Virus ၀င်ရောက်နှောက်ယှက်မှု ရှိနေတာကြောင့် Microsoft က Mozilla
အသုံးပြုသူတွေရဲ့ Auto Update တွေကိုပိတ်ထားဖို့ ကြေညာ ထားပါတယ်။
Flame လို့အမည်ပေးထားတဲ့ ဗိုင်းရပ်စ်တစ်မျိုးဟာ Microsoft ရဲ့ Terminal
Server အတွင်းဝင်ရောက် နှောက်ယှက်မှု တွေကြောင့် Microsoft
ရဲ့အချက်အလက်တချို့ ဆုံးရှုံးရတယ်လို့ သိရပါတယ်။
ထို့ပြင် Firefox အသုံးပြုသူတွေဆီကိုလည်း
၎င်းဗိုင်းရပ်စ်ကူးစက်လာနိုင်တာကြောင့် Firefox အသုံးပြုသူတွေ အနေနဲ့
Auto Update ပြုလုပ်ထားတာကို Disable လုပ်ဖို့ Microsoft က
သတိပေးကြေညာထားပါတယ်။
၎င်း Flame Virus ကို ဖြေရှင်းဖို့ခက်ခဲနေသေးတယ်လို့
ပြည်တွင်းအိုင်တီပညာရှင်တွေက ပြောပါတယ်။ ပြည်တွင်းမှာ
အင်တာနက်အသုံးပြုသူတွေကြားမှာ Flame Virus ရဲ့တိုက်ခိုက်ခံရမှု မရှိသလောက်
နည်းပါး နေသေးပေမယ့် အဆင့်မြင့်အင်တာနက် အသုံးပြုတဲ့ပစ္စည်းတွေ၊ Browser
တွေအသုံးပြုလာတာနဲ့အမျှ တိုက်ခိုက်ခံရနိုင်ခြေပိုများလာတာကြောင့်
ပြည်တွင်းက အင်တာနက်အသုံးပြုသူတွေအနေနဲ့ Mozilla Firefox
အသုံးပြုမှုကတဆင့် ကူးစက်လာနိုင်တာကြောင့် ဖြေရှင်းဖို့ နည်းလမ်းမရသေးတဲ့
Frame Virus ၀င်ရောက် လာမှု မရှိအောင် Update လုပ်တာတွေကို
ကာကွယ်ထားဖို့လိုအပ်ပါတယ်။
Mozilla Firefox ထဲက Added-On မှာ Auto-Update ကို disable လုပ်ထားဖို့
လိုအပ်ပါတယ်။Update ပြုလုပ်လိုတာတွေ…. Added-on ပေါင်းထည့်ချင်တာတွေ
ရှိရင်လည်း manual update, manual added on ပြုလုပ်တာတွေကို
သေချာစစ်ဆေးပြီးမှ ပြုလုပ်သင့်ပါတယ်။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ