ဖြစ်နိုင်ရင် ပိုင်ဆိုင်ချင်သူပါ။
۵۵ ကျွန်တော်ဟာ စိတ်ကူးယဉ်အချစ်နဲ့
တစ်ဖက်သတ်အချစ်ကို
ကပျက်ကညစ်နဲ့ သိုဝှက်နေသူပါ။
ဘယ်ဘ၀က၀ဋ်ကြွေးတွေပါလဲ..?
ဒီဘ၀မှာကော ဘာတွေထပ်ပြီးပေးရဦးမှာလဲ ?
ကြောက်ပြလည်းရှုံးမယ့်အတူတူ " ရဲ " ပြပါရစေလား..။
۵۵ မငိုတက်ပေမယ့်
ဝမ်းနည်းစရာရှိရင် ၀မ်းနည်းတက်တဲ့
သာမန်လူငယ်ပါ။
ငါ့ကိုခေါ်ပါ ဟန်နီ….
မင်းခေါ်ရင် တောင်နဲ့တိမ်ကိုဖြတ်ကျော်ပြီး
လိုက်ခဲ့ချင်ပါတယ်..။
ဒါပေမယ့် ငါနဲ့မတန်သူပါ…။
۵۵ ဟန်နီက လမင်းကျွန်းလေးဆိုရင်
ကောင်းကင်ပင်လယ်မှာ မျောနေရတဲ့
ဥက္ကာကြယ်ပွင့်က ကျွန်တော်ပါ..
ဆုံဆည်းဖို့မလွယ်ပါဘူး။
۵۵ ဒါတောင် ဒီကောင်ကဆုံဆည်းချင်နေတာ ဘာ့ကြောင့်ပါလဲ။
ရာဇ၀င်တစ်ပိုင်းတစ်စကို ခုတ်ဖျက်ချေမွပစ်ချင်ရဲ့…။
۵۵ ကောင်းကင်ကို စီးမိုးကြည့်နေတဲ့ချစ်ခြင်းရယ်…
ဘာကြောင့် ဒီလောက်ရဲရင့်ချင်ရတာလဲ ?
လက်ကျန်ရှင်းတမ်းတွေ နိမိတ်မကောင်းတာ …….
ငါပဲသိပါတယ် ဟန်နီ ။
۵۵ အနိုင်မယူလိုသူအတွက်
အရှုံးဟာ အဓိပ္ပာယ်မရှိပါဘူး..
ငါတွေးနေမိတာ..
လွင့်မျောနေတဲ့ တေးသွားတစ်စပါ..။
۵۵ ချစ်သူရဲ့နာမတော်ဟာ ကျွန်တော့်အတွက်
အလှပဆုံးပန်းတစ်ပွင့်ပါပဲ..။
ဒါပေမယ့် သူတို့နားမလည်ပါဘူး။
မင်းနဲ့ချစ်ခွင့်ရဖို့
ဘယ်လို ဆုတွေတောင်းရမလဲ ..ဟန်နီ..။
တစ်ကယ်တော့… ငါဟာ ကြက်ခြေခတ်ကိုထမ်းပြီး
လာလမ်းအတိုင်း ပြန်ရမယ့် လူငယ်ပါ..။
လက်ညိုးတွေကို မုန်းတယ်..။
۵۵ နောက်ဆုံးမှာ ထမ်းထုတ်ရမယ့် လူနာဟာ
ငါ ဖြစ်ချင်ဖြစ်နေမှာပါ..။
۵۵ တစ်ကယ်ပါ ဟန်နီရယ်..
ငါဟာနင့်ကို အခါအခွင့်မရွေးဘဲ
ရာသီပြည့်ချစ်မိသူပါ…။
۵۵ အခြေအနေလည်းပေး
သူကလည်းဖတ်မယ်ဆိုရင်..
မင်းရဲ့ပြဌာန်းစာအုပ်ထဲ ကဗျာတစ်ပုဒ်
ရေးထည့်ပေးချင်ပါတယ်..။
۵۵ အချိန်တန်လာရင်
ကျွန်တော် သိမ်းထားတဲ့ အမြူတေတစ်လုံးကို
ဟန်နီတွေ့ခွင့်ရမှာပါ။
အဲ့ဒီအခါကျရင်
ကျွန်တော်ရှိချင်လည်း ရှိမှာပါ။
မရှိခဲ့ဘူးဆိုရင်တောင်
နည်းနည်းတော့ အသိအမှတ်ပြုလိုက်ပါ..
۵۵ ဒါပေမယ့် ကျွန်တော်ရဲ့ မှတ်တိုင်ရှေ့မှာ
ကြေကွဲသစ္စာတွေ လာပြီး ချမပြပါနဲ့
۵۵ ငါတို့နောက်မကျခဲ့ပါဘူး ဟန်နီရယ်..
နေ၀င်ချိန်ကိုက စောလွန်းတာပါ…။
နန်းညွန့်ဦး
۵۵ ကောင်းကင်ကို စီးမိုးကြည့်နေတဲ့ချစ်ခြင်းရယ်… ဘာကြောင့် ဒီလောက်ရဲရင့်ချင်ရတာလဲ ? လက်ကျန်ရှင်းတမ်းတွေ နိမိတ်မကောင်းတာ ……. ငါပဲသိပါတယ် ဟန်နီ ။
ReplyDeleteအရမ်းကြိုက်တယ်