ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကိုယ့်အသက်က ၁၈-နှစ်အရွယ်၊ ရဟန်းမဖြစ်သေးတဲ့
ကိုရင်ဘ၀၊ ရန်ကုန်မြို့က စည်းကမ်းတင်းကြပ်လှတဲ့
စာသင်တိုက်ကြီးတစ်တိုက်မှာ စာသင်နေဆဲအချိန်။
သည်အချိန်တုန်းက ထုတ်ဝေခဲ့ကြတဲ့ သတင်းစာတွေ စာစောင်တွေကို
စုဆောင်ထားချင်ခဲ့ပေမယ့် ၀ယ်ယူစုဆောင်းနိုင်လောက်တဲ့ အင်အားမရှိတာရယ်
ကျောင်းတိုက်ကနေ အပြင်ကို ထွက်ဖို့ ခက်ခဲတာရယ်ကြောင့် မယ်မယ်ရရ
မစုဆောင်းဖြစ်ခဲ့ပါဘူး။ တတ်နိုင်သမျှ စုဆောင်းခဲ့တာတွေဟာလဲ စာသင်သားဘ၀မှာ
နေရာအတည်တကျ မရှိဘဲ ဟိုပြောင်းသည်ရွှေ့နဲ့ ပျောက်ပျက်ကုန်ပါတယ်။
နေရာအတည်တကျနဲ့ ကျောင်းထိုင်ဘုန်းကြီး ဖြစ်လာတဲ့အခါမှာတော့
စာအုပ်အဟောင်းရောင်းတဲ့ ကိုယ်တို့နဲ့ သက်တူရွယ်တူလောက်ရှိတဲ့
ဒကာလေးတစ်ယောက်နဲ့ သူ့ဆိုင်မှာ စာအုပ်ရှာရင်း ကံအားလျော်စွာ
ခင်မင်ရင်းနှီးခဲ့ပါတယ်။ နောက်ပိုင်းမှာ စပ်မိစပ်ရာ ပြောဖြစ်ကြရာက
သူ့ဆီမှာ သိမ်းထားတာ ရှိတယ်၊ ဘုန်းဘုန်း လိုချင်ရင် လှူမယ် လို့ ပြောပြီး
သူစုဆောင်းထားတဲ့ သတင်းစာဟောင်း စာစောင်ဟောင်းတွေကို လာလှူသွားပါတယ်။
အဲသည်အချိန်တုန်းကတော့ ကိုယ်က ကွန်ပြူတာ အင်တာနက်ဆိုတာကို
မသုံးတတ်သေးတော့ သည်အတိုင်းပဲ ဖတ်ရှုပြီး သိမ်းထားခဲ့ရပါတယ်။ ခုတော့
ဒါတွေဟာ ၁။ ကိုယ့်ဆီမှာ ကြာရင် ပျောက်ပျက်သွားနိုင်တာရယ် ၂။ ထိုကာလကို
မမီလိုက်တဲ့သူတွေ လေ့လာချင်ရင် အလွယ်တကူ လေ့လာနိုင်အောင်ရယ် ၃။ ထိုကာလကို
မှီလိုက်သော်လဲ မှတ်တမ်းမှတ်ရာအဖြစ် ပြန်လည်ကြည့်ရှုလိုသူတွေအတွက်
အဆင်ပြေနိုင်အောင်ရယ် ဒီရည်ရွယ်ချက်တွေနဲ့ PDF ဖိုင်လုပ်ပြီး
တင်ပေးလိုက်ပါတယ်။
အော် ပြောဖို့ ကျန်သေးတယ်။ ဟိုတုန်းက "ကျောက်ကွင်းအရေးတော်ပုံ" တို့
"လူသေလူဖြစ်" တို့နဲ့ ထင်ရှားကျော်ကြားခဲ့တဲ့ ဆရာတော်ကြီး ရှင်ဥက္ကဋ္ဌရဲ့
Biography ကိုလဲ တင်ထားပါသေးတယ်။ ဒါကတော့ ဒကာလေးတစ်ယောက် ဖတ်ချင်တယ်
ဆိုလို့ တင်ပေးထားတာပါ။ နောက်ထပ် ကျန်နေသေးတာတွေကိုလဲ အချိန်ရရင် ရသလို
Scan ဖတ်၊ PDF ဖိုင်လုပ်ပြီး တင်ပေးဖို့ စဉ်းစားထားပါတယ်။ Connection ကလဲ
ကောင်းနေရင်ပေါ့လေ။
ရှေးပညာရှိတွေက "ရှေ့တစ်ခေါ် မျှော်ကြည့်၊ နောက်တစ်လံ ပြန်ကြည့်၊ ထသွား
ပြန်ကြည့်" လို့ ဆုံးမခဲ့ကြတယ် မဟုတ်ပါလား။
အောက်က လင့်မှာ Download ရယူနိုင်ကြပါတယ်။
http://www.scribd.com/mthumana
--
Nann Nyunt Oo
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ