နိုင်ငံရေးသတင်းထောက်ဖြစ်လိုသော်
နိုင်ငံရေးသတင်းထောက်ဖြစ်လိုသူတို့သည်
အခြားသတင်းထောက်တို့အတွက်လိုအပ်သောအရည်အချင်းများအပြင်အောက်ပါအရည်အချင်းများရှိရန်လိုအပ်ပေ သည်။
(၁) မိမိမြို့နယ်ဆိုင်ရာ နိုင်ငံရေးသမိုင်းနှင့်နိုင်ငံရေးပညာတွင်ကောင်းစွာအခြေခံရရှိထားစေရမည်။စီးပွားရေးပညာကို လည်းအတော်အတန်သိရှိရမည်။
(၂) အပေါင်းအသင်းစုံ၍ နိုင်ငံရေးသမားများယုံကြည်လေးစားခြင်းခံရအောင်ပြုမှုနေထိုင်တတ်ရမည်။
(၃) လူထု၏ထင်မြင်ချက်ကိုတိတိကျကျတင်ဆက်နိုင်သည့်အရည်အချင်းရှိ၍ ထိုလူထု၏ထင်မြင်ချက်တို့ကိုအဘယ်ပုံ ကျွမ်းကျင်စွာအသုံးချရမည်ကိုလည်းနားလည်ရမည်။
(၄) နိုင်ငံရေးဆင်လုံးနှင့်အဖြစ်အပျက်မှန်တို့ကိုခွဲခြားသိတတ်သောပါးရည်နားရည်ရှိရမည်။
(၅) နိုင်ငံရေးပါတီခက်ပုန်းခုတ်သည့်စနစ်ကိုလည်းနားလည်ထားရမည်။
(၆) နိုင်ငံရေးပရိယာယ်များဖြစ်သော ဆင်လုံး၊ထွင်လုံး၊ခြေထိုးမှုစသည့်သဘောများကိုနားလည်သဘောပေါက်ထားပြီးသတိထား စောင့်ကြည့်ရေးသားရမည်။
(၇) ရွေးကောက်ပွဲနေ့ကုန်လျှင်မည်သူမဲဘယ်လောက်ရ၍၊မည်သူနိုင်သည်၊ထိုပုဂ္ဂိုလ်၏ပြောဆိုကြေညာချက်များကိုလူထုကိုမှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်သတင်းပေးပို့နိုင်ရမည်။
သတင်းစာသည် နိုင်ငံရေးလောကနှင့်ဆက်စပ်သည့်နေရာတွင်နိုင်ငံရေးသမားနည်းတူပင်လက်တွေ့အကျိုးကို လက်ကိုင်ပြုကြလေသည်။ထို့ကြောင့်နိုင်ငံရေးလောက၏လက်တွေ့အဖြစ်အပျက်များကိုဆင်ခြင်ဆုံးဖြတ်နိုင်ခြင်းသည်နိုင်ငံရေးသတင်းထောက်ကောင်းဖြစ်ရေးအတွက် ပထမဆုံးနှင့်အရေးအကြီးအဆုံးအချက်ပင်ဖြစ်ပါသည်။
ဆက်ပါဦးမည်…….
အချက်အလက်နှင့်ဆောင်းပါးများအားလုံးကို အလင်းဆက် (IR)မှ ပံပိုးကူညီပါသည်။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ