ဂျာနယ်လစ်ဇင် အကြောင်းသိကောင်းစရာများ နှင့် နိုင်ငံသား ဂျာနယ်လစ်ဇင်မိတ်ဆက် ( Part -05 )


သတင်းအသွင်အမျိုးမျိုး


            သတင်းရေးသားရာ၌အသွင်အမျိုးမျိုးဖြင့်ရေးသားလေ့ရှိကြ၏။သတင်းစာအသွင်များမှာအောက်ပါအတိုင်းဖြစ်၏။

          

(၁) ရှေ့ပြေးသတင်း(Advance Stories)မကျင်းပမီ၊မပြုလုပ်မီကြိုတင်ရေးသားနည်း၊ ဥပမာလာမည့်မေလ (၁)ရက်နေ့တွင်အလုပ်သမားနေ့နှီးနှောဖလှယ်ပွဲနှင့်လူထုအစည်းအဝေးကြီးကို မည်သို့မည်ပုံကျင်းပမည်ဖြစ်ကြောင်း ကြိုတင်ရေးသားခြင်းမျိုး၊ ဗေဒင်ဆရာကြိုတင်ဟောကိန်းထုတ်သကဲ့သို့ဘယ်နိုင်ငံဝန်ကြီးချုပ်နှုတ်ထွက်ဖွယ်ရှိကြောင်း စသည့်သတင်းမျိုးလည်းအကျုံးဝင်သည်။ သို့သော်ထိုသတင်းမျိုးကိုအထူးဂရုစိုက်အပ်ပေသည်။

          

(၂) နောက်ဆက်သတင်း(Follow-Stories) သတင်းတပုဒ်ဖြစ်ပွားရာတွင်နောက်ရက်များတွင်ထိုသတင်းနှင့် ပတ်သက်သောအခြေအနေဖြစ်ရပ်များဆက်လက်ပြီးဖော်ပြခြင်း၊ဥပမာစံပြလုပ်သားစာရင်းကျေညာပြီး နောက်နေ့များ၌  စံပြလုပ်သားတို့အမည်၊ဖြေမည့်အစီအစဉ်စသည်များဆက်လိုက်ပြီးရေးခြင်း

          

(၃) ပြန်ရေးသတင်း(Rewrite Stories)ကျေညာချက်များ၊ထုတ်ပြန်ချက်များ၊မိန့်ခွန်းများ၊နယ်သတင်းများကို မှုရင်းအတိုင်းမဖော်ပြဘဲမိမိသတင်းစာတိုက်မှုနှင့်ကိုက်ညီအောင်ပြန်လည်ပြုပြင်ရေးသားသောသတင်းမျိုးဖြစ်သည်။


            (၄) အခန်းဆက်သတင်း(Running Stories)တနေ့တည်းနှင့်မပြီးဆုံးသောဖြစ်ရပ်သတင်း။ ဥပမာနှီးနှောပွဲကြီး များ၊အားကစားပြိုင်ပွဲကြီးများ၊သတင်းမျိုးကို နေ့စဉ်ရက်ဆက်ဖော်ပြရခြင်းမျိုးဖြစ်သည်။


            (၅) ရှုဒေါင့်စုံသတင်း (Composite Stories)နေရာအနှံ့အပြားတွင်ပုံသဏ္ဌန်မျိုးစုံဖြင့်ဖြစ်ပွားနေသည့်အခြေ အနေဖြစ်ရပ်များကိုစုဆောင်းပြင်ဆင်ရေးသားခြင်း။ ဥပမာဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်ပတ်သတ်၍ မြန်မာနိုင်ငံ အရပ်ရပ်၌နေ့စဉ်ထပ်ဆင့်ရှင်းကြပုံ၊ဆန္ဒပြကြပုံသတင်းမျိုး။


            (၆) နောက်ခံသတင်း(Background Stories) သတင်းဖြစ်ရပ်တခုကိုဖော်ပြရာတွင်ဖြစ်ရပ်နှင့်နှီးနွယ်သော ယခင်ကအခြေအနေဖြစ်ရပ်ဟောင်းကိုယှဉ်တွဲဖော်ပြခြင်း။ ဥပမာကမ္ဘာ့နိုင်ငံတခုတွင်အာဏာသိမ်းလိုက်ပြီဆိုလျှင် သခင်ကထိုနိုင်ငံ၌ဖြစ်ပွားခဲ့ဘူးသည့်အာဏာသိမ်းပွဲများကိုပါရှာဖွေဖော်ပြခြင်းမျိုး။


            (၇) မွမ်းမံစီစဉ်ရေးသားသောသတင်း(Feature Stories)သတင်းတခုဖြစ်ပွားရာတွင် ယခုဖြစ်ပွားပုံကိုသာမက ယခင်ကအလားတူဖြစ်ခဲ့သောဖြစ်ရပ်(ယခုဖြစ်ပွားသောသတင်း၏ နောက်ခံမဟုတ်၊ ဆင်တူရိုးမှားဖြစ်ပွားခဲ့ဘူးသော အခြားဖြစ်ရပ်)ကိုပါယှဉ်တွဲဖော်ပြခြင်းမျိုးဖြစ်သည်။ ဥပမာ ပလကပင်မကန္တရားစက်ရုံမှ အလုပ်သမားတို့ပစ္စည်းသယ် လက်တွန်းလှည်းကလေးများတီထွင်ထုတ်လုပ်သည့် သတင်းဖော်ပြရာတွင် အစိုးရ၏အားပေးမှု၊အလုပ်သမားများ၏ ကြိုးစားမှုကြောင့် တီထွင်ထုတ်လုပ်မှုများထွန်းကားလာပုံ၊ ဒလသင်္ဘောကျင်းလုပ်သားများကလည်း ဘော်ယာများ တီထွင်ထုတ်လုပ်ခဲ့ပုံကိုယှဉ်တွဲဖော်ပြခြင်းမျိုး။


            (၈) မှုဝါဒသတင်း(Policy Stories) သတင်းစာအတွက်ချမှတ်ထားသောမှုဝါဒနှင့်အံဝင်ဘောင်ကျသည့်သတင်း မျိုးဖြစ်သည်။ သတင်းစာတိုက်ကပြည်သူပိုင်သတင်းစာဖြစ်လျှင်သတင်းစာမှုဝါဒသည် ပြည်သူလူထုအကျိုးပြုမှုဝါဒ ဖြစ်ပေလိမ့်မည်။ သတင်းစာကပုဂ္ဂလိကပိုင်၊အရင်းရှင်များပိုင်ဖြစ်လျှင်သတင်းစာမှုဝါဒသည် ပြည့်သူအကျိုးနှင့်အလှမ်း ဝေးနိုင်ပေသည်။ အရင်းရှင်သတင်းစာပညာတွင်ထိုသတင်းစာမှုဝါဒဆိုင်ရာသတင်းနှင့်ပတ်သတ်၍ ပို့ချရာတွင်ပိုင်ရှင် အလိုကျဖြစ်အောင်ကြည့်ရေးကြရန်၊ပိုင်ရှင်၏မှုဝါဒကိုဆန့်ကျင်မရေးသားရန်အထူးဖော်ပြလေ့ရှိပေသည်။ တချိန်တည်း မှာပင်ပိုင်ရှင်ကြိုက်(သတင်းစာရောင်းကောင်းပြီးမြတ်စွန်းစေသော)သတင်းမျိုးအသားပေးရှာဖွေရေးသားရန် တိုက်တွန်းလေ့ရှိကြပေသည်။


ဆက်ပါဦးမည်…….

အချက်အလက်နှင့်ဆောင်းပါးများအားလုံးကို အလင်းဆက် (IR)မှ ပံပိုးကူညီပါသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ