ဟိုးအတွင်းဆုံးနေရာကနေ
တလိပ်လိပ် တက်လာခဲ့တယ်
အပူငွေ့များ............
နှလုံးစိုင် အတွင်းထဲကလာသော
အပူငွေ့များကို
တဖြည်းဖြည်း မှုတ်ထုတ်လိုက်ချိန်မှာတော့
သက်ပြင်းချသံ ကျယ်လောင်သွား
စူးနင့်နေတဲ့ ခံစားမှု
ဆက်လက်ပြီး စူးနင့်ကြေကွဲဆဲ
ဘယ်တော့များ ဒီဝဋ်က ကျွတ်မှာလဲ
လောကကြီးက မတရားတာလား
ငါကပဲ မတရားတာလား
ဘယ်သူမတရားလဲ မသိတဲ့ဘဝထဲ
ငါ့ကံကြမ္မာက ဘာလို့ဆိုးနေရတာလဲ
ကံကောင်းခြင်းဆိုတာ စိတ်ကူးယဉ်အိပ်မက်လား
ကံကောင်းခြင်းတွေကို စောင့်မျှော်နေတဲ့သူပါ
ရွှေရောင်ခင်းတဲ့ မနက်ဖြန်ဆိုတဲ့နေ့ရက်သစ်အတွက်
မျက်ရည်တွေ လိမ်းကျံရင်း စောင့်စားနေဆဲ
လွမ်းမောမှုတွေ အဆုံးသတ်ဖို့အတွက်
အပြုံးတုတွေနဲ့ ပြုံးပြဆဲ
မနက်ဖြန်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုအတွက်
ရှင်သန်နေရတဲ့ဒီနေ့ဟာ ပင်ပန်းလွန်းလှပါတယ်
ဘယ်ချိန်ထိ ဆက်လက်တောင့်ခံနိုင်မှာလဲ
ကြိတ်မှိတ်ပြီး မျက်ရည်တွေသိမ်းကာ
ကြိုနေဆဲ.............
နတ်သက်ကြွေသွားသော နတ်သမီးလေး သို့အမှတ်တရ............။
နန်းညွန့်ဦး
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ