ဆုံးရှုံးနေသော ပစ္စည်းဥစ္စာများ ပြန်ဝင်စေသောယတြာ

သင်သည် အလုပ်ကို ကြိုးစား၍ လုပ်ကိုင်၏။ သို့ရာတွင် သင်၏ အလုပ်သည်
အောင်မြင်မှု့မရှိပဲ ဆုံးရှုံးမှု့ များနှင့် ကြုံတွေ့နေရ၏။ သင်၏
စီးပွားရေး လုပ်ငန်းသည် ဦးမော့မလာပဲ နစ်မြုတ်နေ၏။ အလွယ်ပြောရပါမူ သင်သည်
လှော်ရင်းနစ်နေ၏။ ထိုအခါ မျိုးတွင် သင်၏အသက်ကို (၄)နှင့်မြှောက်ပါ။ ရသော
အရေအတွက်ကို မုန့်လုံးရေပေါ် လုပ်ပါ။ ထိုအထဲမှ မုန့်လုံးရေပေါ် (၁၀)လုံးကို
နံနက်(၁၀)နာရီ တိတိတွင် အိမ်ဘုရားတွင် လှူပါ။

သင်၏အသက်ကို (၇) ဖြင့်စားပါ...

(၁)-ကြွင်းလျှင်.............တနင်္ဂနွေနေ့တွင်ပြုလုပ်ပါ။
(၂)-ကြွင်းလျှင်............တနင်္လာနေ့တွင် ပြုလုပ်ပါ။
(၃)-ကြွင်းလျှင်............အင်္ဂါနေ့တွင်ပြုလုပ်ပါ။
(၄)-ကြွင်းလျှင်............ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ပါ။
(၅)-ကြွင်းလျှင်............ကြာသပတေးနေ့တွင် ပြုလုပ်ပါ။
(၆)-ကြွင်းလျှင်............သောကြာနေ့တွင် ပြုလုပ်ပါ။
အကြွင်းမရှိပဲ ပြတ်သွားလျှင် စနေနေ့တွင် ပြုလုပ်ပါ။

(၁၀)-လုံးတိတိကို မြတ်စွာဘုရားအား ကပ်လှူပြီးလျှင်
ပိုသောမုန့်လုံးများကို အိမ်နီးနားချင်းများအား ဝေလိုက်ပါ။ ဤယတြာသည်
ကုန်းဘောင်ခေတ်တွင် အသုံးပြုခဲ့သော ရှေးယတြာဖြစ်ပါသည်။ ထိုယတြာ
လုပ်ပြီးသည်နှင့် နစ်မြုတ်နေသော သင်၏ စီးပွားရေးလုပ်ငန်းသည်
ဦးမော့လာပေလိမ့်မည်။ အလွန် ထူးခြားသော ယတြာဖြစ်သည်။ စီးပွားရေး
လှော်ရင်း နစ်နေသူများ ပြုလုပ်သင့်ပါသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ