သံယောဇဉ်လက်ကျန်ရှင်းတမ်း @ အသည်းကွဲခြင်း @ အချစ်

မိုးစက်ကြမ်းကြမ်းရွာတဲ့
ဟောဒီညမှာ
ငါ့ရင်ခုန်သံတွေ တိုးတိပ်ခဲ့ရတယ်

ကမ္ဘာအနှံ
ယှက်သန်းနေတဲ့ အသည်းကွဲခြင်းတွေ
ငါ့ရှေ့မှာ ဖောက်ခွဲပစ်လိုက်ပါ။

မင်းပြောတဲ့ စကားတစ်လုံးသာ
မြှားတစ်စင်းဆိုရင်..
ငါ့ရင်မှာ မြှားအစင်းစင်းစိုက်ရောက်
တိုးမပေါက်တော့ဘူး ချစ်သူ

ဆုတွေလည်း
တောင်းတိုင်းမပြည့်တက်ပါဘူးလေ..
ကံကြမ္မာကမှ
ကိုယ့်ဘက်မပါလေတော့
အချစ်လည်း (ငါ့ကို..)ရှောင်ဖယ်တက်နေပြီ

မင်းရှေ့မှာ စကားတွေသေဆုံးသွားတာ
တစ်နေ့ မင်းသိလာမှာပါ….။

လမသာ တိမ်ပျောက်
အိမ်ပြန်မရောက်တဲ့တေလေတစ်ယောက်လို
လွင့်မျောပျောက်ကွယ်
တွယ်စရာလည်း မရှိပါဘူးကွယ်…

ချစ်သူရေ…
ချစ်သူရေ…
အားကုန်အော်ဟစ်
ငါပျိုးတဲ့ သံယောဇဉ်တွေ
ပြန်ရိပ်သိမ်းခွင့်တောင် မရှိခဲ့ပါလား..။

ကံဆိုးသူကိုမှ
ရက်စက်တက်လေသလားကွယ်..
အရည်ပျော်စီးဆင်း
ငိုကြွေးခြင်းတွေ
ထိန်းမရပြိုကျ
ချစ်သူရေ…
………
ငါ့ အသည်းကွဲပြီ..။

နန်းညွန့်ဦး

1 comment:

  1. အရမ်းကောင်းတဲ့ကဗျာတစ်ပုဒ်ပါ

    ReplyDelete

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ