UMFCCI ၏ ထိပ်ပိုင်းနေရာ တာဝန်ယူထားသည့် လုပ်ငန်းရှင်ကြီး အချို့ အပါအ၀င် လုပ်ငန်းရှုံး၍ အခွန်မဆောင်နိုင်ကြောင်း ၀င်ငွေခွန်ကြေညာလွှာ တင်ထားသူများနှင့် အခွန်မဆောင်၊ ၀င်ငွေခွန်ကြေညာလွှာပါ မတင်သည့် လုပ်ငန်းရှင်များ၏ လုပ်ငန်းများကို စတင်စစ်ဆေးနေ

UMFCCI အသင်းချုပ်တွင် ထိပ်ပိုင်းနေရာ တာဝန်ယူထားသည့်
လုပ်ငန်းရှင်ကြီးအချို့ အပါအ၀င် လုပ်ငန်းရှုံး၍ အခွန်အပြည့်အဝ
မဆောင်နိုင်ကြောင်း အခွန်ကြေညာလွှာ တင်ထားသည့် လုပ်ငန်းရှင်များ နှင့်
အခွန်အပြေအကြေ ပေးဆောင်မှု မရှိ၊ ပေးဆောင်နိုင်ခြင်း
မရှိသည့်အကြောင်းကိုလည်း အခွန်ကြေညာလွှာ မတင်သော လုပ်ငန်းရှင်များ၏
လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်တွင်း အခွန်များဦးစီးဌာနမှ စတင်စစ်ဆေး
နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း ထမ်းဆောင်ရမည့် အခွန်ထမ်းဆောင်နိုင်ခြင်း
မရှိပါက အခွန်ကြေညာလွှာတင်ခွင့်ကို ဧပြီ၊ မေ၊ ဇွန်သုံးလ သတ်မှတ်ပေးထားပြီး
လုပ်ငန်းရှုံး၍ အခွန်အပြေ အကြေထမ်းဆောင်နိုင်ခြင်း မရှိကြောင်း တင်ပြသည့်
လုပ်ငန်းရှင်များစွာ ရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ
သိရှိရသည်။

ယခုအခါ ၀င်ငွေခွန်ကြေညာလွှာတင်ရန် သတ်မှတ်ထားသည့် ကာလပြည့်ပြီး ဖြစ်သဖြင့်
စစ်ဆေးမှုပိုင်း စတင်နေကြောင်း၊ အချို့လုပ်ငန်း ရှင်များမှာ
အခွန်လည်းထမ်းဆောင်မှု မရှိ၊ ၀င်ငွေခွန်ကြေညာလွှာပင် တင်ပြခြင်းမရှိသည့်
လုပ်ငန်းရှင်များ များစွာရှိသည်ဟုလည်း ပြည်တွင်း အခွန်များဦးစီးဌာန
တာဝန်ရှိသူတစ်ဦးက ဆိုသည်။
တချို့က တကယ်ရှုံးပြီး မဆောင်နိုင်တာ။ တချို့ကျတော့ ဒီ
အချက်ကိုအသုံးချပြီး အခွန်ရှောင်ချင်တာလည်း ရှိမှာပဲ။ ဒီစာရင်းထဲမှာ
UMFCCI ထိပ်ပိုင်း နေရာတာဝန်ယူထားတဲ့ လုပ်ငန်းရှင်တွေရော၊
တခြားလုပ်ငန်းရှင်တွေရော အများအပြားရှိနေတယ်။ UMFCCI
ကတစ်ဦးဆိုရင်သူ့မှာ လုပ်ငန်းခွဲတွေရှိတယ်။ နိုင်ငံတော်က BOT
စနစ်နဲ့ပေးတဲ့ လုပ်ငန်းကမကိုက်လို့ ဆိုပြီး တခြား ကုမ္ပဏီကြီး တစ်ခုကို
အဲဒီလုပ်ငန်း လုပ်ကိုင်ခွင့်တွေ ပေးလိုက်...

ပြည်တွင်းအခွန်များ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက "၀င်ငွေခွန်အပြည့်
ထမ်းဆောင်နိုင်ခြင်း မရှိတဲ့အခါမျိုးမှာ ဘာကြောင့် ထမ်းဆောင်မှု
မပြုနိုင်သလဲဆိုတဲ့ ၀င်ငွေခွန်ကြေညာလွှာကို ပြည်တွင်းအခွန် ဦးစီးဌာနကို
လာတင်ရတယ်။ ဧပြီ၊ မေ၊ ဇွန် သုံးလအတွင်း တင်လို့ရတယ်။
တချို့လုပ်ငန်းရှင်တွေက ဆောင်လည်းမဆောင် ၀င်ငွေခွန်ကြေညာလွှာလည်း
မတင်ထားဘူး။ တင်ထားတာရော၊ မတင်ထားတာရော လုပ်ငန်းတွေ အားလုံးကို
စပြီးစစ်ဆေးနေပြီ။ များတဲ့အတွက် အချိန်မီပြီးအောင်
တော်တော်လေးစိစစ်နေရတယ်"ဟု ပြော ကြားခဲ့ပါသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီး တစ်ဦးက
"လက်ရှိအခွန်ဥပဒေအရ ကုမ္ပဏီတစ်ခုဟာ လုပ်ငန်းနှစ်မျိုး
သုံးမျိုးလုပ်တယ်ဆိုရင် တစ်ဖက်လုပ်ငန်းက ရှုံးတယ်ဆိုရင်
တစ်ဖက်မြတ်တဲ့လုပ်ငန်းက ပေးဆောင်ရမယ့် အခွန်ပမာဏကနေ
လျှော့ပေးတဲ့ခံစားခွင့် ကို ရယူနိုင်တယ်။ အဲဒီတော့ အခု
အဲဒီအချက်ကိုယူပြီး လျှောက်ကြတယ်။ တချို့က တကယ်ရှုံးပြီး မဆောင်နိုင်တာ။
တချို့ကျတော့ ဒီ အချက်ကိုအသုံးချပြီး အခွန်ရှောင်ချင်တာလည်း ရှိမှာပဲ။
ဒီစာရင်းထဲမှာ UMFCCI ထိပ်ပိုင်း နေရာတာဝန်ယူထားတဲ့ လုပ်ငန်းရှင်တွေရော၊
တခြားလုပ်ငန်းရှင်တွေရော အများအပြားရှိနေတယ်။ UMFCCI
ကတစ်ဦးဆိုရင်သူ့မှာ လုပ်ငန်းခွဲတွေရှိတယ်။ နိုင်ငံတော်က BOT
စနစ်နဲ့ပေးတဲ့ လုပ်ငန်းကမကိုက်လို့ ဆိုပြီး တခြား ကုမ္ပဏီကြီး တစ်ခုကို
အဲဒီလုပ်ငန်း လုပ်ကိုင်ခွင့်တွေ ပေးလိုက်တယ်လို့ သိရတယ်။ အဲဒီလုပ်ငန်းမှာ
ကျပ်ဘီလျံနဲ့ချီ ရှုံးတဲ့အတွက် ကျသင့်တဲ့အခွန်အတိုင်း
ပေးဆောင်နိုင်ခြင်းမရှိလို့ တင်ပြထားတယ်။ ဒါတွေကို အခွန်ကစပြီး
စစ်ဆေးနေပြီလို့ သိရတယ်" ဟု ပြောပြခဲ့သည်။

2 comments:

  1. မြန်မာနိုင်ငံမှာဘယ်လုပ်ငန်းကကောင်းလို့
    အမြတ်ခွန်၊၀င်ငွေခွန်တွေတောင်းနေတာလည်း
    အောက်ခြေတကယ်ဆင်းကြည့်ပြီးလုပ်ငန်းတိုင်း
    ကိုကြည့်ပြီပြောတာကောင်းပါတယ်၊ပြည်သူတွေ
    မှာသဘာဝဘေးအန္တာရယ်ကအမျိုးမျိုးဖြစ်
    နေတာပါ၊ကြည်လည်းလုပ်ကြပါအုန်းလူကြီးမင်း
    တို့ပြည်သူတွေလိုအပ်ချက်တွေကိုဖြည့်စည်း
    ပေးဖို့လုပ်ကြပါအုန်းခင်ဗျာ။

    ReplyDelete
  2. ခင်ဗျာတို့ဗျာပြည်သူတွေဆီကတောင်းဘို့ဘဲ
    ကြည့်နေကြပါလားတောင်းပြီးပြည်သူအတွက်
    ဘာတွေများလုပ်ပေးပြီးပြီလည်းပြောပြပါအုန်း
    မီးတာခတောင်းတယ်မီးမလာဘူး၊ဖုန်းပြောဆို
    ခတောင်းတယ်ဖုန်းလိုင်းမကောင်းဘူး၊အင်တာ
    နက်သုံးဆွဲခတောင်းတယ်၊အင်တာနက်လိုင်း
    မကောင်းဘူး၊ကဲခင်ဗျာတို့ပြည်သူအတွက်
    ဘာလုပ်ပေးပြီပြီးလည်းပြောပါ၊ပါစပ်ကြီးက
    လျှောက်ပြောမနေကြပါနဲ့လက်တွေ့လုပ်
    ဆောင်ပေးကြပါခင်ဗျာ။

    ReplyDelete

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ