အင်းတစ်ပြား

 အုနဲ..အုနဲ.... အုနဲ...အုနဲ.... “အောင်မလေးတော်...ယောင်္ကျားလေးဟဲ့” ငါးခြောက်ပွဲစား ကို အောင်ခန့်၏ မိန်းမ မိရွှေ ကလေးမွေးခြင်းဖြစ်သည်။ကိုအောင်ခန့်တို လင်မယားသည် တဇောင်းပင်ရွာ သူရွာသားများ ဖြစ်ကြသည်။တရွာလုံး ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင် ကြသော်လည်း အောင်ခန့်တို့က မြို့တက်ပြီး ငါးခြောက်ပွဲစားလုပ်လေသည်။တစ်ရွာလုံးမှာ သူတစ်ယောက်ထဲ ပွဲစားဖြစ်သဖြင့် ငွေရေးကြေးရေးအတော်အတန် အဆင်ပြေလေသည်။ လင်မယားနှစ်ယောက်စလုံး အသက်၃၀ကျော်လေးတွေသာဖြစ်ပြီး လင် မြို့တက်လျင် မယားက ရွာထဲ ငါးခြောက်ဝယ် ၊အိမ်မှာ လှမ်းသင့်တာလှမ်း၊ သိမ်းသင့်တာ သိမ်းသည်။သားသမီး မရတော့ဟု လင်မယား နှစ်ယောက်ထင်ထားသော်လည်း အိမ်ထောင်သက်တမ်း ၇ နှစ်ကျော်မှ မမိရွှေတစ်ယောက် ကိုယ် ၀န်ရခြင်းဖြစ်သည် ။ ကိုယ်ဝန်ရခါစ က လင်မယားနှစ်ယောက် အလွန်ပျော်ရွှင်ခဲ့ကြသည်။ကိုယ်အောင်ခန့်လဲ အလုပ်ကို ယခင်ကထက် ပိုမို လုပ်ဆောင်ခဲ့သည်။ကိုယ်ဝန် ၃ လကျော်တွင် “ယောင်္ကျားရေ..” စရင်းရေးနေသော ကိုအောင်ခန့်က “ပြောလေ မိန်းမ” “ကျွန်မလေ ဒီရက်ပိုင်း ...တော်ပါပြီးပြောတော့ပါဘူး” “ပြောပါ မိန်းမရဲ့ ဘာဖြစ်လို့လဲ” “ဟိုလေ..ကျွန်မ ဒီရက်ပိုင်း အမဲသားဟင်း သိပ်စားချင် တာဘဲ” “သြော်...ဘာများလဲလို့ မိန်းမကလဲ ကိုယ်ဝန်ကြီးနဲ့ဟာ ဒီလိုဘဲ ချင်ခြင်းတက်တာ နေမှာပေါ့” “မဟုတ်သေးပါဘူး ယေင်္ကျားရယ် သူများတွေက အချဉ် အငံ ချင်းခြင်းတက်တာ ကျွန်မက..” “နေနေ..ငါ ညနေကျရင် ရွာတောင်ဘက်က ၅၀ သားလောက် ဆွဲခဲ့မယ် ငါလဲနင့်ကိုကျွေးမလို့လုပ်နေတာ နင်ကလေးမွေးရင်လဲ အားရှိအောင်လို့” “အို မွေးဖို့က အဝေးကြီး လိုသေးတာ ဒါဆို ရှင် ညနေ ၀ယ်ပြီးပြန်လာရင် စောစောပြန်ခဲ့ ဒီရက်ပိုင်း အိမ်နားမှာ ခွေးတွေသိပ်ဟောင်တယ် အူပါအူတယ်” “အေးပါ မိန်းမရယ်” မမိရွှေ ပြောလဲပြောချင် စရာ။ဒီရက်ပိုင်း သူတို့ အိမ် နားဝန်းကျင် ခွေးတွေ သိပ်အူတာဘဲ။တစ်ရွာလုံးက ခွေးတွေ ရောက်နေသလိုပါဘဲ။နေ့တွေရက်တွေသာ ပြောင်းလာတယ် မမိရွှေ တစ်ယောက် အမဲသားစားချင်တဲ့ စိတ်က ပျောက်မသွားဘူး။အရင် တစ်ပတ် ကို အမဲသားတစ် ပိဿာ ကနေ နှစ်ရက် ကို တစ်ပိဿာဖြစ်လာတယ်။ဒီလိုနဲ့ မမိရွှေတစ်ယောက် မွေးမဲ့ ရက်နားရောက်လာတယ်။မွေးရက်နီးလေ ကို အောင်ခန့် တစ်ယောက် ပို ဂရုစိုက်လေဘဲ။ အုနဲ..အုနဲ.... အုနဲ...အုနဲ.... “အောင်မလေးတော်...ယောင်္ကျားလေးဟဲ့” “ဟဲ့ အောင်ခန့် နင် သားလေးရပြီး ၀င်မလာနဲ မီးနေ အခန်းထဲ ကို ခဏနေရင် ငါနင် သား ခေါ်ထုတ်လာမယ် “ အခန်းထဲမှ လက်သည် ဒေါ်စ အသံ ကိုကြားရသဖြင့် ကိုအောင်ခန့်တစ်ယောက် ၀မ်းသာလုံးဆို့ သွားသည်။မွေးခါနီး ရွာလက်သည်ဒေါ်စ နှင့် သူ့သမီးကို ကိုအောင်ခန့် အိမ်ပေါ်ခေါ်ထားသဖြင့် အဆင်ပြေသွားခဲ့သည်။သိပ်မကြာပါ အခန်း တံခါးပွင့် လာသည်။ဒေါ်စ တစ်ယောက်ထဲ ထွက်လာသည်။ “ဟင်.. ကြီးစ..” “ကလေးကော..... “ “ဒီမှာ ငါပြောတာ နားထောင်” “ဟင်..ဘာဖြစ်လို့လဲ ကလေး ဘာဖြစ်လို့လဲ ကျွန်တော့် မိန်းမကော “ “ဟဲ့ ငါပြောတာအရင်နားထောင် နင့် ကလေး ကော နင့် မိန်းမကော နေကောင်းတယ် ငါပြောချင်တာနင့်ကလေး” “ဗျာ..ကျွန်တော့ ကလေး” “အေး နင် စိတ်အေးအေး ထားမှဖြစ်မယ် ငါလဲ ပထမ မမြင်မိဘူး ငါ့သမီးပြမှတွေ့တာ..နင့် ကလေးက သွားတွေပေါက်နေတယ်..” “ဗျာ..” “ဗျာ မလုပ်နဲ့ သွားတောင်မှ အစွယ်နေရာလေးတွေ မှာ ပေါက်နေတာ ရှင်းရှင်းပြောရရင် အစွယ်လေးတွေပေါက်နေတာ နင့် မိန်းမကို ကလေးမပြရသေးဘူး သွေးတက်သွားမှာစိုးလို့ နင့်ကိုအရင်ပြောတာ..ကလေးငါခေါ်လာမယ်..” ဒေါ်စ ပြောပြောဆိုဆိုနှင့် အခန်းထဲပြန်ဝင်သွားခဲ့သည်။ခဏအကြာတွင် ကလေးကို ပုစိုး နှင့် ပိုက်၍ ဒေါ်စ အခန်းထဲကထွက်လာသည်။ကိုအောင်ခန့် လက်ထဲ ထည့်ပေးလိုက်သည်။ကိုအောင်ခန့်ခဏငြိမ်ကျသွားသည်။ပြီးမှ သားလေးရေ ပူတူတူလေးရေ..ဆိုတဲ့ အသံထွက်လာခဲ့သည်။သို့သော် အောင်ခန့် မျက်လုံးထဲတွင် သူ့သားနှုတ်ခမ်းနီတာရဲ လေးမှ သွားဖြူဖြူလေးတွေကိုမြင်ယောင်မိနေသည်။ ကလေးစိတ်ချရအောင် ဒေါ်စကို တစ်ပတ်လောက်နေပါလို့ပြောနေတာကို သူ့သမီးလက်ဆွဲ၍ပြန်သွားလေသည်။ ဒေါ်စပြန်ပြီး နှစ်ရက်အကြာတွင် ရွာထဲမှာ သတင်းထွက်သွားသည်။အောင်ခန့် မိန်းမ ဘီလူးမွေးလို့တဲ့။အောင်ခန့်တိုအိမ် လူစည်သွားသည်။အကောင်းပြောသူရှိ သလို မကောင်းပြောသူ လဲရှိသည်။ရွာကျောင်းက ဆရာတော်က အင်းပြားလေး တစ်ပြား ပေးသည်။ကလေးနေကောင်းဖို့အတွက်လို့ပြောသည်။ဆိုးတာက အင်းကိုကလေးဘေးနားချထားရင် ကလေးကမအိပ်တော့ဘဲ တစ်ညလုံး ငိုနေတော့သည်။ ထိုကြောင့် အောင့်ခန့် ကဘုရားစင်ပေါ် တင်ထားလိုက်သည်။ဘယ်သူတွေဘာဘဲပြောပြော အောင်ခန့်တို လင်မယားက သူတို့ ကလေးကိုချစ်ကြသည်။ကဲ့ရဲ့ ၇ ရက် ချီမွန်း ၇ ရက် ဆိုကာ လင်မယားနှစ်ယောက် ကလေးကို ပိုမို ပြုစခဲ့ ကြသည်။သည်လိုနှင့် ကလေးအသက် ၃ လကျော်လာခဲ့သည်။အောင်ခန့်လဲ သူ့၏ပွဲစားအလုပ်ကိုပြန်လည်လုပ်ကိုင်လာပြီးဖြစ်သည်။တစ်နေ့ ကိုအောင်ခန့်တစ်ယောက်မြို့ကအပြန် အသားခြောက်လေးတွေ ဈေးချိုလို့မိန်းမအတွက်ဝယ်လာခဲ့သည်။အိမ်ရောက်သောအခါ မိန်းမကမစားချင်သေးသဖြင့် ဟင်းချက်ရန်အတွက်သိမ်းထားလိုက်သည်။ နောက်တစ်ပတ်မြို့တက်ခါနီတွင် “ကိုအော်ခန့်” “ဟေ.. မိန်းမ” “ရှင် ၀ယ်လာတဲ့ အမဲခြောက်တွေ ယူစားသေးလာ” “အာ..ငါ လယ်လို စားမလဲ မိန်းမ ပဲသိမ်းထားတာမဟုတ်ဖူးလား” “ဒီမှာ တော်ရေ ကြောင်အိမ်ပေါ် တင်ထားတာ နှစ်ချောင်းဘဲ ကျန်တောတယ်..ရှင်သူငယ်ချင်းတွေများ ပေးပစ်လားလို့” “ပေး စရာလား ဟ..နင်စားဖို့ ၀ယ်လာတာဘဲဟာ..ကြည့်ပါဦဟ ကြောင်ဆွဲတယ်ထင်တယ်..” “သိဘူး ... တော်ရေ..ဒီမှာရှင် ၀ယ်လာတာ ၅ချောင်းမှာ ၂ချောင်းဘဲ ကျန်တော့တယ်” “ကြောင်ဆွဲတာလားကြွက်ဆွဲတာလား ညနေ ငါပြန်လာရင် ထက်ဝယ်လာပေးမယ် ဟုတ်ပြီးလား” ညနေ ကိုအောင်ခန့်ပြန်လာသောအခါ အမဲ ခြောက်ကို ထပ်ဝယ်လာခဲ့သည်။ နောက်တစ်နေ့တွင်လဲ အမဲခြောက်၂ ချောင် ထက်ပျောက်နေပြန်သည်။နောက်ပိုင်းရက်တွေဆိုလျှင် ၅ချောင်းဝယ်လျှင် သူတို့ လင်မယား ၅ချောင်းလုံး မစားရ။တစ်ချောင်းစ နှစ်ချောင်း စ ပျောက်တက်နေသည်။နောက်ပိုင်းရက်တွေဆို လျှင် အမဲခြောက်မရှိလျှင် အိမ်အောက်မွေးထားသော ကြက်အုပ် မှ ကြက်ပေါက်လေးတစ်ကောင် ပျောက်နေတက်သည်။ အမဲခြောက်ပျောက်သောအခါ သတိမထားမိ။ကြက်ပေါက်လေးများပါ ပျောက်သောအခါ ကိုအောင်ခန့်တစ်ယောက်သတိထားလာမိသည်။အိမ်မှာ အမဲခြောက်မရှိသောရက် တွင် ကြက်ပေါက်လေးများပျောက် သည်ကိုလဲ သတိထားလာမိသည်။မိန်းမ ကိုတော့ကြောက်မည် စိုး၍ အသိမပေးသေး။ ဒီလိုနှင် တစ်ည.. ရွာမီးက ည ၁၀နာရီကျော်လျှင် မပေးတော့သဖြင့် အောင်ခန့်တို့အိမ်မှောင်နေသည်။ သို့သော တစ်ညလုံး ထွန်း ထားတက်သည့် ဒီဇယ်မီအိမ်က လင်းနေပေသည်။လ ကလဲသာသည်မို့လို့ ကို အောင်ခန့်တစ်ယောက် အိပ်မရ။ကြက်ပျောက်သည့်ကိစ္စ ၊ ငါးခြောက်ဈေးကလဲ ကျသည်မို့လို အိပ်မရဘဲ တောင်တွေးမြောက်တွေးဖြစ်နေသည်။ ထိုစဉ် သူ့အနားက တစ်ခုခု လှုပ်သွားသည်။သူမှိတ်ထားသော မျက်လုံး မှေးကာဖွင့်ကာ ကြည့်မိသည်။သူတို့ လင်မယားကြားထဲတွင် ကလေးကိုထားအိပ်သည်။သူတို့ကလေးက နေဘက်ဆိုရင်တောင် မျက်လုံးသိပ်မဖွင့်၊ အခု ကလေးက မျက်လုံးစုံဖွင့်ကာ သူ့အမေ ကိုကြည့်နေသည်။ခဏနေတော့ သူ့ဘက်လှည့်လာသည်။ကိုအောင်ခန့် အိပ်ချင်ယောင်ဆောင်လိုက်သည်။ခဏနေတော့ သူ့အနားက တစ်ခုခု လှုပ်ရှားနေကြောင်း ကိုအောင်ခန့် သတိထားမိသည်။မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့သား...။ ၃လအရွယ်သူ့သားက လူကြီးတစ်ယောက်လို ထိုင်နေသည်။ပြီးတောမတ်တပ် ရပ်သည်။၃လ အရွယ် ကလေးတစ်ယောက်က မည်သို့မျှ ထိုသို့မလုပ်နိုင်။တခြားသူလဲမဟုတ် သူ၏သား အရင်းဖြစ်သည်။ကလေးက တဖြေးဖြေးချင်း ခြေလှမ် လှမ်းကာ ကြောင်အိမ်ဘက်သို့ သွားနေသည်။ထွန်းထားသောမီးအိမ်ကလဲ လင်းနေသည်။ကလေးက ကြောင်အိမ်အနားရောက်သောအခါ ကြောင်အိမ် ကို တွဲ တက်လေသည်။ကြောင်အိမ်ပေါ်သို့ရောက်သောအခါ ကျကျ နန ထိုင်ကာ ကိုအောင်ခန့်ဝယ်ထားသောအမဲခြောက်ကိုယူစားလေသည်။ ကိုအောင်ခန့် ဇော်ချွေးများပါ ပြန်လာသည်။ ရုပ်ရှင် တစ်ခုကို ကြည့်နေရသလိုဖြစ်နေသည်။ကလေးက မွေးရာပါ အစွယ်လေးများဖြင့် အမဲခြောက်ကို ကိုက်စားနေသည်။ ကိုအောင်ခန့် ကျောတစ်ခုလုံးချွေးများဖြင့် စိုနေသည်။ ကိုအောင်ခန့်မနေ နိုင်တော့၍ တစ်ချက်လှုပ်ကြည့်သည်။ကလေးက ၀ုန်းဆို ကြောင်အိမ်မှ ခုန်ချသည်။တောရုံတန်ရုံ လူကြီးတစ်ယောက်ခုန်ချလျှင်ပင် ခြေဆစ်လွဲနိုင်သောအမြင့်ဖြစ်သည်။အခု သူ့သားက အ၀တ်ထုတ်တစ်ခု ပစ်ချသလိုဖြစ်နေသည်။ကလေးက ကြောင်အိမ် မှ သူတို့ အိပ်ရာထဲဝင်ကာ အနှီးထဲတွင် ပြန်အိပ်သွားသည်။အောင်ခန့် ဘယ်လိုမှ အိပ်မရတော့။အိမ်မတ်လဲမဟုတ်။သူ့အတွေးထဲတွင် ကြက်ပျောက်သည့်ကိစ္စ ပြန်ဝင်လာသည်။ဒါဆို ကြက်ပေါက်လေးတွေပျောက်တာ ဒီကလေးလက်ချက်ပေါ့။သူခေါင်းမီးတောက်သွားသည်။သူ့သားရှိရာ ဘက်ကို ကျောပေးလိုက်သည်။သူမည်သို့လုပ်မည်နည်း။ဒေါ်စပြောတဲ့ စကားတွေ နားထဲ ပြန်လည်ကြားယောင်လာသည်။ ရွာကလူတွေ ပြောစကားတွေ နားထဲ အထပ်ထပ် ကြားနေမိသည်။ အောင်ခန့် မယားလေ ဘီလူးလေးမွေးလို့ အောင်ခန့် နင့်သားက အစွယ်လေးတွေနဲ့ ဘီလူးလေးမွေးတာဆို.... ဘီလူးလေး ဘီလူးလေး.. ဒီလိုနှင့် ကိုအောင်ခန့် တစ်ယောက် မိုးလင်းခဲ့သည်။ တစ်ခေါင်းလုံးမူးနောက်နေခဲ့သည်။ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ကလေးကတော့သူ့ထုံးစံ အတိုင်း အိပ်နေသည်။သူမဟုတ်သလို။မိန်းမကတော့ ဘားမှမသိ။သူဝတ္တရားအတိုင်း ထမင်းထချက်သည်။ တစ်မနက်လုံး ကိုအောင်ခန့်တစ်ယောက် အိမ်ထဲမ၀င်။အိမ်ရှေ့ကွပ်ပြစ် တွင် ဆက်တိုက်ထိုင်နေမိသည်။ဘုန်းကြီးကျောင်းဘဲပြေးရမလား။အမေတို့ရှိတဲ့ ဟိုဘက်ရွာကို ပဲပြေးရမလား။ အတွေးတွေရှုပ်နေသည်။မိန်းမနဲ့ ဒီကလေး ထားခဲ့လို့မဖြစ်။မိန်းမကိုပြောမှရမည်။တစ်ခုခုလုပ်မှရမည်။ “မိန်းမရေ..မိန်းမ” “ရှင် ယောင်္ကျား...ထမင်းစားတော့မလို့လား” “မဟုတ်ဖူးဟ ငါမြို့တက်မလို့” “ရှင်...ဘယ်လိုဖြစ်တာလဲ စနေမှ တက်မလို့ဆို..” “မဟုတ်ဖူးဟ..ဒီရက် ငါးလ၀ါခြောက်လေးတွေ ဈေးတက်နေတယ်လို့ကြားတယ်.. တစ်ချက်လောက် ဈေးတက်ကြည့်မလို့..ငါစောစောပြန်ခဲ့ပါမယ်ဟာ..” “အင်းအင်း..ဒါဆိုလဲပြီးရော..ရှင်စောစောပြန်ခဲ့နော်..ကျွန်မမှာ ကလေးနဲ့..” “အေးအေး...” လို့သာ အောင်ခန့် ပြောလိုက်ရသည်။စိတ်ထဲတွင် မအေး။ရင်ဘက်တစ်ခုလုံး ပူလောင်လျှက်ရှိသည်။ အောင်ခန့်တစ်ယောက် မြို့ရောက်သော အခါ ဘယ်မှ မ၀င်။အမဲခြောက်ဆိုင်ကို သာအရင်သွားလိုက်သည်။ အရင် လို အိမ်စားရုံအတွက်သာမ၀ယ်။တစ်ပိဿာ ၀ယ်လာခဲ့သည်။ယခင်က မြို့ကပြန်လာတိုင်း ပျော်ရွင်စွာပြန်လာခဲ့ သည်။ယခု အခေါက် က ကိုအောင်ခန့်ရင်ထဲ တစ်ကယ်မပျော်ရွင်ခဲ့။တစ်နေရာရာ ကိုပြေးထွက်သွားချင် မိသည်။ အိမ်အပြန် တစ်ရွာလုံးတိတ်နေသည်။သူ့စိတ်ထင် ဖြစ်မည်။အိမ်ရောက်တော့ မိန်းမ ကို မတွေ့။ ချဉ်ပေါင်ခင်းထဲ ရောက်နေသည်။တစ်လမ်းလုံး စဉ်းစားလာသမျှ ကိုယ့်မိန်းမကို ဘယ်က စပြောရမလဲမသိ။အမဲခြောက်ထုပ်ကို အိမ်ရှေ့တွင်ထားပစ်ခဲ့သည်။မိန်းမအား ပြောစရာ ရှိသည်ဟုဆိုကာ ဘေးမှာသွားထိုင်လိုက်သည်။ မိန်းမ က “သြော်..ယောင်္ကျား ပြန်ရောက်ပြီလား စောတယ်နော် ကျွန်မက ည မှပြန်ရောက်မယ်ထင်နေတာ” “မိန်းမ မိန်းမကို ယောင်္ကျားပြောစရာရှိတယ်” “ဟင်..ထူးထူးဆန်းဆန်း ဘာဖြစ်လို့တုန်းယောင်္ကျားရဲ့” “ဒီမှာ ငါတို့အိမ်မှာတစ်ခုခုဖြစ်နေတယ် ငါလဲနင့်ကို ဘယ်လိုပြောရမလဲကိုမသိတာ” “ဟင်ဘာဖြစ်လို့” “မနေ့ ညက ငါ...ငါတို့သားနဲ့ ပတ်သက်ပြီး ထူးဆန်တာတစ်ခုတွေ့တယ် နင့်ကိုပြောပြလို့လဲ နင်ယုံမှာ မဟုတ်ဖူး” “အဲ့ဒါကြောင့် နင် ညကြရင် စောင့်ကြည့်ပါ” “ ဟင် ကျွန်မတို့ ကလေးက ဘာဖြစ်လို့လဲ” “ငါတို့ ည ရောက်ရင် ပုံမှန်အတိုင်းအိပ်ကြမယ် စောင့်ကြည့်တာကိုလဲ မသိမသာစောင့်ကြည့် “ “ဟယ် ရှင်ကလဲ ထူးထူးဆန်းဆန်း ကလေးကို “ “ငါပြောတာကိုသာလုပ်စမ်းပါဟာ” “ကလေးကို ထူးထူးဆန်းဆန်းဘာမှ လျှောက်မပြောနဲ့ ပုံမှန်အတိုင်းနေ” “အင်းပါတော် ရှင်မြို့တက်ပြီးထူးထူးဆန်ဆန်း ဘာလဲ အပမှီလာတာလား ဟီဟီ” မိန်းမ ကတော့ ပျော်ပျော်ဘဲတွေးနေသည်။အောင်ခန့်ကတော့ ရင်တွေပူလို့။ ထုံးစံအတိုင်း ညရောက်လာသည်။မိရွှေ ကတော့ ယောင်္ကျားပြောသည့်အတိုင်း နေသည်။ နို့တိုက်ချိန်မှာတော့ အောင့်ခန့် ကို ပြုံးကြည့် ကြည့်သည်။အောင်ခန့်ကတော့ တစ်နေကုန် ကလေးနားမကပ် သူ့အလုပ်တွေသာဖိလုပ်နေသည်။ ညက မှောင်၏။အပြင်တွင် လေတိုက်သံ နှင့် အိမ်နားက ခွေတစ်စုအူသံသာကြားရသည်။ရွာထိပ် ကင်းတဲ မှ ည ၁၁ နာ၇ီ ထိုးကြောင်းသံချောင်းခေါက်သံကြားရသည်။ မိရွှေ အိပ်ပျော်သွားပြီးလာ ဟု တစ်ချက်တစ်ချက်ကြည့်ရသေးသည်။မိရွှေကလဲ မှင်သေသည်။သူတောင်ငိုက်ချင်ချင်ဖြစ်လာခဲ့သည်။တစ်ချက်တစ်ချက် မှေခနဲ ဖြစ်သွားသည်။ အသံတစ်ခုခုကြောင့်သူလန် နိုးသွားသည်။ကလေးကိုကြည့်တော့ သူတို့လင်မယားကြားမှာ မရှိတော့။ မိရွှေလဲ နိုးနေသည်။ခြေရင်းက ကြောင်အိမ်ကို အလန့်တကြားကြည့်နေသည်။သူဘာကို ကြည့်နေတာလဲဆိုတာ အောင်ခန့် မကြည့်ဘဲ သိနေသည်။အခြေအနေကိုထိန်ထားနိုင်အောင်သာမိရွှေကိုကြည့်နေရသည်။ မီးအိမ် အလင်းအောက်က မိရွှေ ရဲ့ ချွေးစေး တွေ မြင်နေရတယ် ခဏနေတော့ သူတို့ကလေး သူတို့ကြားပြန်လာပြီးလှဲ အိပ်နေပါတယ် မိရွှေလဲ ကိုယ့်သားအရင်းကို အသားချင်တောင် မထိဘဲ နရံ ဘက်သို့ တိုးအိပ်သည်။သူလဲ ထင်ပါသည်။ မိရွှေတစ်ယောက် တစ်ညလုံးအိပ်ရတော့မည် မဟုတ်ဟု။ မနက် နေရောင်မြင်သည်နှင့် မိရွှေ တစ်ယောက်ကောက်ထသွားသည်။သူလဲ ဘေးက ကလေးကို တစ်ချက်ကြည့်ရင်း ထထိုင်လိုက်သည်။တစ်ညလုံး လင်မယားနှစ်ယောက် တစ်ရေးမှ မအိပ်ရသေး။မီးဖိုချောင်မှမိရွှေ ရဲ့ လက်ယက်ခေါ်နေတာကို မြင်လိုက်ရသောကြောင့် အိပ်ရာမှ ထကာ မီဖိုချောင်သို့ သွားလေသည်။ “ယောင်္ကျား..ယောင်္ကျား ဘယ်လို လုပ်ကြမလဲ ကျွန်မတို့ ကလေးဘယ်လိုဖြစ်တာလဲ ရှင်ဘယ်တုန်းက စသိတာလဲ တစ်..တစ်ခုခု လုပ်..လုပ်ပါဦး..အီ..ဟီဟီ” မိရွှေက အလောတကြီးပြော၇င်း ငိုလေပြီ “မိန်းမ တိုးတိုးနေစမ်း ငါလဲ မနေ့ညကမှ သိတာ..နင်ဟန်မပျက် ဒီတိုင်းနေ ငါတို့တစ်ခုခုတော့ လုပ်လို့ရမှာပါဟာ..” အောင်ခန့်တစ်ယောက် ထိုနေ့မှစ၍ အလုပ်တစ်ခုရလာလေသည်အခြားမဟုတ် ၃ရက်ခြားတစ်ခါ မြို့တက်၍အမဲခြောက်ဝယ်ရလေသည်။မိရွှေကအကြောက်လွန်၍ ကလေးကို နို့ပင်မတိုက်ရဲတော့။ကလေးက နေ့ဘက်တွင် နို့ဆာသဖြင့် အော်ငိုချိန်တွင် လင်မယား နှစ်ယောက်လုံး အနီးအနားက အိမ်ကိုရောက်နေတက်ကြသည်။ထိုသို့သောနေ့များတွင်လဲ လင်မယားနှစ်ယောက်အိမ်ပြန်ရောက်သော်အခါ ကြောင်အိမ်အပေါ်ရှိ အမဲခြောက်များပျောက်နေတက်ပြန်သည်။အမဲခြောက်မရှိသောရက်များတွင်လဲ အိမ်မှာမွေးထားသော ကြက်ပေါက်ကလေးများပျောက်နေတက်သည်။အမဲခြောက်တင်မက ကြက်ပေါက်များပါစားသည်ကို မိရွှေကို မပြောပြခဲ့။မိရွှေအကြောက်လွန်သွားမည်စိုး၍ဖြစ်သည်။မိရွှေက နို့လဲ မတိုက်တော့သဖြင့် ၄ရက်ကို အမဲခြောက် တစ်ပိဿာ နှုန်းဖြင့်ဝယ်ပေးနေရသည်။ တစ်ရက် အောင်ခန့်မြို့တက်၍ အမဲခြောက်ဝယ်ပြီးပြန်လာစဉ် မိရွှေ က “အောင်မလေး ယောင်္ကျားရယ် အီဟီဟီ ကလေးက အမဲခြောက်တင်မကတော့ဘူး အိမ်အောက်ကကြက်ပေါက်လေးတွေပါဖမ်းစားနေတယ်..အီ..ဟီဟီ..” “ငါ သိတယ် မိန်းမ နင်လန့်မှာစိုးလို့ငါမပြောတာ...ဒီမှာ ငါပြောတာနားထောင် ငါတို့ မနက်ကျရင် အမေရွာကိုသွားကြမယ် ဟိုရောက်မှ တစ်ခုခုစီစဉ်တာပေါ့ ဟုတ်တယ်မှတ်လား” “ကြောက်တယ်ယောင်္ကျားရယ်..ကျွန်မလေ နေ့ခင်းဘက် အိမ်ကိုပြန်လာတာ ကြက်ခြံထဲလူဝင်နေတယ်ထင်လို့ ဘယ်ကသာ ဟိုကလေး အိမ်အောက်ဆင်းပြီးကြက်ပေါက်တွေစားနေတာ ခွေးတွေလဲဟောင်လို့ ကျွန်မ မနေရဲတော့ဘူး..ဟူးဟူး” “ငါသိတယ်မိန်းမ ဘားမှမဖြစ်ဘူး ကိုယ်တို့ အမေ့စီသွားမယ်..ငါ အခု လှေဆိပ်ကိုသွားမယ် ညနေ အမေတို့ရွာကို ဘယ်မော်တော် သွားမလဲလို့ မိန်းမအိမ်မှာနခဲ့မလား” “ဟင့်အင်းလိုက်ခဲ့မယ် မိန်းမအရမ်းကြောက်တယ်” ထို့နောက် ညတွင်းချင်းပင် အောင်ခန့်တို့လင်မယား မော်တော် ဖြင့်ထွက်လာခဲ့လေသည်။ကလေးကိုမူ အောင်ခန့်ချီလာရသည်။မရွှေကပစ္စည်းများထမ်းကာ လိုက်လာရသည်။ တဇောင်းပင်ရွာ နှင့် ကိုအောင်ခန့်တို့အမေရွာသည်ရေကြောင်းဖြင့် တစ်ညအိပ်သွားရသည်။ဝေးလွန်း၍မဟုတ် ပင်လယ်ဝ ဖြစ်၍ လှိုင်းလေထန်သောကြောင့်ဖြစ်သည်။ မိုးဦးအ၀င်ဖြစ်သောကြောင့်လှိုင်းလေ ပြင်းနေသည်။ည (၁၀)နာရီကျော်ကတည်းက အောင်ခန့်တို့စီလာသော မော်တော်မှာ မြစ်ပြင်တွင်လူးနေသည်။မော်တော်ပေါ်တွင် မော်တော်စီးသူ အောင်ခန့်တို့လင်မယား၊မော်တော်မောင်းနှင်းသူ နှင့်လှေထိုးသား၃ယောက်မှ လွဲ၍ တစ်ခြားသူမပါ။သူတို့ကလဲ အောင်ခန့်တို့အမေရွာကို ဆန်ပို့ရန်ထွက်လာခြင်းဖြစ်သည်။လှိုင်းလေထန်သည်နှင့် မော်တော်အဖွဲသားတို့လဲ အလုပ်တွေရှုပ်ကြလေတော့သည်။ကိုအောင်ခန့်ချီထားသော ကလေးကို အလယ်တွင်းထားကာ လင်မယားနှစ်ယောက် ခဏမှေးကြလေသည်။ညမှာလဲ သန်ခေါင်သို့ကူလာပြီးဖြစ်သည်။ထိုအချိန်တွင် လှေမှာတစ်ခုခုကို တိုက်မိသကဲ့ သို့ဖြစ်သွားသည်။မော်တော်သမားတွေအော်သံနှင့်အတူ ကိုအောင်ခန့်လန့်နိုးလာသည်။ကလေးကိုကြည့်တော့ အလယ်တွင် ကလေးမရှိတော့။အောင်ခန့်လန့်ပြီးထကြည့်မိသည်။သူလန့်သည်မှာ ကလေးအကြောင်းကို အခြားလူသိသွားမည်စိုး၍ဖြစ်သည်။ကလေးကို ထရှာတော့ ဘေးနားဝန်းကျင်မှာမရှိ။ညနေမိုးကြောင့် ရာသီဥတုကလဲစိမ့်နေသည်။လှေပေါ်မတက်ခင်က သွေးပူအောင် ချက်အရက်ကလေး မော့ထားသည်အတွက် အောင်ခန့်တစ်ယောက် သွေးနွေးနေသည်။ထိုစဉ် မော်တော်နောက်မှ မော်တော်သမားတစ်ချို့ သူ့တို့ရှိရာသို့ လာနေသည့်အသံကိုကြားလိုက်ရသည်။အောင်ခန့်မျက်လုံး ကမထင်မှတ်ဘဲ မော်တော်၏အပြင်ဘက်နံရံတွင် ကြိုးနှင့် ချိတ်ဆွဲထားသော ပလိုင်းထဲရောက်သွားသည်။အပြင်မှာကြိုးနှင့်ချိတ်ထားသည့်အတွက် ပလိုင်းက မြစ်ရေမျက်နှာပြင်နှင့် ထိနေသည်။ထိုအထဲတွင် ကလေး သူတို့သား... အောင်ခန့်မယုံနိုင်စရာ.. ပလိုင်းထဲတွင် ဖမ်းထည့်ထားသော် ငါးလေးတွေကြားထဲမှာ.. ကလေးနှုတ်ခမ်း ထဲတွင် ငါးတစ်ကောင်၏အမြီး.. အမြီးကတစ်ဆက်ဆက်ခုန်လို့ ကလေးကသူ့ကိုမျက်လုံးပြူးကြည့်နေသည်။လူသံကြားသောကြောင့်အောင်ခန့်ချက်ခြင်းပင် ပလိုင်း ကို ချိတ်ထားသော ကြိုးကိုဆွဲယူလိုက်သည်။ကလေးနှုတ်ခမ်းမှ ငါးလေးဖြေးဖြေးခြင်း ပါစပ်ထဲဝင်သွားသည်။ အောင်ခန့် ညနေမှသောက်ထားသောအရက်ရှိန်၊မြင်နေရသည့်မြင်ကွင်းကြောင့် ရူးမိုက်သောအကြံကိုရလိုက်သည်။ချစ်လှစွာသော သူ့မိန်းမ မိရွှေမျက်နှာကိုကြည့်သည်။ကြိုးကိုကိုင်းထားသော လက်ကို ဖြေးဖြေးခြင်း လျှောချလိုက်သည်။ အောင်ခန့်ဘာလုပ်သည်ကို ကလေးက မြင်သည်နှင့် ပလိုင်းအတွင်းမှ ကုန်းထသည်။အောင်ခန့်ရသည့်အခွင့်အရေးကို အလွတ်မပေး။ပလိုင်းအဖုံးကို အတင်းဖိ ပိတ်သည်။ အဖုံးပိတ်ထားသည့်ကြားမှ ကလေးမျက်လုံးကို မြင်လိုက်ရသည်။မကျေသည့်အကြည့်နှင့် အောင်ခန့်မျက်နှာလွှဲလိုက်သည်။ထို့နောက်.... ရေထဲသို့.... ဒီနေ့ တဇောင်းပင်ရွာတွင် လူခြေတိတ်နေသည်။ရွာမြောက်ပိုင်းပွဲစားအောင်ခန့် သား ရက်လည်ဖြစ်သည်။ကလေးက ၃ လသားလောက်ဘဲရှိသေးသည်။အဖွားစီအသွား မြစ်ထဲတွင် ညဘက်ကြီးမော်တော်ပေါ်မှ ပြုတ်ကျခြင်းဖြစ်သည်။ကလေးက ငယ်တော့ ငါးစားသွားသလားမသိ။ အလောင်းပင်ပြန်မရ။ကလေးအမေ မိရွှေ ကတော့ မျက်ရည်အရွဲသား နှင့်။ အောင်ခန့်နှင့် သူမိန်းမ ကလေးဆုံးပြီးကတည်းက စကားမပြောကြဟုလည်း အောင်ခန့်တို့အိမ်နီးချင်းဒေါ်ဇာကြီး အတင်းတုတ်သံကို သိုးသိုးသန့်သန့် ကြားရသည်။ အောင်ခန့်က အိမ်ရှေ့တွင် မှုန့်ဟင်းခါးချက်ရန် ကာလသားခေါင်း ဌေးအောင် နှင့် ထင်းပေါက်နေသည်။ ထိုစဉ်... “ဟယ်...လုပ်ကြပါဦး..” “မြွေကြီးဟေ့” “ပြေးဟ” “အောင်ခန့်ရေ...မင်းမိန်းမ ပွေးထိ လို့ဟ..” အိမ်နောက်ဘက် ဟင်းရည်အိုး ချက်ရာ အမျိုးသမီးဝိုင်းမှ ဖြစ်သည်။ရွာမှ ကြီးတော် တို့က ရက်လည်တွင် ဟင်းရည် လာချက်ပေးကြခြင်းဖြစ်သည်။ အယ်..ဒီမြွေတော့...အောင်ခန့်ပြောပြောဆိုဆိုနှင့် ပြေးသွားသည်။သူ အိမ်နောက်ရောက်တော့ လှေခါးရင်းမှ ပျော့ခွေနေသူက မိရွှေ။ “ဟာ... မိန်းမ” အောင့်ခန့် သူမိန်းမ ကို ပွေ့လိုက်သည်။အောင့်ခန်နောက်မှပြေးလိုက်လာသော ဌေးအောင် က မြွေးကို ထင်းခွဲပုဆိန်ဖြင့် ထု သက်လိုက်လေသည်။ အောင်ခန့် နငိ့မိန်းမ အခြေအနေမကောင်းဘူး နှတ်ခမ်းတွေပြာနှမ်းနေပြီး ဆရာလေးပြေးခေါ်တော့ ဟု ဒေါ်ဇာကြီးက ပြောပြောဆိုဆိုနှင့် သွေးခုန်နှုန်း ၀င်စမ်းသည်။မမိရွှေ ကတော့ ပျော့ခွေနေသည်။ အောင်ခန့် တစ်ယောက် မိရွှေကို ဒေါ်ဇာကြီးရင်ခွင်ထဲထား၍ ပြေးထွက်လေသည်။ ရွာထဲတွင်လဲချက်ခြင်းပင် သတင်းကစပြန်ကုန်သည်။ဆရာလေး က ဆရာဝန်မဟုတ်။ဆေးဝန်ထမ်းဖြစ်သည်။သို့သော တစ်ရွာလုံးက အားကိုးနေရသည်။အောင်ခန့်ဆရာလေးအိမ်ရှေ့ရောက်တော့ ဆရာလေးမရှိ။တစ်ဖက်ရွာကိုဆေးသွားကုသည်ဟု ဆရာလေးမိန်းမကပြောလိုက်သည်။အောင်ခန့်ပူထူသွားသည်။ဆရာလေးသွားရာတစ်ဖက်ရွာကို စောင်ပုခပ် လုပ်၍သူမိန်းမကိုတင်ကာ အနောက်က လိုက်ဟု ဆရာလေးကတော်အကြံပေးသည်။ထိုအကြံအတိုင်းပင် အောငိ့ခန့် အိမ်သို့ပြန်ပြေးရပြန်သည်။ အိမ်သို့ရောက်သောအခါ အိမ်ရှေ့ တွင် လူများစုနေကြသည်။အားလုံးကလဲမျက်နှာပျက်နေကြသည်။ထို့ကြောင့် အောင်ခန့်က “ဌေးအောင် ဟေ့ကောင် ငါ့မိန်းမ အခြေအနေကောင်းလား” “အေးဟ ...” “ဟေ..ဒါဆို ဆရာလေးစီငါတို့သွားကြမယ်..ရွာမှာ ဆရာလေးမရှိဘူး ဟိုဘက်ရွာကို စောင်ပုခပ် နဲ့ထမ်ခေါ်သွားရမယ်” “မလိုတော့ဘူးထင်တယ်” “ဘာ..ဟေ့ကောင်..” “ဟုတ်တယ်..မင်းမိန်းမ အကောင်းကြီး အိမ်ပေါ်တက်ကြည့်လိုက်ဦး” အောင်ခန့် ဌေးအောင်အပြောကို မယုံ၍ အိမ်ပေါ်သို့ တက်ကြည့်လေသည်။.အိမ်ပေါ်တွင်မိရွှေက ဒေါ်ဇာကြီးနှင့် တခြားလူတို့ကို မာန်မဲနေတာကိုတွေ့လိုက်ရသည်။ သွား...နင်တို့ ဆင်း “ငါ့အိမ်ပေါ်ကဆင်း ငါနေကောင်းတယ် ဘာကြည့်နေကြတာလဲ ..” “ဟာ..မိန်မ နေ....နေကောင်းသွားပြီးလား” “ဘာလဲ..ငါအစထဲကနေကောင်းတယ်..ယောင်္ကျား သူတို့တွေ ဘယ်သူလဲ အိမ်ပေါ်က ဆင်းခိုင်း...” “ဟာ...မိန်မ..အဲ့......အဲ့ဒါ ဒေါ်ဇာကြီးလေ...” “မသိဘူး...ဆင်းသွား...” “မိန်းမ မင်း..မင်း တစ်ကယ် ကောင်းသွားပြီးလား” “ကောင်းတယ် သူတို့ကို မမြင်ချင်ဘူး ဆင်းခိုင်း” မမိရွှေ တစ်ယောက် အလန်တကြားအော်က စောင်ခြုံ ထားလေသည်။အောင်ခန့်က အားလုံးကို လူနာ အလိုကျ အိမ်ပေါ်မှ ဆင်းခိုင်းလေသည်။ဒေါ်ဇာကြီးကို အကျိုးအကြောင်းမေးကြည့်ရာ သိတော့ပါဘူးဟယ်..နင်ထွက်သွားပြီး ငါရယ် ကြီးတော်စိန် ရယ်သူ့ကို ပွေ့ပြီး အခုသူအိပ်နေတဲ့ နေရာမှာလှဲပေးထားတာ။ခဏဘဲရှိသေးတယ်။အခုလိုဖြစ်လာတာဘဲ ။ ထိုနေ့က ကလေးရက်လည်မလုပ်ဖြစ်တော့ဘဲ အောင်ခန့်သူ့မိန်းမကိုပြုစုရလေသည်။ညလယ်ရောက်သောအခါ မိရွှေမှာ ဧည့်ခန်းထဲတွင် လေတိုက်သဖြင့် အတွင်းခန်းထဲသို့ ၀င်အိပ်လေသည်။အောင်ခန့်မှာ ဧည့်ခန်းထဲထွက်အိပ်ရလေသည်။ထိုနေ့မှ စ၍ မိရွှေသည် အိမ်ပြင် သိပ်မထွက်၊အိမ်အပြင်မပြောနှင့် ဧည့်ခန်းထဲသို့ပင်မလာ။အောင်ခန့်မှာ မိန်းမအား စိုးရိမ်၍ အခန်းထဲဝင်ဝင်ကြည့်သော်လည်း မိရွှေမှာ စောင်ကြီးခြုံ၍သာမြင်နေ၇သည်။အောင်ခန့် တိုက်ကြွေးသော နွားနို့၊ငှက်ပျောသီး စသည်တို့ကို လဲ တို့ဂဏန်းဆိတ်ဂဏန်း မျှသာစားသည်။ထို့ကြောင့် တစ်နေ့ အောင်ခန့်က သူ့မိန်းမ အခန်းထဲဝင်ထိုင်၍ “မိန်းမ...မင်းလဲ နေကောင်းလာပါပြီးကွာ..အားလေးဘာလေးရှိအောင် ဘာဟင်းစားချင်လဲ ငါချက်ကြွေးမယ်” ဟုပြောလေသည်။ထိုအခါ စောင်ကို ခေါင်းမြီးခြုံထားသော မိရွှေက “အမဲကလီဇာ စားချင်းတယ်” “ဟင်..အေးအေး..မိန်းမ ငါ ချက်ကြွေးမယ်” ဟု အောင်ခန့် ဆိုကာ အမဲကလီဇာ တစ်ပိဿာပြေးဝယ်လေသည်။ မီးဖိုတွင် မဆလာနိုင်နိုင်ထည့်၍ အောင်ခန့် ကိုယ်တိုင်ချက်လေသည်။မဆာလာနံကြောင့် အောင်ခန့်တို့ အိမ်မွှေးကြိုင်နေလေတော့သည်။ “ယောက်ျား...” “ယောင်္ကျား...ရေ..” “ဟေ...ဘာလို လို့လဲမိန်းမရ” “ဟီဟီ...ငါ ဟင်းကျက်ပြီးလားလို့” “ဟ...မရသေးဘူးဟ ခုန ကမှ ရေထည့်လိုက်တာ တစ်ပွက်နှစ်ပွက်စောင့်ဦး” “မရတော့ဘူး ဗိုက်ဆာနေပြီး ဟေ....” “အ...အ....အေးပါကွာ..ယူလာခဲ့မယ်” အောင့်ခန့် မီးဖို ပေါ်မှ ဟင်းအိုးကို ယူ၍ အိမ်ပေါ်တက်လာရသည်။ ဧည့်ခန်းထဲထိ စောင်တစ်ထည်နှင့်ထွက်စောင့်နေသော မိရွှေက ဟင်းအိုးကို သူကိုယ်တိုင်ယူ၍ သူ့အခန်းထဲဝင်လေသည်။ အောင့်ခန့်က အေးအေး မိန်းမ ငါ..ထမင်းအိုးဆင်းယူလိုက်ဦးမယ် ။ အောင်ခန့်ထမင်အိုး ယူပြီး မိရွှေအခန်းထဲ ၀င်လိုက်ရာ မိရွှေမှာ အိပ်ပျော်နေပြီးဖြစ်သည်။အမဲကလီဇာအိုး မှာလဲပြောင်သလင်ခါလို့။မိရွှေသည် လက်နှင့်နှိုက်စားထားပြီးလက်ကိုလဲ သူခြုံရာစောင်နဲ့ပင်သုတ်ထားသဖြင့် စောင်မှာ ပေကျံ နေလေသည်။ထိုနေ့မှ စ၍ အောင်ခန့်တစ်ယောက် တစ်ရက်ကို အမဲကလီဇာ တစ်ပိဿာနှုန်းဖြင့် ချက်ကြွေးရလေသည်။သို့နှင့် တစ်လကျော် လာသောအခါ အောင်ခန့်သည်အမဲဝမ်းတွင်းသားများကို ကိုယ်တိုင် သွားမယူတော့ဘဲ နွားထိုးသမား(နွားသက်သမား) လှကျော် အား လာပို့ခိုင်းလေသည်။တစ်နေ့တွင် လှကျော်အား ကျေးရွာလူကြီး မြို့တက်ခိုင်းသဖြင့် ၀မ်းတွင်းသားများကို ကာလသာခေါင် ဌေးအောင်လာပို့ပေးလေသည်။ “ဟ..အောင်ခန့်..မင်းကြည့်ရတာကွာ ပိန်ကျသွားတာဘဲ မင်းမိန်းမကော..နေကောင်းပြီးလား” “အေးဟ ဌေးအောင်ကြီး ငါ့မိန်းမ ထမင်းတောင်စားနိုင်နေပြီးလေကွာ” “အေး..ငါ သတင်းကြားတယ် ဒီမှာ မင်းမှာထားတဲ့ ၀မ်းတွင်းသား ဟိုကောင် လှကျော်ကို ဦးမြင့် မြို့ တက်ခိုင်းထားလို့ သူက ငါ့ကို ဒီအထုပ် မင်းစီပို့ပေးပါဆိုလို့ ငါလာပို့ပေးတာ” “သြော်..အေးအေး..နေစမ်းပါဦး မင်းကလဲကွာ..အိမ်ပေါ်တက်ပြီး ရေနွေးလေးဘာလေး သောက်စမ်းပါ” “အာ..နေပါစေကွာ..နောက်တစ်ခေါက်မှ..ဒီမှာ မင်းကတော့ ဘယ်ခိုးခံရမလဲ ကြက် မှမရှိတော့တာ မင်းအိမ်နဲ့တစ်အိမ်ကျော် ကြီးစိန် တိုခြံမှာတစ်နေ့ ကြက်ဝင်ခိုးသွားကြလို့မနေ့ကလဲ ငဒေါင်းတို့ခြံ ကြက် ၁ကောင်ပါသွားသေးတယ်” “ဟေ..ဟုတ်လား အေးဟ ငါလဲ မိရွှေ နေမကောင်းတာနဲ့ သတိမထားမိပါဘူးကွာ..” “အေးကွာ..သတိနဲ့တော့နေပေါ့.. ကြက်သူခိုး ဒီဘက်ခြမ်း သောင်းကြမ်းနေတာ ငါသွားပြီးဟေ့ကောင်” “အေးအေး သူငယ်ချင်း” သူ့ သူငယ်ချင်း အောင်ခန့် ပိန်ကျသွားတာ ဌေးအောင်တစ်ယောက်စိတ်မကောင်း ပထမ သူ့ကလေး ဆုံးရှုံးရသည်။အခု မိန်းမကလဲ ရူးကြောင်ကြောင် အောင်ဌေးသူ့အတွေး တွေကို ငဒေါင်းတိုခြံရှေ့ရောက်တော့ ရပ်လိုက်ရသည်။ “ဟေ့...ငဒေါင်း” “ဗျာ...ကိုကြီးဌေး..” “အေးဟ မင်းတို့ ညက ကြက်ခိုးခံရလို့ဆို..” “ဟုတ်ကဲ့ ကိုကြီး မနေ့ က ည ၁၁ နာရီလောက် ကအခိုးခံရတာပါ ကျွန်တော်ညီမ အသံကြားလို့ ဆင်းကြည့်တာ အဲ့ဒိမှာ..ဟိုခွေးသူခိုးက ထပြေးတာ ကျွန်တော်ညီမ ပြောတာကတော့ အ၀တ်တွေ ဖရိုဖရဲ နဲ့တဲ့” “အေးပါကွာ..ငါလဲ ကျေးရွာလူကြီး တွေနဲ့ တိုင်ပင်ပြီး ည ကင်းစောင့်ဖို့ လုပ်ပေးပါမယ်..” “လိုရင် ကျွန်တော့ ကိုလဲ ခေါ်ပါကိုကြီး ကျွန်တော်လဲ ခွေးသူခိုးကို တီးချင်းနေတာ ဒါနဲ့ဆို ကြက်အခိုးခံရတာနှစ်ခါရှိပြီး” “အေးအေး” ငဒေါင်းပြောလဲပြောချင်စရာ..ဒ်ီသူခိုး ဒီနားသောင်းကြမ်းနေတာ တစ်လနီးပါးရှိနေပြီး။ဒီအနားက အိမ်တွေ ကြက်ဖြစ်ဖြစ် ဘဲဖြစ်ဖြစ် အခိုးတော့ခံနေရသည်။အိမ်တွေကလဲ ကြက်သူခိုးကို လန့်နေကြပြီဖြစ်သည်။ ဘယ်လိုဘဲဖြစ်ဖြစ် သူတစ်ခုခုတော့ လုပ်ရမည်ဖြစ်သည်။ ညကတော့ မှောင်မိုက်နေသည်။တခါတရံ ဖားအော်သံမှ လွဲ၍ ဘာအသံမှ မကြားရ။ပင်လယ်မြစ်ဝ ဘက်မှလည်း လေငြိမ်လျှက်။တဇောင်းပင်ရွာတွင် ဦးယင်းသိုက် က ရွာမျက်နှာဖုံး။သူ၏အိမ်အောက်တွင် စီပွားဖြစ် ကြက်မွေးထားသည်။ဒီရက်ပိုင်း ကြက်သူခိုးသောင်းကြမ်းနေသဖြင့် သတိထားနေရသည်။သတိထားနေသည့်ကြားကပင် ပြီးခုတဲ့ စနေ က ကြက်နှစ်ကောင် ပါသွားသေးသည်။ဒီရက်ပိုင်း နှစ်ရက် သုံးရက် ထူးထူးတန်းဆန်း ဖြစ်နေသည်။တခြားမဟုတ် ညဘက်ကြီး ကောင်းကင် တွင်နီးရဲနေခြင်းဖြစ်သည်။ရှေးလူကြီးစကားများအရ နိမိတ်မကောင်း။ အခုလဲ စိတ်ထဲနောက်နေသဖြင့်ခြံထဲ ကြည့်ရန် သားကြီးကိုနှိုးလိုက်ရသည်။ “အိမ်အောက်ထိတော့ မဆင်းနဲ့သား ခြံထဲ မီးထိုးကြည့်ယုံဘဲ” “ဟုတ်ကဲ့အဖေ..” ဦးယင်းသိုက် နှင့်သူ့သား သည် ကြက်ခြံထဲ မီးထိုးကြည့်တော့ ထူးခြားတာမတွေ့ ။လေငြိမ်နေသောလည်း ပင်လယ်ဘက်ခြမ်းမှ လေတိုက်သံကြားနေရသည်။အားလုံးအခြေအနေကောင်းငြိမ်သက်သည်ဟုထင်သဖြင့် အိမ်ပေါ်ကြသည်။ပြန်တက်ခါနီးမှ ကြက် ခြံထဲမှာ ကြက်တွေအသံ ကြားလိုက်ရသည်။ဦးယင်းသိုက်လဲ အပြေးအလွှား ဓါတ်မီထိုးကြည့်တော့ လူတစ်ယောက် ကြက်လည်ပင်းကို ကိုင်၍ အမှောင်ထဲသို့ပြေးဝင်သွားသည်။ဦးယင်းသိုက် ၏ အော်သံနှင့်အတူ ကင်းစောင့်နေကြသော ကိုဌေးအောင် သူ့လူများကြက်သူခိုးနောက်ကပြေးလိုက်သွားကြသည်။ကြက်သူခိုးအသံကြား၍ အိမ်နီးနားချင်းများ လဲနိုးလာခဲ့သည်။အားလုံးက ဓါးတွေ မီးတုတ်တွေကိုယ်စီနှင့်။ “ဦးယင်းသိုက်ဘယ်ပြေးသွားတာမြင်လဲဗျို့” “ကျုပ်ခြံနောက်က ရွှံ တောထဲပြေးဆင်းသွားတာဘဲဗျ” “ဟေ..ဒါဆို မှီးနိုင်သေးတယ်ဟ..လိုက် လိုက်...လိုက်ကြဟေ..” ကိုဌေးအောင်ခေါင်းဆောင်သော လူအုပ်ကြီးသည် ရွှံတောထဲသို့ ဆင်းရှာကြလေသည်။ “ဟေ..ဒီမှာ ကုန်းပေါ်တက်ပြေးသွားတဲ့ခြေရာတွေ ဟိုဘက်ပြေးတာ..လိုက်ဟေ့ လိုက်ဟ” ရွှံခြေရာတွေမှာ..မြေသားအခြောက်ပေါ်တွင်အထင်းသားကျန်နေခဲ့သဖြင့် ဌေးအောင်တို့လူစု အနောက်ကလိုက်ချသွားသည်။ထူးဆန်းသည်မှာ ခြေရာတွေက အောင်ခန့် တို့ခြံထဲဝင်သွားသည်။ “ဟာ..ဒါဆို သူခိုး က အောင်ခန့်ပေါ့” “နင့် မေကလွှား..အောင်ခန့်ကဒီလိုလုပ်မလား” “အို..ခြေရာတွေက ဒီမှာ ပျောက်သွားတာ” “ခ..ခန..ခနနေကြပါဦဗျာ..ကျုပ် အောင်ခန့်ကို ခေါ်မေးကြည့်ပါဦမယ်” တစ်ယောက်တစ်ပေါက်နှင့်ပြောနေသဖြင့် ဌေးအောင်က ၀င်ရောက် ပြောဆိုရသည်။ “အေးဟ..ဌေးအောင် ပြောတာမှန်တယ်ဟေ့” ဟု ဦးယင်းသိုက်ကထောက်ခံလေသည်။ “ဟေ...အောင်ခန့်..အောင်ခန့်ရေ..” “ဟေ. ဘယ်သူလဲကွ” အိမ်ထဲမှ ..အိပ်ချင်မူတူးအသံဖြင့် အောင်ခန့်နိုးလာသည်။ “သူငယ်ချင်းငါပါကွ..ဌေးအောင်” “ဟေ..ဌေးအောင် ဘာဖြစ်တုန်း” အသံနှင့်အတူ အိမ်တံခါးလဲပွင့်လာသည်။ “ဟာ..လူတွေအများကြီးပါလား ဘာ..ဘာ ဖြစ်လို့လဲ” “ဘားမှမဖြစ်ဖူး သူငယ်ချင်း ငါတို့ကြက်သူခိုးနောက်လိုက်လာတာ ခြေရာက မင်းခြံထဲမှာပျောက်သွားလို့” ဌေးအောင် စကားပင် မဆုံးသေး ဓါတ်မီးဖြင့်လိုက်ကြည့်နေသည့် ငဒေါင်းက “ဟာ..ဒီမှာခြေရာတွေ..ဒီ..ဒီအခန်ထဲမှာ ခွေကြက်သူခိုးရှိမယ်” ဟုတ်ပါသည်။အောင်ခန့်အိမ်အတွင်းမှာ ရွှံခြေရာတွေ သူတို့လမ်းမှာတွေ့ခဲ့သည့်အတိုင်း ထိုစဉ်.. “ခ..ခန နေကြပါဦဗျာ..ဒီအခန်းက ကျုပ်မိန်းမနေတဲ့အခန်း..ဒုက္ခပါဘဲဗျာ.. ကျုပ်..ကျုပ် တံခါး ဖွင့်ပေးပါမယ်..” အောင်ခန့် အလန့်တကြားတံခါးတွန်းဖွင့်လိုက်သည်။ ................................................... ............................................. ........................................... ဆံပင်ဖားလျားနှင့် မျက်လုံးများနီးရဲလျှက် ပေရေနေသော အ၀တ်အစားနှင့် လက်ထဲတွင် သွေးတစ်စက်စက်ကျနေသော ကြက်သေကြီးနှင့် ပါစပ် တွင်လဲ ကြက်မွှေးများ ဟိုတစ ဒီတစ ထွက်လျှက်ရှိသည်။ နဂို မူရင်းရုပ် တော်တော်နဲ့ ဖော်မရ။နောက်မှ “ဟာ.....မမိရွှေကြီး..ဘယ်လိုဖြစ်..ဖြစ်..တာလဲ” “ကြောက်စရာကြီး..” တခြားသူမပြောနှင့် မိရွှေ ယောင်္ကျား အောင်ခန့်ပင် လန့်သွားသည်။အရင်က စောင်ကြီးခြုံထားသဖြင့်ရုပ်ကို သေခြာမမြင်ရ။အောင်ခန့်မှာ နေ့စဉ် အမဲကလီဇာ တစ်ပိဿာကြွေးနေရသောလည်း သူမိန်မရုပ်ရည်သည် အရိုးပေါ်အရေတင်သာကျန်ရှိနေခဲ့လေတော့သည်။ ရွာလူကြီးဦးမြင့် တို့လဲရောက်လာကြပြီး ဦမြင့်က “ဟေ..နင်ဘယ်သူလဲ” “ငါမေးနေတယ်..”ဦမြင့်အသံက အပြင်လေတိုက်သံထက်ပိုကျယ်လောင်နေလေသည်။ “အေး.... ငါ့ဒီရွာမှာ ငါအသက်ခံရတယ်..နင်တို့တစ်ရွာလုံးလဲ ငါပြန်သက်မယ်ဟေ....” မိရွှေမှာ အသံနတ်ကြီးနှင့် ဟိန်းဟောက်၍ အိမ်ကြမ်းပြင်တွင် လဲကျသွားလေသည်။မိရွှေ လဲကျသွားသည်နှင့် မိရွှေ ကိုယ်ခန္တာ မှ အပုတ်နံကြီးသည် လှိုင်၍ထွက်လာလေသည်။ထိုစဉ် ပင်လယ်မြစ်ဝ မှ တဝေါဝေါအသံများကြားလာရသည်။အမှိုက်များ လွှင့်၍ အိမ်ခေါင်မိုးပေါ်သို့ တ၀ုန်ဝုန်ကျရောက်လေသည်။ အိမ်အပြင်တွင်လဲ လေများတိုက်ခတ်နေသည်မှာ အလန့်တကြားဖြစ်နေတော့သည်။ ဦမြင့် က “ဟေ့ အားလုံးနားထောင် ငါညနေ ရေဒီယို ကမုန်တိုင်းသတင်ားကားထားတယ်..အားလုံးကိုယ်အိမ်ကိုပြန်ကြ အောင်ခန့် မင်း မိန်းမ အလောင်း ဒီအတိုင်းထား လေငြိမ်မှစီစဉ်မယ်” “ပြန်မယ် အားလုံး” အောင်ခန့် ဦမြင့် လေသံကိုနားထဲမကြားတော့ သူ့မိန်းမဖြစ်ပုံ.. သူ့ကလေး.. မျက်ရည်တွေ ၀ဲတက်လာသည်။ အပြင်က လေတိုက်သံကလဲ ပိုပြင်းထန်လာသည်။ လေပြင်းတိုက်သောကြောင့် အောင်ခန့်တို့ အိမ်တစ်အိမ်လုံး လှုပ်ခါနေလေသည်။ ထိုစဉ် ပစ္စည်းတစ်ခု တောက်ခနဲ ပြုတ်ကျလာသည်။ အင်းပြားကလေး.. သားကလေးမွေးစဉ်က ဆရာတော်ပေးထားသည့် အင်းပြားကလေး။အောင်ခန့် အင်းပြားလေးကို ကောက်ယူလိုက်သည်။ ငါ..ငါ..........ဆရာတော်ကျောင်းကို သွားရမည်။ မြတ်ဘုရားကလွဲပြီးကယ်စရာမရှိ.. လေသံက တ၀ုန်ဝုန် အောင်ခန့် ခြေလှမ်းတွေ အသင့်ပြင် လိုက်သည်။ ဟေ....ဟေ....ရေတွေတက်လာပြီဟ... ပြေးကြဟ.. ၀ုန်.. ၀ုန်.. အာ... ဟေ.....ဟေ......... အား....... .... .... ....... ........... ................................ နာဂစ်ဒုက္ခသည်စခန်းလေးကို ဘုန်းကြီးကျောင်းတစ်ခုတွင် တည်ထောင်ထားသည်။ဘေးနားဝင်းကျင်ရွာများမှ လူနာများ အဆက်မပြတ်ရောက်လျှက်၇ှိသည်။စစ်သားများ၊ ကြက်ခြေနီးများ လဲအလုပ်ရှုပ်လျှက်ရှိသည်။ဘုန်းကြီးကျောင်းသည် တစ်ရွာလုံးထက် အတန်ငယ် ကုန်းမြင့် ထက် သို့ရောက်နေသဖြင့်ရေဘေးမှလွတ်သွားသည်။ထို့ကြောင့် ကြက်ခြေနီတဲများအသီးသီးဆောက် ၍ လူနာများကို ကုသနေ၇သည်။ရေသန့်ပုလင်းများ၊ခေါက်ဆွဲခြောက်များ လဲလူတစ်ချို့ကဝေလျှက်ရှိသည်။ဘုန်တော်ကြီးဝင်းထဲတွင် အုန်ပင်များ လဲ လျှက်ရှိနေရာ ထို အုန်းပင်ဘေးတွင်လူတစ်ယောက် ထိုင်နေသည်။တစ်ကိုယ်လုံးရွှံ တွေပေကျံ လျှက်ရှိပြီး စုတ်ပြဲနေသော ပုဆိုးကိုဝတ်ဆင်ထားသည်။သူ့လက်ထဲတွင် လဲအမဲရောင် အင်းပြားလေးကိုလဲကိုင်ထားလေသည်။ သူ့မျက်ဝန်းမှာ မျက်ရည်တွေဝေသီလို့..... စာမူပိုင်ရှင် ကို Min Mg Mg ကို ကျေးဇူးအထူးတင်စွာဖြင့် (အက်ဒမင်-ရွာတော်ရှင်)
Credit by myanmarghoststory

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ