလို့ လမ်းလွဲတာလားဆိုတော့ ခေါင်းညိတ်ပြတယ်...ထပ်ရှာမယ်ဆိုလည်းအချိန်ရော နေရာကလည်းအတိအကျမသိတော့ ရှာရတာခက်လို့ပါလို့ အဲ့ဒါ အမေ့အတွက်နန်းလိုမျိုးထားတဲ့ ဘုရားတွေ ရန်ကုန်မှာရှိတယ်လို့ အဲ့ကိုပဲသွားလှူခွင့်ပြုပါ အမေရယ်ဆိုတော့ ခေါင်းညိတ်ပြတယ်...သူကလေခေါင်းကိုငုံ့ပြီး တုန်နေသလိုလေးဆိုတော့လေ အမေပူလို့လား ဖျာထဲပြန်ဝင်ချင်လို့လားဆိုတော့ ခေါင်းညိတ်ပြတယ် အဲ့ဒါနဲ့ဖျာထဲပြန်ဝင်ပါဆိုပြီး သူ့ကို လက်အုပ်ပြန်ချီခိုင်းပြီး ၀င်ခိုင်းရတယ်၊ အဲ့တော့မှပဲ ၀င်ပူးခံရတဲ့သယ်ရင်းလည်း ပြန်အသိဝင်လာတယ် သူ့မေးတော့ သူ့လက်တွေအရမ်းတုန်လာတာပဲသူသိတယ်တဲ့ ကျန်တာသူမသိဘူးတဲ့ သယ်ရင်းမလေးက တကယ့်အရိုးခံလေး နတ်ဝင်သည်လည်းမဟုတ်ဘူး...ဒါနဲ့ပဲ ဖျာလိပ်နတ်ကိုပြန်ထုတ်...မြောက်ဥက္ကလာဘက်က သူ့နန်းထားပေးတဲ့ဘုရားတခုမှာ သူ့အတွက်ဝယ်ထားတာတွေသွားလှူပေး ပြီးတော့ အမျှဝေဘာညာလုပ်....နောက်ပိုင်းတော့ အဲ့လိုဝင်ပူးတဲ့အထိမလုပ်ဖြစ်ပေမယ့် အမြဲလိုလိုမေးဖြစ်ပါတယ်.........ဟိုလိုငွေအတွက်သူကိုအသုံးချသလိုမျိုးတော့ ထပ်မလုပ်တော့ဘူး ...ဘာပဲဖြစ်ဖြစ်မကောင်းဘူးလေ..

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ