ပြည်ထောင်စု ၀န်ကြီးနှစ်ဦး နှုတ်ထွက်ခွင့်ပြု

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဋ္ဌာန ၀န်ကြီး နှင့် သာသနာရေးဝန်ကြီးဋ္ဌာန

ပြည်ထောင်စုဝန်ကြီး နှစ်ဦးအား နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်
သမ္မတရုံးမှ ယနေ့နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။ နှုတ်ထွက်ရသည့်
အကြောင်းရင်းကို မသိရှိရသေးသော်လည်း ယခုလဆန်းပိုင်းတွင်

ရောင်းချမည်ဟု ကြေညာထားသည့် မိုဘိုင်းဆင်းကတ်များ
ဈေးနှုန်းသတ်မှတ်ရေးနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ကို
ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း မဆောင်ရွက်နိုင်သည့်အချက်နှင့်
ဆက်စပ်နေသည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်။ ဆက်သွယ်ရေး ၀န်ကြီးဋ္ဌာနမှ
ဆင်းကတ်များကို ကျပ် ၁ သိန်းဝန်းကျင်ဖြင့် ရောင်းချမည်ဆိုသည့် သတင်းများ
ထွက်ပေါ်နေစဉ်တွင် သမ္မတဦးသိန်းစိန်က ယင်းဈေးနှုန်းထက် သိသာစွာလျော့ပြီး
ရောင်းချရန် ညွှန်ကြားခဲ့သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ယခုကဲ့သို့ ပြည်ထောင်စု ၀န်ကြီးများအား နှုတ်ထွက်ခွင့်ပြုလိုက်ခြင်းမှာ
အစိုးရသစ်တက်လာပြီးနောက် ဒုတိယအကြိမ်ဖြစ်သည်။ ပထမအကြိမ်မှာ ယခင်နှစ်
သြဂုတ်လ ၂၈ ရက်နေ့က ဖြစ်ပြီး အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီး
ဦးဇော်မင်းနှင့် ဆောက်လုပ်ရေး ၀န်ကြီး ဦးခင်မောင်မြင့်တို့ဖြစ်သည်။
ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရာတွင် လိုက်ပါနိုင်ခြင်း
မရှိသူများအား ချန်ထားခဲ့ရမည်ဟု သမ္မတဦးသိန်းစိန်က ယမန်နှစ်က
ပြောကြားသည့် မိန့်ခွန်းတွင် ထုတ်ဖေါ်ပြောဆိုခဲ့ဖူးသည်။ ။

YPI (facebook)

Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ