အ.ထ.က အင်းတကော် ကျောင်းအုပ်လုပ်စားပုံလေး သိစေရန်

ပဲခူးတိုင်းဒေသကြီး အ.ထ.က အင်းတကော် ကျောင်းအုပ် ဒေါ်ခင်ဝင်းရီ၏ အချင်းချင်းကို လုပ်စားပုံလေး သိစေရန် ဝေမျှပေးလိုက်ပါသည်။

8.10.2013 နေ့ မနက်က ပဲခူးက ကျောင်းအုပ်တွေ စုပေါင်းပြီး ရန်ကုန်ကို တက္ကသိုလ်ဝင်တန်း Form တင်ရန် အတွက် ထွက်လာကြပါတယ်..။ အ.ထ.က အင်းတကော်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းရီ ဆိုသူက ကျောင်းအုပ်အားလုံးကို သူ့ကျောင်းမှာ မနက် (၈)နာရီ ဆုံရပ်ထားရန် ကြိုပြောကြားခဲ့ပါတယ်..။

ပဲခူးမှ ကျောင်းအုပ်များက ဆုံရပ်ကိုရောက်တော့ အဆိုပါ ကျောင်းအုပ်ပိုင်ကားလေးနဲ့ ရန်ကုန်ကို ထွက်လာကြပါတယ်။ တင်သင့်သော တက္ကသိုင်ဝင်တန်း Form စာရင်းများတင်ပြီး ပြန်ကြပါတယ်..။

နောက်တစ်နေ့ မနက် (ယနေ့-10.9.2013) ကိုရောက်တော့ ခေါ်တုန်းက သဘောကောင်းသလိုလိုနဲ့ ကားခ ဆိုပြီး တစ်ဦးလျှင် ကျပ် ၁၀၀၀၀ စီ အဆိုပါ ကျောင်းအုပ်မှ တောင်းဆိုပါတယ်..။ စီးနင်းလိုက်ပါရသော အခါ တွင်လည်း ကားသေးသေးလေးထဲမှာ ကြပ်ညှပ်ပြီး စီးသွားရတာပါ။

အမှန်တစ်ကယ် ကားစီးလုံးငှားသွားရင်တောင် အင်းတကော်နဲ့ ရန်ကုန် ( ဇွဲကပင် ) အမှတ်စာရင်း ထုတ်တဲ့ နေရာကို ကျပ် ၄၀၀၀၀ ထပ်တော့ မပိုပါဘူး..။ ပြီးတော့ သူ၏ကိုယ်ပိုင်ကားနဲ့ ဖြစ်ပါတယ်..။ ယခုလို ခေါ်တုန်း က ကောင်းမိကောင်းရဲ့ ခေါ်သွားပြီးတော့မှ အခုလို လုပ်တာတော့ ကျောင်းအုပ်ဆရာမတစ်ယောက်၏ လူလည် ကျမှုတစ်ခု ဖြစ်ပါတယ်..။

ရန်ကုန်-ပဲခူး လိုင်းကားစီလျှင် သက်သောင့်သက်သာနဲ့ တစ်ဦးလျှင် ကျပ် ၁၀၀၀ သာ ပေးရလေ့ရှိပါသည်။ ပညာရေးဝန်ထမ်းများ လုပ်ငန်းတာဝန်နှင့် သွားလျှင် တစ်ဝက်ခပဲ အမြဲတမ်းယူလေ့ရှိပါသည်။ ထို့ပြင် ပဲခူးကား ဂိတ်ဆုံး စော်ဘွားကြီးကုန်းမှ ရန်ကုန် ICT အနီးရှိ အမှတ်စာရင်းထုတ်ယူရာ ဇွဲကပင်ဆောင်ကို ကားငှား သွားလျှင် ကျပ် ၂၅၀၀ အပြင် ပိုပေးရလေ့ မရှိပါ။

ပညာရေးလောကတွင် ကျောင်းအုပ်တစ်ဦးသည် ယခုကဲ့သို့ အချင်းချင်းပင်လျှင် လုပ်တက်ပါလျှင် အဆိုပါ အ.ထ.က. အင်းတကော်ရှိ ကျောင်းသားများ၏ ပညာရေး နှင့် ကျောင်းသားမိဘများ၏ ရှေ့ရေး ရင်လေးမိပါသည်။

မြန်မာပြည်ပညာရေးအခြေအနေက ကြာလေ ဆိုးရွားလေ ဖြစ်နေသည်ကို တွေ့ကြုံခဲ့သူ ကျောင်းအုပ်တစ်ဦး၏ ပြောစကားအရ ယနေ့မနက်က ကြားသိလိုက်ရပါကြောင်း ဝေမျှအပ်ပါသည်။

Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ