By Nang Si Phaung Yi. Coral Arakan News ၊ [ သတင်း ]
(နိုင်ငံမဲ့ နှင့် ခိုးဝင်) ဘင်္ဂါလီများအား
ယာယီသက်သေခံကဒ်ပြားများထုတ်ပေးမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်
လွှတ်တော်တွင် မေးခွန်းထုတ်သည်ကို ပြည်နယ်လုံခြုံရေးဝန်ကြီး
ဗိုလ်မှူးကြီးထိန်လင်းက ၁၉၅၄ မှတ်ပုံတင်ရေး နည်းဥပဒေအရ ထုတ်ပေးခဲ့သည် ဟု
ဖြေကြားခဲ့သော်လည်း၊ ၄င်း ရည်ညွှန်းပြောကြားသော ဥပဒေ နည်းဥပဒေ တို့အရ
ယင်းကဲ့သို့ ထုတ်ပေး၍ မရကြောင်းတွေ့ရသည် ဟု ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် တစ်ဦးက Coral Arakan အားပြောကြားသည်။
ပဉ္စမအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် (၁၂)ရက်မြောက်နေ့တွင်
ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း က
နှုတ်ဖြင့် ဖြေကြားရာတွင် ၁၉၅၁-ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ
မှတ်ပုံတင်ရေး နည်းဥပဒေ ပုဒ်မ ၁၃/၁ ပုဒ်မခွဲ (က)(ခ)(ဂ) တို့အရ
ထုတ်ပေးခဲ့သည် ဟု ဖြေကြားခဲ့သည် ဟု ဆိုသည်။
သို့ရာတွင် ထိုပုဒ်မများသည် "ယခင် ရှိနှင့်ပြီးသော" သက်သေခံကဒ်ပြား
ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း၊ မထင်မရှားဖြစ်ခြင်း စသည့် တစ်ခုခု အတွက်
သက်သေခံကဒ်ပြားပိုင်ရှင်အနေဖြင့် ယာယီ အသုံးပြုရန် အတွက်သာ
ထုတ်ပေးပိုင်ခွင့်ရှိကြောင်းတွေ့ရပြီး၊ ယခင်က သက်သေခံကဒ်ပြား
ပိုင်ဆိုင်မှု မရှိဖူးသူများကို အလွယ်သဘော ထုတ်ပေးရန် ခွင့်ပြုထားခြင်း
မရှိ ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ၏ လွှတ်တော် အထောက်အကူပြု
ကော်မတီ က လေ့လာ တွေ့ရှိထားသည့်အတွက် မည်ကဲ့သို့ဆက်လုပ်သင့်သည်ကို
စဉ်းစားနိုင်ကြရန် ဗဟိုကော်မတီဝင်များအားလုံး နှင့် မြို့နယ် ဥက္ကဌများ
အားလုံးထံ စာရွက်စာတမ်းများ ပေးပို့ထားသည် ဟု အဆိုပါ ဗဟိုကော်မတီဝင်က
Coral Arakan အား ပြောကြားသည်။
၂၀၁၀-ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ အချိန်ကလေးတွင်ကပ်၍
ကုလားများမဲပေးနိုင်ရန်အတွက် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိရေးအတွက်
ဘူးသီးတောင်၊ မောင်တော ၊ ရသေ့တောင်နှင့် အခြားသော
ခိုးဝင်ဘင်္ဂါလီများရှိနေသော မြို့နယ်များတွင် နိုင်ငံမဲ့ နှင့် ခိုးဝင်
ဘင်္ဂါလီများကို (အဖြူရောင်) ယာယီသက်သေခံကဒ်ပြားများ ထုတ်ပေးပြီး မဲပေးစေရာ
ဘူးသီးတောင် နှင့် မောင်တောမြို့နယ် တို့တွင် အစ္စလမ်မစ်ဝါဒီ
လွှတ်တော်အမတ်များ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုကာ
အနိုင်ရလာခဲ့ကြသည်။
ထို အစ္စလမ်မစ်ဝါဒီများ လွှတ်တော်ထဲသို့ ရောက်သည့် အချိန်မှစ၍
ဗလီဆောက်ခွင့်ပြုရေး၊ ခိုးဝင်ကုလားများ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ
ရရှိရေး စသည်တို့ကိုသာ တကျော်ကျော် အော်ဟစ် အဆိုတင်သွင်းခဲ့ကြသည်။
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် အဒူရော်စက် (ခေါ်) ဦးရွှေမောင်
ဆိုလျှင် တိုင်းရင်းသားလူမျိုးများအားလုံး နှင့် လက်ရှိအစိုးရ တို့၏
သဘောဆန္ဒအား ဆန့်ကျင်၍ အယ်ဂျာဇီးယား ရုပ်သံအစီအစဉ်တွင် "ရိုဟင်ဂျာ" ဆိုသော
လုပ်ကြံဖန်တီး လူမျိုးအတွက် မထီမဲ့မြင် စော်ကားမော်ကားပြောဆိုခြင်း
တို့ကို ကျုးလွန်သော်လည်း အစိုးရ နှင့် လွှတ်တော်က မည်သို့မှ
အရေးမယူသည်မှာ ကုလားများက သိန်းထောင်ချီပေးကာ ၀ယ်ထားသော
မြန်မာအရာရှိကြီးများသည် ပေါက်ရောက်ထိန်းချုပ်နိုင်သော နေရာများတွင်
ရှိနေဆဲဖြစ်ကြောင်းကို ညွှန်ပြသည် ဟု စစ်တွေ အခြေစိုက်
စောင့်ကြည့်သုံးသပ်သူ တစ်ဦးက Coral Arakan အား ပြောကြားသည်။
အလားတူပင် ဖဆပလခေတ်ကလည်း ရခိုင်အခြေစိုက် ရတညပါတီကို အနိုင်ရရေးအတွက်
ဖဆပလ ဦးကျော်ငြိမ်း၏ ညွှန်ကြားချက်ဖြင့် ခိုးဝင်ကုလားများကို
မဲပေးခွင့်ပေးသည်သာမက သမ္ဗာန်ကြီးများဖြင့် တစ်ဖက်နိုင်ငံမှ ကုလားများကို
ဒေသခံဖဆပလများ ကိုယ်တိုင်ခိုးသွင်းကာ မဲပေးစေခဲ့သည်။
မြန်မာပြည်မ ပါတီကြီးတစ်ခုဖြစ်သည့် NLD ၏ ဘူးသီးတောင် မောင်တော အဖွဲ့ဝင်
တို့၏ အများတကာ့ အများစုတို့မှာ နိုင်ငံမဲ့ နှင့် ခိုးဝင်
ဘင်္ဂါလီများဖြစ်နေရသည့်အထဲ၊ ဒေါ်အောင်ဆန်းစုကြည်က လူများစုက လူနည်းစုကို
အနိုင်ယူတာကို လက်မခံဘူး ဆိုသည့်သဘော ပြောကြားလိုက်သည်ကို
ခိုးဝင်လင်္ဂါလီများက မိမိတို့ဘက်မှ ဒေါ်အောင်ဆန်းစုကြည် လိုက်နေပြီဟု
အထင်ရောက်သွားကာ၊ ၂၀၁၂-ခုနှစ် ဇွန်လ ရှစ်ရက်နေ့တွင်
မောင်တောမြို့နယ်အတွင်းရှိ ရခိုင် ဗမာ တိုင်းရင်းသားကျေးရွာ ဆယ်ရွာကို
လူဦးရေ အသာစီးရထားသည့် ခိုးဝင်ဘင်္ဂါလီများက အချိန်ကိုက်
တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ စစ်တွေမြို့တွင်လည်း တပြိုင်တည်း
တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
၂၀၁၂-ခုနှစ် ဇွန်လအတွင်း ထိုကဲ့သို့ ဘင်္ဂါလီများ ဆူပူတိုက်ခိုက်နေကြစဉ်
ကာလအတွင်း ဒေသခံများက NLD အား အမျက်ရှကာ NLD ရုံးခန်း ဆိုင်းဘုတ်ကို
ကျောက်ခဲဖြင့် ပစ်ပေါက်ဖြိုဖျက်လိုက်ကြရာ ယနေ့ထက်တိုင် NLD
ဆိုင်းဘုတ်တင်ထားခြင်းကို စစ်တွေမြို့ လမ်းမများတွင် မတွေ့ရပေ။
(နန်းစီဖောင်းရီ က CORAL ARAKAN အတွက် ရေးသားသည်။)
http://www.facebook.com/photo.php?fbid=538838229469089&set=a.537044512981794.123895.536963452989900&type=1&relevant_count=1
Nann Nyunt Oo
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ