မြန်မာအတွက် ပထဝီနိုင်ငံရေးကစားပွဲတစ်ရပ်ဖြစ်လာမယ့် တရုတ်-မြန်မာရေနံဓါတ်ငွေ့ ပိုက်လိုင်း (ကိုသွင်)

အခုလာမယ့် မေလမှာဆို အရေးကြီးတဲ့ကိစ္စတစ်ခုဟာ တရုတ်ပြည်ရဲ
့ပထဝီဝင်အနေအထားကို ထူးခြားမှုတစ်ခုခု ဖြစ်စေပါတော့မယ်။ ကမ္ဘာ့
တိုက်ကြီးတစ်ခုစာပမာဏရှိတဲ့ တရုတ်ပြည်ဟာ ၎င်းရဲ့စီးပွားရေး ဖွံ
့ဖြိုးတိုးတက်မှုကို နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းမြို့တွေမှာ အခြေ
စိုက် ဖေါ်ဆောင်လာခဲ့ရာမှ နိုင်ငံရဲ့ မြောက်ဘက်ကို အခြေချပါတော့မယ်။
အရှည်အားဖြင့် ကီလိုမီတာ ၈၀၀ ရှည်တဲ့ တရုတ်-မြန်မာ ရေနံနဲ့ ဓါတ်ငွေ့
ပိုက် လိုင်းဟာ တရုတ်ပြည်ရဲ့ အနောက် ဘက်ပိုင်း ယူနန်ပြည်နယ်
မြို့တော်ကူမင်းကို မြန်မာမှတဆင့် ဘင်္ဂလားပင်လယ်အော်အထိ သွယ်တန်းကာ
တည်ရှိလာတော့မယ်ဖြစ်ပါတယ်။ နောက်နှစ်ဆိုရင်တော့ ဓါတ်ငွေ့ 
ပိုက်လိုင်းအပြင် ရေနံပိုက်လိုင်းကလည်း အဲဒီလမ်း ကြောင်းအတိုင်း
စတင်ဖွင့်လှစ်ပြီး ရေနံတွေ ပို့ လွှတ်ပါတော့မယ်။ ပိုက်လိုင်းတွေနဲ့အတူ
ကားလမ်းနဲ့ ရထားလမ်းတွေကလည်း လိုက်လာပါ တော့မယ်။

တရုတ်ဟာ ပထဝီအနေအထားအရ အမေရိကန်လို တစ်ဖက်စီမှာ ပစိဖိတ်နဲ့ အတ္တလန်တိတ်
သမုဒ္ဒရာတွေ တည်ရှိနေပြီး ပင်လယ်ထွက် ပေါက် အတွက် ပူစရာမရှိတဲ့
အနေအထားမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ တရုတ်ဟာ
နောက်ထပ်အကောင်းဆုံးတစ်ခုလို့ ဆိုရမယ့် ပင်လယ်ထွက်ပေါက်တစ်ခုကို
မြန်မာထံမှ ရရှိတော့မှာ ဖြစ်ပါတယ်။ မြန်မာ့အရေးကျွမ်းကျင်သူ ဖြစ်ပြီး
မြန်မာ အစိုးရရဲ့ အကြံပေးတစ်ဦးလည်း ဖြစ်သူ ဦးသန့်မြင့်ဦး ကတော့
"တရုတ်မှာ ချို့တဲ့နေတာကတော့ သူ့ကိုယ်ပိုင် ကာလီဖိုးနီးယားပဲ ဖြစ်ပါတယ်။
အဲဒါက နောက်ထပ်ပင်လယ် ကမ်းရိုးတန်း တစ်ခုဖြစ်ပြီး ဟိုးအတွင်းပိုင်းက
ဝေးလံခေါင်ဖျားတဲ့ ပြည်နယ်တွေဆီကို ကုန်စည်ဆက်သွယ် ပို့ဆောင်နိုင်ဖို့ပါ"
လို့ ပြောပါ တယ်။

မြန်မာရဲ့ ပထဝီနိုင်ငံရေးအရ ထူးခြားစွာတည်ရှိမှုကို ၎င်း၏ Where China Meet
India စာအုပ်တွင် ရေး သားဖေါ်ပြခဲ့သော ဦးသန့် မြင့်ဦးက တရုတ်-မြန်မာ
ရေနံ၊ဓါတ်ငွေ့ ပိုက်လိုင်းဟာ ပေကျင်းရဲ့ "ပင်လယ်နှစ်ခုပေါ်လစီ" မှာ
မှတ်တိုင်တစ်ခုဖြစ်ကြောင်း ဆိုပါတယ်။ ထို့
အတူပင် သြဇာကြီးမားတဲ့ ပညာရှင်၊ စာရေးဆရာ ရောဘတ်ကတ်ပလန်က ကမ္ဘာကြီးရဲ့
တတိယအကြီးဆုံးရေပြင်ဖြစ်သော အိန္ဒိယ သမုဒ္ဒရာ တွင် တည်ရှိရေးတရုတ် တို
့စွမ်းဆောင်မှသာ ယင်းအချက်က တရုတ်တို့ ကမ္ဘာ့အင်အားကြီး
စစ်အင်အားနိုင်ငံဖြစ်လာမည်လား၊ သို့မဟုတ် ပစိဖိတ်သမုဒ္ဒရာနဲ့သာ ထိတွေ
့နေရသည့် ဒေသတွင်းအင်အားကြီးနိုင်ငံ အဆင့်ဖြင့်သာ ရှိနေမလားဆိုတာကို
ဆုံးဖြတ်လိမ့်မယ်လို့ ပြောထား ပါတယ်။ ကတ်ပလန်က ၎င်းရဲ့ခန့်မှန်းမှုကို
နိုင်ငံခြားရေးရာမဂ္ဂဇင်းကြီး Foreign Affairs မှာ စိတ်ဝင်စားစရာ
ဆောင်းပါး အမည်နှစ်ဆယ့်တစ် ရာစုအတွက် ဗဟိုချက်နေရာ-အိန္ဒိယသမုဒ္ဒရာထဲမှာ
ကစားရမယ့်ပါဝါ "Center Stage for the 21st Century: Power Plays in the
Indian Ocean " ဖြင့်ရေးသားခဲ့ခြင်းဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ ကြာအောင်ပဲ အနောက်တိုင်းဟာ မြန်မာကို
လူ့အခွင့်အရေး၊ဒီမိုကရေစီ ရှုထောင့်များကသာ ကြည့်ခဲ့တာ ပါ။ဒီဇာတ်လမ်း
ထဲမှာ အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်စနစ်ကနေ တိုင်းပြည်ကို ကယ်တင်ဖို
့ရုန်းကန်နေခဲ့တာ ပါဝင်ခဲ့ပါတယ်။ ဒါကလည်း လူဦးရေ သန်း ခြောက်ဆယ်
ပမာဏရှိတဲ့မြန်မာပြည်အတွက် အထူးအရေးကြီးတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ဒါပေမယ့်
ဒီလိုကိစ္စကြီးက နောက်ထပ် အရေးပါတဲ့ အချက်တစ်ချက်ဖြစ်တဲ့ အာရှရဲ့
မဟာဗျူဟာအမြောက်ဆုံး နိုင်ငံတွေထဲကတစ်ခုကို အလုအယက်
ဖြစ်နေကြတဲ့ပွဲကြီးကို အမြင်မှုန်ဝါးအောင် လုပ်ထားပါတော့တယ်။

တရုတ်နဲ့ အိန္ဒိယသမုဒ္ဒရာတို့ကို ချိတ်ဆက်ပေးထားတဲ့ဒီပိုက်လိုင်းဟာ ဘယ်လို
ဖြစ်ပေါ်လာခဲ့သလဲ ဆိုတာသတိရသင့်ပါတယ်။ ၁၉၉၀နှစ် များ အတွင်းမှာပဲ
မြန်မာဟာပြင်သစ်တိုတယ် ရေနံကုမ္ပဏီက တည်ဆောက်ပေးတဲ့ ပိုက်လိုင်းကတဆင့်
ထိုင်းဆီကို ၎င်းရဲ့ကမ်းလွန်ဓါတ်ငွေ့ တွေကို စတင်ပေးပို့ခဲ့ပါတယ်။
အဲဒီတုန်းက အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ တရုတ်တို့ဟာ နောက်ထပ် ပိုကြီးတဲ့
လုပ်ကွက်တစ်ခုကိုလည်းထပ်ရ ခဲ့ပါသေးတယ်။ ၂၀၀၆ မှာတော့ ပေကျင်းဟာ ကုလ
လုံခြုံရေးကောင်စီမှာ မြန်မာရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို
ရှုတ်ချကြောင်း ဆုံး ဖြတ်ချက်ကို ဗီတိုအာဏာသုံးပယ်ချခဲ့ပါတယ်။ ဒီနောက်
အချိန်တိုလေးအတွင်းမှာပဲ ယူနန်ပိုက်လိုင်းစာချုပ်ကို တရုတ်တို့
ရရှိသွားပါ တော့တယ်။အခုလို အိန္ဒိယသမုဒ္ဒရာဆီ မြန်မာကို ဖြတ်လို့
လမ်းပေါက်သွားတာဟာ အခုရာထူးကအနားယူတော့မယ် သမ္မတ ဟူကျင်တောင်ပြောတဲ့
"တရုတ်ရဲ့  မာလက္ကာရေလက်ကြား ပြဿနာ" ကိုဖြေရှင်းဖို့ စတင်နိုင်ခဲ့တာပဲ
ဖြစ်ပါတော့တယ်။ တရုတ်ဟာ ၎င်းတင်သွင်းသမျှ ရေနံ စုစု ပေါင်းရဲ့ ၈၀
ရာခိုင်နှုန်းကို အခုအချိန်ထိ အမေရိကန်ရေတပ်က ထိန်းချုပ်နိုင်စွမ်းရှိတဲ့
မလေးရှားနဲ့ ဆူမတြားကျွန်းတို့ကြားက ကျဉ်းမြောင်းတဲ့ အဲဒီ
ရေလက်ကြားလေးကို အသုံးပြုနေရတာပါ ။ဒါ့ကြောင့် သူ့အတွက်အန္တရာယ်ရှိတဲ့
ဒီလမ်းကြောင်း လေးကို ရှောင်လွှဲချင်နေတာသဘာဝ ကျပါတယ်။ အခု
မြန်မာကဖြတ်မယ့် ပိုက်လိုင်းသစ်ကတော့ တရုတ်တို့ အရှေ့အလယ်ပိုင်းက
သင်္ဘောနဲ့ သယ်လာတဲ့ရေနံတွေကို ရခိုင်ကမ်း လွန်ကနေ မြန်မာကိုဖြတ်ပြီး
ပို့မှာဖြစ်လို့ မာလက္ကာရေလက်ကြားကို မှီခိုရမှုမှာ
သုံးပုံတစ်ပုံလောက်လျော့ကျသွားမှာ ဖြစ်ပါတယ်။ မြန်မာကပို့ မယ့်
ဓါတ်ငွေ့ပိုက်လိုင်းဟာ တစ်နှစ်ကို ကုဗမီတာ ၁၂ ဘီလီယံ ပို့နိုင်ပြီး ဒါဟာ
တရုတ်ပြည်အနေနဲ့ တင်သွင်းနေသမျှ ဓါတ်ငွေ့စုစုပေါင်းရဲ့ ၂၈
ရာခိုင်နှုန်းအထိ ရှိနေတာပါ။

မြန်မာမှာ တရုတ်ရဲ့သြဇာလွှမ်းမိုးမှုကလည်း ဆက်ရှိနေပါဦးမယ်။
မြန်မာနိုင်ငံတွင်းမှာ တရုတ်နိုင်ငံသား
သန်းချီပြီးပြောင်းရွှေ့ဝင်ရောက်လာခဲ့ ပြီး
နိုင်ငံရဲ့ဒုတိယမြို့တော်မန္တလေးဟာ ဆိုရင်လည်း တရုတ်မြို့လို့
လူတွေခံစားနေကြရတယ်။ ဝ တိုင်းရင်းသား လူနည်းစုတွေ နေထိုင်ကြတဲ့နယ်ဟာ
တရုတ်နဲ့ ကပ်လျက်ရှိနေပြီး မြန်မာဘက်က သွားရင်တော့
စစ်တပ်ကင်းစခန်းတွေကနေသာ ဖြတ်သွားနိုင်မှာဖြစ်တယ်။ ဒါပေမဲ့ တရုတ်
ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံထဲနှစ်ပါင်းများစွာကြာအောင် ဝင်လာခဲ့တာမို့ 
အခုဆို သတ္တုတွင်းတွေနဲ့ ဆည်မြောင်းတွေ တည်ဆောက် ရေး လုပ်ငန်းတွေမှာဒေါ်လာ
ဘီလီယံနဲ့ ချီပြီး ရင်းနှီးမြုပ်နှံမှုတွေ လုပ်ထားနေပြီးပါပြီ။ ဒါ့ကြောင့်
မြန်မာမှာ တရုတ်ရဲ့ လွှမ်းမိုးမှုဟာ သိပ်ကြီး နေတာကို၂၀၁၀ တုန်းက အမေရိကန်
အထက်လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ ဂျင်မ်ဝက်ဘ်က တချိန်က ဗြိတိသျှ
အိန္ဒိယပြည်ရဲ့တစ်စိတ် တစ်ပိုင်းဖြစ်ခဲ့တဲ့ မြန်မာဟာ "တရုတ်ရဲ့
ပြည်နယ်တစ်ခုဖြစ်ဖို့ အန္တရာယ် ရှိလာနေပြီ" လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာမှာ တရုတ်လွှမ်းမိုးမှုကို ကြောက်တဲ့ အကြောက်တရားတွေဟာ
ဗိုလ်ချုပ်ကြီးတွေနဲ့ ၀ါရှင်တန်ရှိ အမေရိကန်အစိုးရတို့ကို အပေးအယူလုပ်
ညှိနှိုင်းမှုတွေ ရအောင် ပြုလုပ်ပေးလိုက်တာပါပဲ။ မြန်မာရဲ့ ၂၀၁၁ မှာ
အစိုးရသစ်တက်လာပြီး အပြောင်းအလဲအတွက် လမ်း ဖွင့်ပေးလာတာတွေဟာ အာရှကို
ဦးတည်ချဉ်းကပ်လာနေတဲ့အမေရီကန်ရဲ့ အလှည့်အပြောင်းနဲ့
လာတိုက်ဆိုင်နေပါတယ်။ဒီအချက်က ရုတ်တရက် အောင်မြင်မှု ရသွားတဲ့ ဒီမိုကရေစီ
အပြောင်းအလဲတွေထက် ပထဝီနိုင်ငံရေးအရ စဉ်းစားမှုတွေက
ပိုပြီးအဆုံးအဖြတ်ကျနေတာကို ပြ သနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဗိုလ်ချုပ်ကြီးတွေရဲ့ ပထမဆုံးသော အချက်ပြမှုကတော့
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေး လိုက်တာမဟုတ်ပါဘူး။ တန်ဖိုးငွေ ဒေါ်လာ
၃ ဒဿမ ၆ဘီလီယံရှိတဲ့ တရုတ်တို့ ဆောက်လုပ်နေတဲ့ မြစ်ဆုံဆည်ကြီးကို
ရပ်ဆိုင်းခိုင်းလိုက် ခြင်းပါပဲ။

အဲဒီကစလို့  မြန်မာကို ယှဉ်ပြိုင်လွန်ဆွဲလုရတဲ့ ပွဲကြီးဟာ
စတင်လာခဲ့ပါတော့တယ်။ အမေရိကန်နဲ့ ဥရောပတို့ဟာ လက်ရှိအချိန်ထိတော့ မြန်မာ
မှာ ထောက်ပံ့ရေးအေဂျင်စီတွေ၊ အဖွဲ့ အစည်းပေါင်းစုံတွေကတဆဆင့်သာ
ဝင်ရောက်နေပါတယ်။ ဒီကာလအတွင်း ဆန်ရှင်တွေလုပ် ပြီး မြန်မာကို
ပိတ်ဆို့ထားတဲ့အချိန်တွေ အတွင်းကတောင် တစ်ခါမှထွက်မသွားဖူးတဲ့ ဂျပန်ဟာ
ကြွေးမြီ ဒေါ်လာ ခြောက်ဘီလီ ယံခန့်ကို လျှော်ပစ်ကာ မြန်မာနဲ
့ထိတွေ့ဆက်သွယ်မှုတွေ လျင်လျင်မြန်မြန် ပြန်လုပ်လာနေပါတော့တယ်။ ဒါဟာ
ပြည်တွင်းမှာဂျပန်အနေနဲ့ ရင်းနှီးမြုပ်နှံမှုတွေ
ပြန်လုပ်တော့မယ်ဆိုတဲ့သဘောကို ပြသနေတာပါ။ ဒါ့အပြင် ဒီတစ်ပတ် အတွင်းမှာပဲ
ပါရီကလပ်ကနေ မြန်မာကို ကြွေးမြီတွေ လျှော်ပစ်ဖို့နဲ့နောက်ထပ်
ငွေစီးကြောင်းအသစ်တွေဝင်လာဖို့ လမ်းဖေါက်ပေးတာတွေ ဖြစ်လာခဲ့ပါပြီ။
အခုအချိန်မှာ ဘယ် အနောက်နိုင်ငံကမှရော၊ ဂျပန် ကပါ ရင်းနှီးမြုပ်နှံမှု
ကြီးကြီးမားမားတွေကို အသစ်စတင်လုပ်ဆောင်ဖို့ မရှိသေးပေမယ့်
ထားဝယ်ရေနက်ဆိပ် ကမ်း စီးပွားရေးဇုန်မှာ ရင်းနှီးမြုပ်နှံဖို့ကိုတော့
စိတ်ဝင်စားမှုတွေ ရရှိနေပါတယ်။

သံတမန်ရေး အဝန်းအဝိုင်းမှာလည်း အမေရိကန်ဟာမြန်မာကို ၎င်းရဲ့ အရှေ့တောင်အာရှ
ကော်ဘရာဂိုးလ်မှာ လာရောက်လေ့လာဖို့ ဖိတ်ခေါ် ထားပါတယ်။
ဒီလိုဖြစ်စဉ်တွေထဲမှာ တရုတ်ကတော့ နောက်ကျကျန်နေပါတယ်။နေပြည်တော်ဟာ
ပြည်တွင်းမှာ အကြီးမားဆုံး ကြေးနီမိုင်းဖြစ်တဲ့ လက်ပတောင်းတောင်
စီမံကိန်းတည်ဆောက်မှုနောက်ကွယ်က မြေယာသိမ်းယူမှုတွေနဲ့ ပတ်ဝန်းကျင်
ညစ်ညမ်းမှုတွေကို ကော်မရှင်ဖွဲ့ စုံစမ်းနေပြီး မကြာမီကတရုတ်နယ်စပ်မှာ
ကချင်တပ်တွေကို ဗုံးကြဲတိုက်ခိုက်ရင်းတရုတ်နယ်စပ်ထဲ အမြောက်ဆံတွေ
ကျရောက်စေကာစိတ် အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။

နိဂုံးချုပ်အနေနဲ့  လက်ရှိဖြစ်ပေါ်မှု အခင်းအကျင်းများကို သုံးသပ်ရရင်
နေပြည်တော်ဟာ တရုတ်ကို စွန့်လွှတ်ပစ်လိုက်မှာတော့ မဟုတ်သေးပါ ဘူး။
အခြေအနေက အရှေ့ကို လွှင့်ပစ်ပြီး အနောက်ကိုဖက်တွယ်လိုက်ဖို့ကလည်းအများကြီး
ဖြစ်နိုင်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်လိုခေါင်းဆောင်တစ်ဦးကတောင်မှ
အခုအနေအထားကို မဟာဗျူဟာကျကျ ကောင်းကောင်းကြီး သိထားနေပါတယ်။သူမက "တရုတ်ဟာ
မြန် မာနဲ့ ကပ်လျက်မှာရှိနေပြီး အမေရိကန်ကတော့ ခပ်လှမ်းလှမ်းမှာ
ရှိနေတယ်ဆိုတာကို မေ့ပစ်လို့ မရပါဘူး"လို့ ပြောထားတာပါ ။တကယ်လို့ သူမသာ
သမ္မတဖြစ်လာခဲ့ရင်တော့ သူမဟာ အမေရိကန်နဲ့ တရုတ် ကြားက မြန်မာရဲ့အနေအထားကို
ပထဝီနိုင်ငံရေးကစားပွဲတစ်ခုအဖြစ်ရော၊ ဒီမိုကရေစီရေး
ကစားပွဲတစ်ခုအဖြစ်ပါဘယ်လို ကစားသွားမလဲဆိုတာကို စောင့်ကြည့်ရမှာ
စိတ်ဝင်စားစရာ ဖြစ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။

Ref: David Pilling, Pipeline marks scramble for Myanmar. Fanicial
Times,30 th Janaury.

မူရင်းဆောင်းပါးရှင် ဒေးဗစ်ပေးလင်းသည် Financial Times သတင်းစာ၏
အာရှအယ်ဒီတာဖြစ်ကာ ၎င်း၏ ပင်တိုင်ကဏ္ဍတွင် စီးပွားရေး၊
ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံရေးဆိုင်ရာ ဆောင်းပါးများကို ရေးသားနေသူ
ပင်တိုင်ဆောင်းပါးရှင်တစ်ဦး ဖြစ်ပါသည်။

Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ