Recyclers Folder ပေါ်လာပြီး Delete ပဲဖြစ်ဖြစ် Shift + Delete ပဲဖြစ်ဖြစ်
ဖျက်ချလိုက်ပေမယ့် ခဏကြာရင် ပြန်ပေါ်လာပါတယ်။ OK Virus Group ကထုတ်ဝေတဲ့
WaterMark (Remnit) Virus နဲ့လည်းဖျက်လို့မရဖြစ်နေတာ တွေ့ရပါတယ်။
ဖျက်ချလိုက်ပြီးသွားရင်လည်း ၂ဆပွားပြန်ပေါ်လာပြီး ဗိုင်းရပ်စ်မ၀င်သေးတဲ့
Folder တွေထဲကိုလည်း ၀င်လာပြီး နောက်ဆုံးမှာ စက်(သို့)
စတစ်တစ်ခုလုံးပွားလာပြီး မူရင်းဖိုင်ကိုတောင်ရှာမရတော့တဲ့အထိ
ဖြစ်လာပါတယ်။ နောက်ဆုံးမှာ windows နဲ့ system32 တွေအထိ
ဝင်ရောက်ဖျက်စီးပစ်နိုင်ပြီး ကွန်ပျူတာတစ်ခုလုံးရဲ့ Memory
တွေအားလုံးကိုလည်း ဖျက်စီးပစ်နိုင်လောက်တဲ့အထိ စွမ်းအားရှိတဲ့
ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။
ဒီဗိုင်းရပ်စ်ဟာ Windows Vista ပေါ်ကတည်းကစတင်ပေါ်ပေါက်လာတဲ့
သက်တမ်းရင့်Virus တစ်မျိုးဖြစ်ပြီး ဗိုင်းရပ်စ်ရေးဆွဲသူတွေက အပတ်စဉ်
update လုပ်ပြီး code တွေကို ပြင်ဆင်ရေးဆွဲနေတာကြောင့်
ကာကွယ်ရှင်းလင်းဖို့အတွက် နေ့စဉ် update လုပ်ထားတဲ့ Antivirus
အမျိုးအစားတစ်ခုခု ကွန်ပျူတာထဲမှာ ထည့်သွင်းထားမှ
အဆင်ပြေနိုင်ပါလိမ့်မယ်။ ရှေးဟောင်းခေတ်မီ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။
Antivirus တွေထဲက လိုင်စင် Antivirus ဖြစ်တဲ့
Kasperskey,Avira,AVG,Micrisoft Security Essential စတဲ့ Antivirus
တစ်ခုခုကို နေ့စဉ် Update လုပ်ထားသင့်ပါတယ်။
နေ့စဉ်မလုပ်နိုင်ဘူးဆိုရင်တောင် ၂ ရက်တစ်ကြိမ်၊ ၃ ရက်တစ်ကြိမ် တော့
လုပ်ထားသင့်ကြောင်း တင်ပြလိုက်ရပါသည်။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ