တွစ်တာ/Twitter ၀က်ဆိုက် ဟက်ကာတို့၏လက်ချက်မိ

ဟက်ကာတို့၏ တိုက်ခိုက်ခြင်း ခံရသည့် အထင်ကရ ၀က်ဆိုက် အများအပြား ရှိရာ
ယခု နောက်ဆုံး ခံလိုက်ရသည့်ဆိုက်မှာ တွစ်တာ/Twitter ဖြစ်သည်။

အဟက်ခံရသောကြောင့် အကောင့် နှစ်သိန်းခွဲ၏ အချက်အလက်များ
ပါသွားဖွယ်ရှိသည်ဟု သောကြာနေ့ နေ့လယ်ပိုင်းက တွစ်တာ၏ ဘလော့စာမျက်နှာ
blog.twitter.com တွင် ရေးသားထားသည်ကို ဖတ်ရှုလိုက်ရသည်။

အဟက်ခံရသည့် လက္ခဏာကို ပြီးခဲ့သော ရက်အနည်းငယ်ခန့်က တွေ့ရကြောင်း၊ လိုက်လံ
စုံစမ်း စစ်ဆေး ဆောင်ရွက်ရာမှာ ယခုကဲ့သို့ ကြီးကြီးမားမား ခံလိုက်ရသည်ကို
တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

"ပုံမှန်မဟုတ်တာတွေကို ခြေရာခဲ့မိတဲ့အတွက် တွစ်တာ အသုံးပြုသူများရဲ့
အချက်အလက်တွေကို အခွင့်မရှိဘဲ ၀င်ရောက်ထိတွေ့တာနဲ့ ပတ်သက်ပြီး
ဒီတစ်ပတ်ထဲမှာ စုံစမ်းခဲ့ပါတယ်၊ စုံစမ်းနေတုန်းမှာပဲ ဟက်နေတဲ့
ဖြစ်စဉ်တခုကို တွေ့ရတဲ့အတွက် အဲဒါကို ဟန့်တားနိုင်ခဲ့ပါတယ်"

ဟု တွစ်တာ၏ သတင်းလုံခြုံရေးဌာန ညွှန်မှူး Bob Lord ၏ ပြောဆိုချက်ကို
တွစ်တာဘလော့ ထုတ်ပြန်ချက်တွင် ရေးထားသည်။

"ယခု တိုက်ခိုက်မှုတွေဟာ အပျော်တမ်းသမားတို့ရဲ့လက်ချက် မဟုတ်ပါဘူး …
ဒီဟက်ကာတွေက (ခြေရာခံရတာ) အင်မတန် ရှုပ်ထွေး က်ခဲပါတယ်။ တခြား ကုမဏီတွေ၊
အဖွဲ့အစည်းတွေလည်း မကြာသေးခင်က ဒီလိုပဲ အတိုက်ခိုက်ခံခဲ့ရတယ်လို့
ကျွန်တော်တို့ ယူဆပါတယ်" ဟု သူက ဆက်လက် ပြောပြသည်။

ဟက်ကာတို့ထိတွေ့ခွင့်ရခဲ့သည့် အကောင့် နှစ်သိန်းခွဲ၏ password
လုံခြုံရေးအတွက် ဆောင်ရွက်နေသည်ဟု တွစ်တာက ဆိုသည်။
ထိုနှစ်သိန်းခွဲထံသို့ password အပြောင်းအလဲလုပ်ရန် စာပို့ပြီးဖြစ်သည်ဟု
ဆိုသည်။

သို့သော်လည်း မည်သို့မည်ပုံ တိုက်ခိုက်ခံခဲ့ရသည်ကို အသေးစိတ် ဖော်ပြခြင်း
မပြုပါ။ တွစ်တာကို အသုံးပြုသူ အရေအတွက်မှာ သန်း ၂ဝဝ ရှိသည်ဟု သိရသည်။

မကြာသေးခင်ကလည်း ထင်ရှားသည့် စာနယ်ဇင်းများဖြစ်သည့် New York Times နှင့်
Wall Street Journal တို့လည်း တိုက်ခိုက်ခံခဲ့ရသည်။ တရုတ်သမတ
ဝမ်ကြားပေါင်ကို ဝေဖန်ရေးသားမှုကြောင့် တရုတ်ဟက်ကာတို့က
တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆနေကြသည်။

တွစ်တာက အသုံးပြုသူတို့ကို အကြံပြုထားသည်မှာ စာလုံး၊ နံပတ်၊ သင်္ကေတတို့
ပါဝင်သည့် password မျိုး အသုံးပြုရန် ဟူ၍ ဖြစ်သည်။

http://moemaka.com/?p=31780



Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ