ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုဝင်ဖို့ ကြိုးစားနေတဲ့ ဒုက္ခသည်တွေထဲမှာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိသူတွေ ပါဝင်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ က ပြောဆို

မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုဝင်ဖို့ ကြိုးစားနေတဲ့ ဒုက္ခသည်တွေထဲမှာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိသူတွေ ပါဝင်နိုင်ကြောင်း
ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ က ပြောဆိုလိုက်ပါတယ်။

ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်က၊ လန်ဒန်ထုတ် Sunday Express သတင်းစာကို ပြောဆိုခဲ့တာပါ။


ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ အဖြစ်အပျက် တစ်ချို့နဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း မြန်မာအာဏာပိုင် တွေကိုလည်း အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး ရဲ့ အစီရင်ခံချက်တွေအရ၊ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဂျမက် အီး အစ္စလမ် မီး အဖွဲ့လို အစွန်းရောက် အစ္စလမ်မစ်အဖွဲ့တွေ
က၊ အဲဒီ ဒုက္ခသည်တွေထဲက တစ်ချို့ကို အားပေးကူညီတာမျိုး ရှိနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်က ပြောဆိုပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဘင်္ဂါလီ ရိုဟင်ဂျာ တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ပေမဲ့၊ ဘင်္ဂလားဒေ့ရှ် အစိုးရက အ၀င်မခံဘဲ ပြန်မောင်းထုတ်နေတဲ့ အတွက်နိုင်ငံတကာ လူ့အခွင့်ရေးအဖွဲ့တွေက ကန့်ကွက်ဝေဖန် နေကြပါတယ်။

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ ကတော့ မြန်မာနိုင်ငံဘက်က အဲဒီ ဒုက္ခသည်တွေ ဘာကြောင့် ထွက်ပြေးပြီး၊ ဘင်္ဂလားဒေ့်ရှ် နိုင်ငံထဲကို ၀င်ရောက်ဖို့ ကြိုးစား နေတာလဲ ဆိုတာကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက သေသေချာချာ သိအောင် စုံစမ်းသင့်တယ်၊ ပြီးတော့ ဘင်္ဂလားဒေ့ရှ် မှာ ဒုက္ခသည် အများအပြားရှိနေပြီး ဖြစ်တဲ့အတွက် နောက်ထပ် လက်မခံနိုင်တော့ဘူးလို့လည်း ပြောဆိုပါတယ်။

ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ဟာ အကြမ်းဖက်သမား နှိမ်နင်းရေးအတွက် ဗြိတိသျှအစိုးရနဲ့ စကော့ တလန်ယာ့ဒ် ထောက်လှမ်းရေး အဖွဲ့တွေကနေ အကူအညီပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ