ဂျာနယ်လစ်ဇင် အကြောင်းသိကောင်းစရာများ နှင့် နိုင်ငံသား ဂျာနယ်လစ်ဇင်မိတ်ဆက် ( Part -13 )


ဂျာနယ်လစ်ကောင်းတစ်ယောက်ဖြစ်ရန်

          အောင်မြင်သောဂျာနယ်လစ်(Journalist)တစ်ယောက်ဖြစ်ရန်ဆိုသည်မှာအလိုအလျောက်(မွေးဖွား)ဖြစ်ပေါ် လာသူ မဟုတ်။များစွာလုပ်ယူရသူလေ့ကျင့်ကြိုးစားယူရသူဖြစ်သည်။(A Journalist is not born, but made)ဟုဆိုရိုး စကားရှိသည်။

            ထို့ကြောင့်သတင်းစာ(သို့)မီဒီယာကိုလူထုအကျိုးဆောင်လက်နက်တစ်ခုအနေဖြင့်ယူဆကာဂျာနယ်လစ်ဇင်း အလုပ်ကိုဝါသနာပါသူလူငယ်တို့သည်ခေါင်းကြီးရေးခြင်း၊ ကော်လံဆောင်းပါးရေးခြင်းစသည်တို့ကိုလေ့လာအကျင့်လုပ်ထားသင့်ကြသည်။အကြားအမြင်ဗဟုသုတကိုစာအုပ်များမှသာမဟုတ်နေ့စဉ်အတွေ့အမြင်များမှလည်းသတိမှုမှတ်သား၍ဘာသာရပ်တစ်ခုခုကိုနိုင်နင်းအောင် လုပ်ကိုင်နိုင်သည်အထိကြိုးစားထားရမည်။

          သတင်းစာအလုပ်မှာနေရာတကာရောက်ဖူးသူတိုင်နှင့်သိ၍ချက်ဆိုနားခွက်ကမီးတောက်အောင်ပါးနပ်လျင်မြန်ရမည်၊စာဖတ်ခြင်း၊ခရီးသွားခြင်း၊ ပေါင်းသင်းဆက်ဆံခြင်း၊ တို့ကိုမှီ၍ရအပ်သောဗဟုသုတကျုယ်ဝန်းရမည်။ထို့ကြောင့် သတင်းစာဆရာ(သို့)ဂျာနယ်လစ်သည်ကိစ္စတချို့ကိုလုံးစေ့ပတ်စေ့သိ၍အရာခပ်သိမ်းကိုလည်းတစ်စိတ်တဒေသစီတီးခေါက်မိထားစေရမည်။(A Journalist must know something of everything and everything of something)ဟု ဆိုရိုးရှိခဲ့ခြင်းဖြစ်သည်ဟုထင်မြင်မိပါတော့သည်။

 

သတင်းထောက်ခြင်းအနုပညာ

          သတင်းကိုအင်္ဂလိပ်ဘာသာဖြင့် (News) ဟုခေါ်သည်။ဝေါဟာရအဘိဓါန်များနှင့်သတင်းစာကျမ်းပြုသူများက အနက်အဓိပ္ပါယ် ဖွင့်ဆိုရာတွင်

(က) အသစ်အဆန်းကြားရသည့် အကြောင်းအရာ

(ခ) သာမန်ထက်ထူးကဲသည့်အဖြစ်အပျက်

(ဂ) အများပြည်သူဖတ်ချင်သည့် အကြောင်းအရာ

(ဃ) သတင်းစာရေးလိုသောအကြောင်းအရာ

(င) ယခင်ကမကြားရဘဲယခုမှသိရသည့်အဖြစ်အပျက်

(စ) စုံစမ်းထောက်လှမ်းသိရချက်

ဟူ၍ အမျိုးမျိုးဖွင့်ဆိုကြသည်။

 

တချို့ကမူ Newsဆိုသည်မှာ အင်္ဂလိပ်ဘာသာဖြင့်

North မြောက်အရပ်

East အရှေ့အရပ်

West အနောက်အရပ်

South တောင်အရပ်

တွင်ပေါ်ပေါက်သောဖြစ်ရပ်များကိုခေါ်ဝေါ်သည်ဟူ၍ဖွင့်ဆိုသူများလည်းရှိသည်။

 

            အချို့ကလည်းသတင်းဟူသည်မနက်ဖြန်သမိုင်းဝင်မည့်အကြောင်းအရာများကိုယနေ့ယခုရေးသားပြုစုထား ခြင်းဖြစ်သည်ဟုဆိုကြသည်။

            သတင်း(သို့မဟုတ်)မီဒီယာများအတွက်သတင်းများထောက်လှမ်းရှာဖွေခြင်းနှင့်ထိုသတင်းများကိုဖတ်ချင်စ ဖွယ်ရေးသားရသည့်အတတ်မှာအနုပညာ(Art)တစ်ရပ်ပင်ဖြစ်သည်။

 

            ယခုခေတ်သတင်းထောက်များ၏တာဝန်မှာနှစ်ခုရှိသည်။

ပထမအချက်မှာဘာဖြစ်မည်(သို့မဟုတ်)ဘာဖြစ်တော့မည်ကိုတင်ကူး၍သိရမည်။

ဒုတိယအချက်မှာထိုအဖြစ်အပျက်၏သဘောအဓိပ္ပါယ်ကိုသိရမည်။လူအများစိတ်ဝင်စားမည့်အချက်အလက်အမှန်တို့ကိုထောင်သောင်းမကသောအရှုပ်အထွေးများကြားထဲမှနေ၍ထုတ်ပြနိုင်ရမည်။

သတင်းယူရာတွင်မိမိလိုချင်သည့်အချက်ကိုရှေးဦးစွာသိထားရမည်။သတင်းအတွက်လိုအပ်သောအချက်များကိုဆုံးဖြတ်ပြီးသောအခါထိုအချက်များကိုမည်သူထံမှရနိုင်သည်ကိုစဉ်းစားရမည်။သတင်းထောက်သည်မိမိလိုချင်သော သတင်းကိုတစ်စုံတစ်ယောက်ထံမှမေးမြန်းသောအခါထိုသူ့ကိုချည်မမေးဘဲမိမိကိုယ်ကိုလည်းပြန်မေးရမည်။

အထူးသဖြင့်စာဖတ်သူများသိချင်မည်ဖြစ်သောဘယ်သူ(Who)ဘယ်တုန်းက(When)ဘယ်နေရာမှာ(Where) ဘာကြောင့်(Why)ဘယ်လို(How)ဘာဖြစ်သလဲ(What)ဟူသောမေးခွန်းများ၏အဖြေများပါစေရမည်။

ဆက်ပါဦးမည်…….

အချက်အလက်နှင့်ဆောင်းပါးများအားလုံးကို အလင်းဆက် (IR)မှ ပံပိုးကူညီပါသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ