ဂျာနယ်လစ်ဇင် အကြောင်းသိကောင်းစရာများ နှင့် နိုင်ငံသား ဂျာနယ်လစ်ဇင်မိတ်ဆက် ( Part -14 )


သတင်းယူရာတွင် အရေးကြီးသောအချက်များ


သပိတ်မှောက်သတင်း

သပိတ်မှောက်သတင်းများယူရာတွင်သတင်းထောက်သည်

(က) သပိတ်မှောက်ရသည့် အကြောင်းရင်း

(ခ) မည်သည့်အချိန်ကစ၍ သပိတ်မှောက်ကြသည်

(ဂ) သပိတ်မှောက်ဦးရေ

(ဃ) သပိတ်သမားတို့၏ တောင်းဆိုချက်

(င) အလုပ်ရှင်ဘက်မှလိုက်လျောချက်ရှိလျှင် မည်သူ့အချက်များကိုလိုက်လျောသည်

(စ) စေ့စပ်ရန် ကြိုးစားမှုများ

(ဆ) အာဏာပိုင်များ၏သဘောထား

(ဈ) သပိတ်တားခြင်း

(ည) အထိအခိုက်ရှိမရှိ

(ဋ္ဋ) မီးရထားသဘောင်္လေယာဉ်ကဲ့သို့လူအများနှင့်သက်ဆိုင်သောလုပ်ငန်းဖြစ်ကသပိတ်ကြောင့်လူထုကိုမည်သို့ထိ ခိုက်နစ်နာစေသည်စသည့်အချက်များကိုပါရှိစေရမည်။

ထိုအချက်များကိုအလုပ်သမားအဖွဲ့အစည်းများ၊အလုပ်သမားရေးလှုပ်ရှားနေသူများ၊အလုပ်ရှင်ကုမ္မဏီအရာရှိများထံမှရနိုင်သည်။သပိတ်သမားများပုလိပ်အရာရှိများထံမှလည်းရနိုင်သည်။

 

ရာထူးခန့်ထားခြင်း သတင်း

            တိုင်းပြည်၌အရေးကြီးသောရာထူးများခန့်ထားသောအခါ

(က) ခန့်ထားခြင်းခံရသူ၏အမည်၊အသက်၊နေရပ်။

(ခ) ထိုသူ၏အသွင်အပြင်၊ရာထူး၏အလုပ်သဘောမည်မျှတာရှည်မည်။

(ဂ) လခဘယ်လောက်ရမည်။

(ဃ) ထိုရာထူးကိုအသင့်ခန့်ထားသည်(သို့)လစ်လပ်သည့်နေရာတွင်ခန့်ထားသည်။

(င) ဘယ်သူကခန့်သည်စသည်တို့ပါစေရမည်။

အကယ်၍၀န်ကြီးရာထူး၊သံအမတ်ရာထူးတို့ကဲ့သို့ကြီးကျယ်ခဲ့လျှင်ခန့်ထားခြင်းခံရသူ၏အရည်အချင်း၊အထ္ထုပ္ပတ္တိအကျဉ်းတို့ကိုဖော်ပြရမည်၊ထို့ပြင်သတင်းထောက်သည်ထိုရာထူး၏နောက်ဆက်တွဲအနေဖြင့်မည်သူမည်ဝါတွေကို မည်သည့်နေရာများ၌ခန့်ထားဦးမည်ကိုလည်းအကဲခက်ရမည်။ အရေးကြီးသောရာထူးများခန့်ထားသည့်အခါထိုသို့ခန့် ထားသည်ကိုမည်ကဲ့သို့ဝေဖန်ပြောဆိုကြသည်။ထိုရာထူးခန့်ထားရန်အတွက်မည်သည့်ပုဂ္ဂိုလ်မည်သည့်အဖွဲ့များက ထောက်ခံကြသည်ကိုလည်းပါစေရမည်

            ထိုအချက်အလက်များကိုရာထူးခန့်ထားသူ၊ခန့်ထားခံရသူနှင့်ခန့်ထားခဲ့ရသူ၏မိတ်ဆွေသူငယ်ချင်းလုပ်ဖော် ကိုင်ဖက်များထံမှရနိုင်သည်။

 

ရဟန်းသံဃာတော်များသတင်း

          မြန်မာနိုင်ငံတွင်ဘုန်းကြီးသီလရှင်၊ရှင်သာမဏေစသည်ဖြင့်သာသနာ့ဝင်ပေါင်း(၆)သိန်းကျော်လောက်ရှိသည် ဖြစ်ရာသတင်းထောက်များအနေနှင့်ဘာသာရေးနှင့်ဆိုင်သောအချက်အလက်များကိုသိထားသင့်သည်။

(က) ဘာသာအသီးသီး(ဗုဒ္ဓဘာသာ၊ခရစ်ယာန်ဘာသာအစ္စလာမ်ဘာသာစသဖြင့်)အခြေခံသဘောတရားများကိုသိ ထားရမည်။

(ခ) ၀ိနည်း၊စည်းကမ်း၊ပညတ်ချက်များကိုလည်းအနည်းငယ်သိထားရမည်။

(ဂ) သတင်းနှင့်အဓိကပတ်သတ်သောဘုန်းကြီး(သို့မဟုတ်) ဘာသာရေးဂိုဏ်း၏အခြေခံဝါဒ၊အမြင်၊သဘောထား၊ ရပ်တည်ချက်နှင့်တောင်းဆိုချက်များကိုသိထားရမည်။

(ဃ) ထိုကိစ္စကိုကိုင်တွယ်ဖြေရှင်းမည့်အဖွဲ့အစည်း(သို့မဟုတ်)သက်ဆိုင်ရာဋ္ဌာန၏သဘောထားနှင့်ရပ်တည်ချက်ကို လည်းသိထားရမည်။

(င) သတင်းထောက်နားမလည်နိုင်သောပါဋ္ဌိစကားလုံး(သို့)ဘာသာရေးအသုံးအနှုန်းများရှိလာပါကကျွမ်းကျင်နှံ့စပ် သောဘာသာရေးဆရာ(သို့မဟုတ်)စာပေပညာရှင်များထံမေးမြန်းပြီးမှရေးသားဖော်ပြပါ။

            ယခုအခါဘာသာရေး(သို့မဟုတ်)ဘုန်းကြီးရဟန်းများနှင့်ပတ်သတ်သောသတင်းများကိုရှင်းလင်းပြေပြစ်စွာ ရေးသားတင်ပြနိုင်သောဂျာနယ်လစ်အလွန်နည်းပါးသေးသည်ဟုထင်မိသည်။ထို့ကြောင့်သံဃာတော်များနှင့်ပတ်သတ်သော(သို့မဟုတ်)ဘာသာရေးနှင့်ဆက်စပ်သောသတင်းများပိုမိုကောင်းမွန်ပြည့်စုံနိုင်အောင်ဝါရင့်သတင်းစာဆရာကြီးများနှင့်ကျွမ်းကျင်သူများကလမ်းညွန်ပြသသင်ကြားပေးကြပါဟုတိုက်တွန်းလိုက်ရပါသည်။

အစည်းအဝေး သတင်း

အစည်းအဝေးသတင်းများကိုယူသည့်အခါ

(က) ဦးစီးဦးဆောင်လုပ်သော အဖွဲ့အစည်း

(ခ) ကျင်းပသည့် နေရာ

(ဂ) ကျင်းပသည့် ရည်ရွယ်ချက်

(ဃ) တက်ရောက်သည့် ပရိသတ်

(င) ကန့်ကွက်ချက်ရှိမရှိ

(စ) ဆုံးဖြတ်ချက်

စသည့်သတင်းအချက်အလက်များပါရှိသင့်သည်။

 

တရားရုံးသတင်း

            တရားမမှုသတင်းများကိုယူသောအခါ

(က) တရားစွဲသူနှင့်အစွဲခံရသူ၏ အမည်၊ နေရပ်၊ အလုပ်အကိုင်၊ အသွင်အပြင်၊ မည်သည့်ကိစ္စအတွက် တရားဖြစ်ကြရ          သည်။

(ခ) မည်သည့်ရုံး၌စစ်ဆေးသည်။

(ဂ) သက်သေအမည်များ

(ဃ) အသီးသီးထွက်ဆိုချက်အကျဉ်းချုပ်

(င) အရေးကြီးသောအမှုဖြစ်ကဂျူရီ(တရားသူကြီး)တို့၏အမည်များ

(စ) ရှေ့နေလျှောက်လဲချက်

(ဆ) မည်သို့ဆုံးဖြတ်ချက်ချသည်

စသည်ဖြင့်စုံလင်စွာပါစေရမည်။ထိုပြင်အမှုစစ်ပြီးသောအခါ နှစ်ဦးနှစ်ဖက်အမှုသည်များဘာပြောကြသည်ကိုလည်းပါဝင်စေရမည်။ (ရာဇ၀တ်မှု များတွင်လည်းအလားတူပင်ဖြစ်သည်။)

            တရားမမှုများတွင်ကောက်ချက်သည်အရေးကြီးသည်။ ကောက်ချက်တို့ကိုရုံးမင်းကတစ်ခုစီတစ်ခုစီမည်သို့ပြော ကြား၍ဆုံးဖြတ်ချက်မည်သို့ချသည်ကိုနားလည်မှသာလျှင်သတင်းပေးရာ၌တိကျမှန်ကန်နိုင်သည်။

          အထိမ်းအမှတ် အဆောက်အဦး သတင်း

            ထိုသတင်းမျိုးကိုယူသည့်အခါ

          ထို(အဆောက်အဦး၊ကျောက်တိုင်စသည်)သည်မည်သည့်အတွက်ဖြစ်သည်။

          လှူဒါန်းသူရှိကလှူဒါန်းသူအမည်

          ကုန်ကျငွေတန်ဖိုး

          ဆောက်လုပ်သူ(သို့မဟုတ်)ဗိသုကာပညာရှင်(သို့မဟုတ်)ဆိုင်ရာပညာသည်၏အမည်။

          အခမ်းအနားသို့တက်ရောက်သောအထက်ပုဂ္ဂိုလ်များ

          သဘာပတိလုပ်သူနှင့်မိန့်ခွန်းစကားများစသည်တို့ကိုပါဝင်သင့်သည်။

 

ကပ်ဆိုက်မှုများ

            ရေလွှမ်းမိုးခြင်း၊လေမုန်တိုင်းကျခြင်း၊သဘောင်္ပျက်ခြင်း၊ပေါက်ကွဲခြင်းစသောကိစ္စများကိုဆိုလိုသည်။

          သေသူဒဏ်ရာရသူတို့၏အမည်၊အသက်၊နေရပ်၊အလုပ်အကိုင်

          မည်သို့နှင့်မည်မျှထိခိုက်သည်။

          လူသိများသောပုဂ္ဂိုလ်များရှင်သူများကိုမည်သို့ပြုစုဆောင်ရှောက်၍သေသူများကိုမည်သို့မြူပ်နှံသဂြိုလ်သည်။

          သီသီကလေးလွတ်မြောက်ခဲ့သူများမှတချို့ကိုမေးမြန်းရမည်။

          ပစ္စည်းအပျက်အစီးစာရင်း

          ပျက်စီးနေသောအမ်ခြေမြို့ရွာ၏ အသွင်အပြင်

          ပျက်စီးရာတွင်ပါသော ထင်ရှားသောအဆောက်အဦးနှင့်စေတီပုထိုးများစသည်တို့ပါဝင်သည်။

          ကယ်ဆယ်စောင့်ရှောက်ရေးလုပ်ငန်းအသေးစိတ်

          ထိခိုက်သူနှင့်ဒုက္ခသည်များကိုမည်ကဲ့သို့ကြည့်ရှုစောင့်ရှောက်နေခြင်း

          နောက်ဆက်တွဲဘေးအန္တရယ်များပေါ်ပေါက်နိုင်စရာအကြောင်းရှိ၊မရှိ

          စသည်တို့ပါဝင်သင့်သည်။

 

မတော်တဆ ထိခိုက်မှု သတင်း

          ထိခိုက်ဖြစ်ပွားပုံ

          ပါဝင်သူများအရေအတွက်

          ပါဝင်သူများအနက် နာမည်ကြီးလူသိများသူတို့ပါဝင်သည်၊မပါဝင်သည်ကိုအဓိကဖော်ပြရမည်။

ထိုသတင်းများကိုဖြစ်ပွားသည့်နေရာသို့မဟုတ်ဆေးရုံတွင်တွေ့ရှိရသောပါဝင်သူများထဲမှသော်လည်းကောင်း ထိုအမှုကိုစစ်ဆေးစုံစမ်းသည့်ရဲအရာရှိထံမှသော်လည်းကောင်းရရှိနိုင်သည်။


ဆက်ပါဦးမည်…….

အချက်အလက်နှင့်ဆောင်းပါးများအားလုံးကို အလင်းဆက် (IR)မှ ပံပိုးကူညီပါသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ