မိုးလေဝသ သတင်း

(၂၀၁၁ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိ မိုးလေ၀သတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော (၂၄)နာရီ

အတွင်း က  စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့ တွင် နေရာ

ကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့်

ချင်းပြည်နယ်တို့ တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ တွင် နေရာအနှံ့ အပြားမိုးထစ်ချုန်း

ရွာခဲ့ ပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသ

ကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့ တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။မှတ်သား ဖွယ်ရာမိုးရေချိန်များမှာ ကျောက်ဖြူ မြို့ တွင်(၆.၀၆)လက်မ၊ လောင်းလုံမြို့ တွင်(၅.၇၅)လက်မ၊ထားဝယ်မြို့ 

တွင်(၄.၉၆)လက်မ၊ ရေးမြို့ တွင်(၄.၆၁)လက်မ၊ ဖျာပုံမြို့ တွင်(၄.၂၉)လက်မ၊ ဂွမြို့ တွင်(၄.၂၅)လက်မ၊ သထုံမြို့ 

တွင်(၄.၀၁)လက်မ၊ ချောင်းဆုံမြို့ တွင်(၃.၇၀)လက်မ၊ ကျိုက္ခမီမြို့ တွင်(၃.၆၂)လက်မ၊ ကလေးမြို့ နှင့်ဘားအံမြို့ 

တို့ တွင်(၃.၂၇)လက်မစီ၊ ကျိုင်းတုံမြို့ နှင့် ရန်ကုန်(မြို့ လယ်)တို့ တွင်(၂.၉၁)လက်မစီနှင့် မအူပင်မြို့ တွင်

(၂.၈၇)လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေ

အားကောင်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီးနှင့်ကယားပြည်နယ်တို့တွင်နေရာကျဲကျဲ၊

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း။ မန္တလေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင်

နေရာ စိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီ

တိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် နေရာ

ကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။မြန်မာ့ကမ်းရိုးတန်းတစ်လျောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံ

မိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ်

ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတ၀ိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတ၀ိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးအသင့်အတင့်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတ၀ိုက်အတွက်မနက်ဖြန်ညနေထိ ခန့်မှန်းချက်။မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

(Sent via Seesmic http://www.seesmic.com)

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ