GmailAccountကိုအများကြီးဖွင့်လို့ရတယ်

အကောင့်အသစ်ကိုပြောတာမဟုတ်ဘူးနော် တစ်မျိုးတော့မထင်သွားနဲ့ Mozilla Fire Fox မှာဖြစ်ဖြစ် တခြား Browser မှာပဲဖြစ်ဖြစ် Gmail Account ကို တစ်ခုထပ်ပိုပြီးဖွင့်လို့မရဘူးဆိုတာကိုတော့ သိရှိပြီးသားဖြစ်မယ်ထင်ပါတယ် ဒါပေမယ့် ခုပြောမယ့် setting လေးတွေကိုနည်းနည်း လိုက်ပြောင်းလိုက်မယ်ဆိုရင် တော့ ဖွင့်လို့ရပါလိမ့်မယ် အရင်ဆုံး အကောင့်တစ်ခုကို ၀င်လိုက်ပါ 123@gmail.com ထားလိုက်ပေါ့ဗျာ
1.gif
ပြီးတော့ My account ကိုနှိပ်လိုက်ပါ မပေါ်နေပါက ဒီလင့်လေးကို နှိပ်လိုက်ပါ Page တစ်ခုကျလာပါလိမ့်မယ်
2.gif
Personal Setting အောက်နားက Multiple sign-in ဘေးနားလေးမှာ Edit ကိုနှိပ်လိုက်ပါ Page တစ်ခုပြန်ကျလာပါလိမ့်မယ်
3.gif
On - Use multiple Google Account in the same web browser ကို အစက်ကလေး ချယ်ပေးလိုက်ပါ ပြီးတော့ အောက်က သုံးခုကိုလည်း အမှန်ခြစ်တွေပေးလိုက်ပါ ပြီးရင် Save ကို နှိပ်လိုက်ပါ အကုန်ပြီးဆီးသွားရင် ပိတ်လိုက်ပါ ပြီးတော့ ဖွင့်ထားတဲ့အကောင့်ကို ပြန်ဖွင့်လိုက်ပါ ပထမက 123@gmail.com ကိုဖွင့်ထားတာဖြစ်လို့ 123@gmail.com ကိုပြန်ဖွင့်ပါမယ် အဲ့ဒါက ပင်မအကောင့်ဖြစ်သွားပါမယ် ဖွင့်ရင် လည်း Stantard နှင့်ဖွင့်လိုက်ပါ ဒီအတိုင်းဖွင့်တာကိုပြောတာပါ Basic Html ကိုနှိပ်ပြီးဖွင့်တာမဟုတ်ပါဘူး ပွင့်လာပြီဆိုရင်တော့ အောက်ကပုံလေးအတိုင်းပေါ့ဗျာ အောက်ကအဆင့်တွေကို ဆက်မသွားခြင်တော့ဘူး အသုံးပြုခြင်နေပြီဆိုရင်တော့ဖြင့် ဒီလင့်လေးကို https://accounts.google.com/AddSession?continue=https%3A%2F%2Faccounts.google.com%2Fb%2F0%2FManageAccount%3Fhl%3Den&hl=en Copy ကူးပြီးတော့ New tap တစ်ခုကိုခေါ်ပြီးတော့ paste လိုက်ပါက အောက်ဆုံးနားကပုံလေးအတိုင်းတွေ့မြင်ရပါမယ်
5.gif
ညာဘက်အပေါ်ထောင့်နားမှာရှိတဲ့ မိမိအကောင့်နာမည်တည့်တည့်ကို နှိပ်လိုက်ပါ
6.gif
Switch Account ကိုနှိပ်လိုက်ပါ
7.gif
Sign in to anoher account ကိုနှိပ်လိုက်ပါက
8.gif
ဒီ page လေး က new tap နဲ့ပွင့်လာပြီးတော့ တခြားအကောင့်တစ်ခုကို အသုံးပြုလို့ရသွားပါပြီဗျာ အဲ့လိုပဲ နောက်ထပ် ထပ်ခေါ်ပြီးအကောင့်တွေ ပလပွ ဖွင့်လို့ရပါတယ်ဗျာ ကျေးဇူးတင်မြဲပါဗျာ



No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ