အကြောင်းပြု၍ လာတဲ့ သူတွေ လဲ ရှိကြတယ်။ အဲဒီ ဧည့်သည်တွေထဲမှာ
အသက်အားဖြင့် ၁၅-၁၆ကနေ အသက် ၄၀-၅၀ အထိ ပါတယ်။ အချစ် ဆိုတာက
အသက်အရွယ်နဲ့တော့ မဆိုင်ဘူးလို့ သဘောပေါက်မိသွားတယ်။
အသက်ဆယ့်ငါးနှစ် တွေလည်း ချစ်တတ်ကြတယ်။ အသက်နှစ်ဆယ်အရွယ်မှာလဲ
ချစ်တတ်ကြတယ်။ အသက် သုံးဆယ် လေးဆယ် ငါးဆယ် အကုန်လုံး ချစ်ကြတယ်။ အဲဒီမှာ
ကွာခြားတာ တစ်ခုပဲ ရှိတယ်။ ဘာလဲဆိုတော့ အသက်အရွယ် အရသာ ချစ်တဲ့
ပုံစံခြင်း ကွာချင်ကွာသွားမယ်၊ တူညီတာ တစ်ခုက အားလုံးဟာ ချစ်ကြတာပါပဲ။
နောက် သေချာတာတစ်ခုက အချစ်ဆိုတာ ပူလောင်စေတတ်၊ လောင်မြိုက်စေတတ်တဲ့
သဘောလဲ ရှိတယ်။ အရာ ၀တ္ထု တစ်ခုကို (သို့) တစ်ယောက်ယောက်ကို ချစ်မိသွားပြီ
ဆိုရင် ရင်ထဲကို ပူလောင်မှု့တွေက မဖိတ်ခေါ်ပဲ ၀င်ရောက်လာပါ လေရော။
အဲဒါကြောင့် အရိယာပုဂ္ဂိုလ်တွေ သူတော်စဉ်တွေရဲ့ နှလုံးသားဟာ
ချစ်ခြင်းမုန်းခြင်း ကင်းဝေးနေတာ။ နောက်ပြီး သူတော်စဉ်တွေရဲ့ ရင်ထဲမှာ
အချစ်မရှိဘူး။ မေတ္တာပဲ ရှိတယ်။
နောက်တစ်ခုက အချစ်ဆိုတာမှာ စိုးရိမ်မှု့တွေ ပြည့်နှက်နေတယ်။
ဆုံးရှုံးမှာကို တွေးကြောက်မိတယ်။ ဝေးသွား မှာကိုလည်း တွေးကြောက်လာတတ်တယ်။
မပိုင်ဆိုင်ရမှာကိုလည်း ကြိုတင်ပြီး စိုးရိမ်နေရတယ်။ တစ်ယောက်နဲ့
တစ်ယောက် အဆင် မပြေဖြစ်မှာကိုလည်း ကြိုတင်ပြီးတော့ ပူပန်နေရတယ်။
တစ်ယောက်ယောက်က ကိုယ့်ကို ထားခဲ့မှာ ပစ်သွားမှာကိုလည်း စိုးရိမ်နေရတယ်။
ဒါကြောင့် အချစ်ဆိုတဲ့ အရာမှာ စိုးရိမ်မှု့တွေရော၊ ကြောက်လန့်မှု့ တွေရော၊
ကြိုတင်ပူပန်နေရတာ တွေကော ရောပြွမ်းနေတာပေါ့။
ဒါဆိုရင် အချစ်ဆိုသော အရာဟာ မကောင်းဘူးလာ။ အဲလိုတော့ လုံးဝပြောလို့
မရဘူး။ ဘာကြောင့်လဲ ဆိုတော့ သဘာဝ တရားကို မကောင်းဘူး ဆိုတာ ပြောလို့
မရဘူး။ သဘာဝဟာ သဘာဝသာ ဖြစ်တယ်။ အမှန်တရား မဖြစ်နိုင်ဘူး။ မိုးတွင်းမှာ
မိုးရွာတာ- ဆောင်းတွင်းဆိုရင် ချမ်းအေးတာ- နွေဆိုရင် ပူလောင်တာ- ငှက်တွေက
ပျံသန်းနေတာ- ခွေးတွေက -ဟောင်နေတာ- အစရှိတဲ့ အရာတွေဟာ သဘာဝတွေ ဖြစ်တယ်။
အဲဒီ သဘာဝတွေ ကို ကောင်းတယ် မကောင်းဘူး ပြောလို့ မရဘူး။ ဖြစ်သင့်တယ်
မဖြစ်သင့်ဘူးလို့လဲ ပြောလို့ မရဘူး။
အဲဒီလိုပဲ လူတွေရယ်လို့ ဖြစ်လာပြီ ဆိုကတည်းက ချစ်ခြင်း - မုန်းခြင်း -
ကြမ်းတမ်းခြင်း - သိမ်မွေ့ခြင်း - တရား ခြင်း - မတရားခြင်း - အစရှိတဲ့
သဘောတရားတွေဟာ အတူ ပူးတွဲမွေးဖွား လာခဲ့တာ။ အဲဒီတော့ လူသားတစ်ဦး ရယ်လို့
မွေးဖွား လာပြီ ဆိုကတည်းက ချစ်တတ်လာမှာပဲ။ ကမ္ဘာဦးကတည်း က လူတွေဟာ
ချစ်တတ်လာကြတာ ဟိုး ကမ္ဘာပျက်ပြီး လူသားတွေ ပျက်စီးသွားတဲ့ နေ့ အထိ
ချစ်သွားကြဦးမှာပါပဲ။ ဒီကြားကာလတွေမှာလဲ အချစ် ဆိုတာ မကောင်းဘူး ပူလောင်
စေတတ်နှိပ်စက်စေတတ်တဲ့ သဘောတရားရှိတယ်လို့ ဘယ်သူတွေက တရား ဟောဟော
အချစ်ဆိုတဲ့ အရာကတော့ လူတိုင်းရဲ့ ရင်ထဲမှာ ရှိနေဦးမှာပါပဲလေ။
ဒါတွေက စာလုံးတွေပါ။ အမှန်တရားတွေ မဟုတ်ပါဘူး။ အမှန်တ၇ားဆိုတာက လူတွေရဲ့
ရင်ထဲမှာပဲ ရှိတာပါ။ တစ်ချို့ လူတွေက စာလုံးတွေကို အမှန်တရားလို့
ထင်နေတတ်ကြတယ်။ အမှန်တရားဆိုတာ ကိုယ့်နှလုံးသား ထဲမှပဲ ရှိတယ်။ အပြင်မှာ
လိုက်ရှာလို့လဲ တွေ့မှာမှ မဟုတ်တာ။
အခု ကျွန်တော် ပြောချင်တာက အချစ်ကြောင့် ပူလောင်နေတဲ့ လူတွေအတွက်
အထောက်အပံ့ ဖြစ်စေမယ့် ယတြာ ပြောချင်တာပါ။ ချစ်သူတွေ သမီးရည်းစားတွေ
လင်မယားတွေ အတွက်ပါ။ အဓိကကတော့ အင်မတန် သံယောဇဉ် ကြီးတတ်တဲ့ လူတွေ
အတွက်ပါ။ အင်မတန် သံယောဇဉ် ဖြစ်ကြတဲ့ ချစ်သူစုံတွဲတွေက သူတို့ရဲ
ချစ်သူနဲ့ ဘာ အကြောင်းနဲ့မှ မကွဲချင်ကြဘူး။ မဝေးချင်ကြဘူး။ လက်တွဲ
မဖြုတ်ချင်ကြဘူး။
အဲဒီလို မဝေးချင်ကြဘူးဆိုရင် ကျွန်တော်တို့ ဂမ္ဘီရအတတ်ပညာနဲ့ ဒီလို
စီရင်ထားလို့ ရပါတယ်။ အဲဒီမှာ မေးစရာ တစ်ခု ရှိတာက အဲဒီလို လုပ်ထားရင်
ငရဲမကြီးဘူးလားလို့ မေးတတ်ကြတယ်။ အဲဒါတော့ ကျွန်တော် သေသေချာချာ
မသိပါဘူး။ ကျွန်တော် သိတာကတော့ ချစ်သူနဲ့ ကွေ့ကွင်းရခြင်းကြောင့်
စိတ်ထဲမှာ တမြေ့မြေ့ လောင်ကျွမ်းနေ တာဟာလဲ ငရဲကြီး နေတာပဲ မဟုတ်လားဗျာ။
အဲဒီတော့ ကျွန်တော်တို့ လူသားတွေဟာ သေမှ ငရဲကြီးတာလား မသေခင်
ငရဲကြီးတာလား ဆိုတာကိုတော့ ကျွန်တော်လဲ ဉာဏ်မမီတော့ မစဉ်းစား
တတ်တော့ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အရာအားလုံးဟာ ကမ္ဘာ တည်သရွေ့
ရှင်သန်နေဦးမှာပါ။
အချစ်စစ်တို့ခိုင်မြဲစေရာ ယတြာ
ယောက်ျား၏ နေ့နံ အသားရယ် မိန်းကလေးရဲ့ နေ့နံ အသားရယ် လိုပါတယ်။
အလုံးလေးတွေပါ။ လက်ညှိုးလုံး လောက်ဆို ရပါတယ်။ အရှည်ကတော့
လက်နှစ်ဆစ်ဆိုရပါပြီ။ အကိုင်းလေးတွေ လက်နှစ်ဆစ်လောက် ဖြတ် လိုက်ရင်
ရပါပြီ။ အဲဒီ အလုံးလေးတွေကို တခြမ်းဆီခွဲလိုက်ပေါ့။ အားလုံး စုစုပေါင်း
အခြမ်း (၄)ခုရတယ်။ ယောက်ျားလေးရဲ့ နေ့နံ အသားက နှစ်ခြမ်း၊ မိန်းကလေးရဲ့
နေ့နံအသားက နှစ်ခြမ်းနော်။ ယောက်ျားလေး အခြမ်းနှစ်ခြမ်းမှာ ယောက်ျားလေး
အမည်ကိုရေး။ မိန်းကလေး အခြမ်းနှစ်ခြမ်းမှာ မိန်းကလေး အမည်ရေး။
ပြီးရင် ယောက်ျားလေး တစ်ခြမ်းနဲ့ မိန်းကလေး တစ်ခြမ်းကို
မျက်နှာခြင်ဆိုင်ပြီး ပူးပြီးတော့ နှီးနဲ့ချဉ်။ နောက်နှစ်ခြမ်း ကိုလည်း
အဲဒီလို ပူးချဉ်။ ပူးချဉ်ပြီးသား အလုံးလေး နှစ်လုံးရပြီနော်။
တစ်လုံးကိုတော့ စစ်စီးသုတ် ရွှေချပြီး ဆောင် ထားလိုက်ပါ။
နောက်တစ်လုံးကတော့ ရေသန့်သန့်မှာ မျှောလိုက်ပြီး ကိုယ်လိုရာကို
ဆုတောင်းလိုက်ပါ။ ယတြာ ကတော့ ဒီလောက်ပါပဲ။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ