NLD ပညာဒါန သင်တန်းကျောင်းတွင် ကျောင်းသူကို အဓမ္မပြုကျင့်

ရန်ကုန်၊ ဇန်နဝါရီ ၅

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ် NLD ရုံးခန်းရှိ ပညာဒါန ကျောင်းတွင်
ဇန်နဝါရီ ၃ ရက်နေ့က ၁၅ နှစ်အရွယ် ဒဿမတန်း ကျောင်းသူ တစ်ဦးကို NLD ပညာဒါန
ကျောင်း တာဝန်ရှိသူ တစ်ဦးက အဓမ္မပြုကျင့် ခဲ့ကြောင်း မြို့ နယ်
ရဲစခန်းသို့ တိုင်ကြားချက်ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးသို့
ပေးပို့ချက် အရ သိရသည်။

အဓမ္မပြုကျင့် ခံရသော ကျောင်းသူမှာ အ.ထ.က (၁) ပန်းဘဲတန်းတွင် ပညာသင်ကြား
နေသူဖြစ်ပြီး ယင်းနေ့ နံနက် ၈ နာရီ ခန့် တွင် NLD ပညာ ဒါန
သင်တန်းကျောင်းရှိ ကျပန်းစကားပြော ပြိုင်ပွဲသို့ သွားရောက်ရာ
ပြိုင်ပွဲပြီး ချိန် တွင် အဆိုပါ ကျူရှင်ကျောင်း ၇ လွာရှိ အမဖြစ်သူ၏
သူငယ်ချင်း အခန်းသို့ အမဖြစ်သူ ရှိ၊မရှိ သွားရောက် ကြည့်ရှုကာ မတွေ့၍
ပြန်လည် ဆင်းလာချိန်တွင် ကျောင်းတာဝန်ခံ ခင်မောင်ထူး (ခ) သားကြီး (ခ)
ဆိုဖီရင်း အသက် ၂၂ နှစ် က ကိုကာကိုလာ အချိုရည် ဘူးတွင် မူးမေ့ စေတတ် သည့်
ဆေးထည့်ကာ တိုက်ခဲ့ပြီး ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ကျောင်းသူ၏ အမ
ပြောကြားချက် အရ သိရသည်။

ယင်းအချိုရည်ကို သောက်ပြီး မူးမေ့ သွားခဲ့ရာ သတိ ပြန်ရချိန်တွင် သူမ
ဝတ်ထားသော အပေါ် အင်္ကျီ နှင့် အနက်ရောင် ဘောင်းဘီရှည်မှာ ကျွတ်လျက် အနေ
အထားဖြင့် အနားတွင် ခင်မောင်ထူးကို တွေ့ရပြီး သတိလစ် နေခိုက်
ခင်မောင်ထူးက ၄င်းကို အဓမ္မ ပြုကျင့် နေသည်ကို သတိ ထားမိကြောင်း ယင်း
အဖြစ်အပျက်ကို မည်သူ့ကိုမျှ ပြန်မပြောရန် ခင်မောင်ထူးက ပြောဆို ခဲ့ပြီး
အဆိုပါ ကျောင်းသူ တိုက်ပေါ်က ဆင်းလာစဉ် သမီးဖြစ်သူ အိမ်ပြန် နောက်ကျ၍
အပူတပြင်း ရှာဖွေနေသည့် မိခင်နှင့် တိုက်အောက် တွင် တွေ့ခဲ့ပြီး
မိခင်ဖြစ်သူကို အသိပေး ခဲ့ရာမှ ပန်းဘဲတန်း ရဲစခန်းသို့ သွားရောက်
တိုင်ကြား ခဲ့ပြီး ရဲစခန်းက (ပ) ၈ / ၂၀၁၃၊ ပုဒ်မ - ၃၇၆ ဖြင့် အမှုဖွင့်
စုံစမ်း စစ်ဆေးလျက် ရှိကြောင်း အဓမ္မ ကျူးလွန် ခံရသူ၏ ဦးလေး ဖြစ်သူ၏
ပြောကြားချက်နှင့် ရဲစခန်းသို့ တိုင်ကြားချက်များ အရ သိရသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ The Voice Weekly က NLD ဗဟို အလုပ် အမှုဆောင်
တစ်ဦး ဖြစ်သူ ဦးအုန်းကြိုင်ကို ဆက်သွယ် မေမြန်းခဲ့ရာ ယင်းဖြစ်စဉ်နှင့်
ပတ်သက်၍ စုံစမ်း မေးမြန်း နေဆဲဖြစ် ကြောင်း ပြစ်မှု ကျူးလွန်သူဟု ယူဆ
ရသူကို အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင် သွားသည် ကိုသာ သိရှိ
သေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

NLD ပါတီ သတင်း ပြန်ကြားရေး ဌာန ဦးကြည်တိုး ထံသို့ ဆက်သွယ် မေးမြန်း ရာ
ပြစ်မှု ကျူးလွန်သူဟု စွပ်စွဲ ခံရသူမှာ သင်တန်းဆရာ မဟုတ်ဘဲ ရပ်ကျေး
အဖွဲ့ဝင် တစ်ဦးသာ ဖြစ်ကြောင်း ယင်းအမှုနှင့် ပက်သက် ၍ ရဲအရာ ရှိများက
လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက်သည်ကို ဝင်ရောက် စွက်ဖက်မည် မဟုတ်ဘဲ
အမှန်အတိုင်း ဖြစ်ရန် သာ ဆောင်ရွက် မည် ဖြစ်ကြောင်း The Voice Weekly
သို့ ဖြေကြားသည်။
Link : http://thevoicemyanmar.com/index.php/local/item/3406-nld-%E1%80%95%E1%80%8A%E1%80%AC%E1%80%92%E1%80%AB%E1%80%94-%E1%80%9E%E1%80%84%E1%80%B9%E1%80%90%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%B0%E1%80%80%E1%80%AD%E1%80%AF-%E1%80%A1%E1%80%93%E1%80%99%E1%81%BC%E1%80%BB%E1%80%95%E1%80%B3%E1%80%80%E1%80%BA%E1%80%84%E1%80%B9%E1%80%B7.html

Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ