ဗေဒင်ပညာပါပဲ။ မြန်မာလူမျိုး တော်တော်များများဟာ မဟာဘုတ်ဆိုတာကို
တော်တော်များများ ရင်းနှီးကြတယ်။ ပုတိဖွား ဘင်္ဂဖွား အထွန်းဖွား
ဆိုတာလောက်တော့ လူတိုင်း သိကြတယ်။ တွက်တတ်ကြပါတယ်။
မဟာဘုတ်ပညာဟာ မခက်ပါဘူး။ လွယ်ကူပါတယ်။ ဒါပေမယ့် လေးနက်မှု့တွေပါတယ်။
နက်နဲတယ်။ သိမ်မွေ့တယ်။ ဒါကြောင့် မြန်မာလူမျိုး အထင်ကရ
ဗေဒင်ပညာရှင်ကြီးတွေတောင် မဟာဘုတ်ပညာကို လက်မလွှတ်ကြပါဘူး။
ဒီနေ့ မျက်မှောက်ခေတ်မှာတော့ မဟာဘုတ်ပညာဟာ အသွင် ပြောင်းလဲလာတယ်။
ဟိုးအရင်တုန်းက သိကြတာက ဖွားဇာတာကို အဓိက ထားတယ်။ ပုတိ သဘောမကျော်ဇော။
မရဏဆိုရင် ဘာ အဲဒီလောက်ပဲ။ ဒါပေမယ့် မျက်မှောက်ခေတ်မှာကြတော့
ပညာရှင်ကြီးတွေရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့ဟာ မဟာပညာကို
ကြယ်ဝန်းနက်ရှိုင်းစွာ လေ့လာခွင့်ရခဲ့ကြတယ်။
အခုဆိုရင် မဟာဘုတ်ပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားပြီး ဆိုတာနဲ့
လူတစ်ယောက်ရဲ့ အကြောင်း စိတ်နေစရိုက် ဘ၀ကံကြမ္မာ မျိုးစုံကို
မြင်ကြည့်လို့ရပါပြီ။ အခု ကျွန်တော် ပြောပြချင်တာက မဟာဘုတ်ပညာနှင့်
အဆောင်ပုံအကြောင်းပါ။ ဘာကြွင်းရင် ဘာပုံဆောင်လို့ရလဲ။ အိပ်ဆောင်
အဆောင်ပုံလေးတွေ ဆောင်ထားလို့ ရတယ်။ ဒါမှမဟုတ် ပန်းချီဆွဲပြီး အိမ်မှာ
ချိပ်ဆွဲထားလို့ ရတယ်။ ဒါမှမဟုတ် မိမိတို့ရဲ့ ကုမ္ပဏီတို့ အလုပ်ရုံတို့
ဈေးဆိုင်တို့မှာ ပန်ချီဆွဲပြီး ချိပ်ထားလို့ ရပါတယ်။
(၁)ကြွင်းသူများ-နတ်သမီးပုံ။
(၂)ကြွင်းသူများ-နတ်သားရွှေအိုးထမ်းနေပုံ။
(၃)ကြွင်းသူများ-တံခွန်းလုံး စိုက်ထားတဲ့ အောင်အိုး။
(၄)ကြွင်းသူများ-ငွေအိုးစည်။
(၅)ကြွင်းသူများ-စိန်စီတဲ့ခေါင်းလောင်း။
(၆)ကြွင်းသူများ-မေမြို့ပန်းတွေ ဝေနေအောင်ထိုးထားတဲ့ စိန်စီထားတဲ့ ဖလား။
(၇)ကြွင်းသူများ-သပြေပန်းတွေ ဝေနေအောင်ထိုးထားတဲ့ ဖလား။
အော်..ဒါနဲ့ ။ လုံးဝမသိတဲ့ သူတွေက မေးဦးမယ်။ ဘာကို ဘာနဲ့ ဘာလုပ်လို့
ဘာကြွင်းတာလဲလို့။ အဲ မြန်မာမွေးသက္ကရာဇ်ကို တည်။ (၇)နှင့်စား။
အကြွင်းအလိုက် ဆောင်ထားလို့ရမယ့် အဆောင်များ ဖြစ်ပါကြောင်း။
နန်းညွန့်ဦး
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ