သတင်းစာဆရာကြီး လူထုစိန်ဝင်း ဈာပနကျင်းပပြီးစီး

ယမန်နေ့ နေ့လည် ၂ နာရီက ရေဝေးသုဿန်မှာ သတင်းစာဆရာကြီး လူထုစိန်ဝင်းရဲ့
ဈာပနကို မီးသဂြိုဟ် ပြီးစီးခဲ့ပါတယ်။ နိုင်ငံရေး၊ စာပေနဲ့ စာနယ်ဇင်း
အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ၊ လူထုပရိသတ် တစ်ထောင် ကျော်
လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ဈာပနမချမီ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်နဲ့ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့က ဆရာလူထုစိန်ဝင်းအတွက်
ဝမ်းနည်းစကား၊ အမှတ်တရစကားများ ပြောကြားခဲ့ကြပါတယ်။ ဆရာလူထုစိန်ဝင်းရဲ့
နောက်ဆုံးခရီးအတွက် ပုံတူပန်းချီကားကို ပန်းချီမောင်ညိုဝင်းက ရေးဆွဲပေးတာ
ဖြစ်ပါတယ်။

ကွယ်လွန်သူကို ရည်စူးပြီး ဇွန် ၂၃ ၂၀၁၂ စနေနေ့၊ နံနက် ၇ နာရီက ၁၀ နာရီအထိ
ရက်လည်ဆွမ်းကျွေး တရားတော်နာမှာ ဖြစ်တဲ့အတွက် အမှတ် ၅၀၁၊ ပထပ်၊
ကုန်သည်လမ်း၊ ၃၉လမ်းထိပ်၊ ကျောက်တံတားမြို့နယ် နေအိမ်သို့
ကြွရောက်ကြပါရန် ကျန်ရစ်သူမိသားစုက ဖိတ်ကြားထားကြောင်း သတင်းရရှိပါတယ်။

တာရာဝေယံ၊ မိုးမခ၊ ဇွန် ၂၀၊ ၂၀၁၂

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ