ပုံမှန်သောက်ရင် အသက်ရှည်တယ်
လေ့လာတွေ့ရှိချက် အသစ်တစ်ခုအရ Alcohol လုံးဝ မသောက်သုံးတဲ့ သူတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ခြေများတယ်လို့ သိရပါတယ်။
Alcohol ပါဝင်တဲ့ ဘီယာ၊ ၀ိုင်နဲ့ အဖျော်ယမကာတွေကို ပုံမှန်သောက်သုံးသူတွေဟာ လုံးဝမသောက်တဲ့သူတွေထက် အသက်ရှည်ရှည် နေထိုင်နိုင်ပြီး အလွန်အကျွံမဟုတ်တဲ့ Drinking ဖြစ်ဖို့တော့ လိုပါတယ်။
ဒါဟာ ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးထဲမှာ ပါဝင်တဲ့ ကျန်းမာရေး ဆောင်းပါးတစ်ပုဒ်ပါ။ အမေရိကန် Texas တက္ကသိုလ်မှ စိတ်ပညာရှင် ‘Charles Holahan’ ဦးဆောင်တဲ့ အဖွဲ့ဟာ လူတွေကို အသက်အရွယ် အပိုင်းအခြားလိုက် သုတေသနပြုခဲ့ပြီး ယခုကဲ့သို့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
၎င်းတို့ရဲ့ ထုတ်ပြန်ချက်အရ Alcohol တစ်ခါမှ မသောက်သုံးတဲ့ သူတွေအတွက် သေဆုံးနိုင်ခြေဟာ အမြင့်ဆုံး အနေအထားမှာ ရောက်နေပြီး အလွန်အကျွံသောက်သုံးတဲ့ သူတွေအတွက်တော့ သေဆုံးနိုင်ခြေဟာ အလယ်အလတ် အဆင့်မှာ ရှိပါတယ်။ တစ်ရက်လျှင် ပျမ်းမျှ တစ်ခွက်ကနေ သုံးခွက်အထိ ပုံမှန်သောက်သုံးတဲ့ သူတွေအတွက်ကတော့ သေဆုံးနိုင်ခြေ အနည်းဆုံးဖြစ်ပါသတဲ့။
၎င်းတို့အနေနဲ့ လူအယောက် ၂၀၀၀ နီးပါးကို သုတေသနပြုခဲ့တာ ဖြစ်ပြီး ပုံမှန်သောက်သုံးသူတွေမှာ ၄၁% သာ အသေစောတာ ဖြစ်ပါတယ်။ လုံးဝမသောက်တဲ့သူတွေမှာတော့ ၆၉%လောက်က စောစောစီးစီး သေကြပြီး အလွန်အကျွံသောက်ကြတဲ့သူတွေထဲမှာ ၆၀%လောက်က အသေစောကြပါတယ်။
ဖြစ်နိုင်ချေရှိတဲ့ အကြောင်းပြချက်တစ်ခုကတော့ Alcohol ဟာ လူမှုဆက်ဆံရေး အဆင်ပြေချောမွေ့စေဖို့ အတွက် ကြားခံပစ္စည်းတစ်ခုပါ။
ဒါ့အပြင် ပုံမှန်သောက်တဲ့သူတွေဟာ လုံးဝမသောက်တဲ့သူတွေထက် အခမ်းအနားတွေမှာ ပိုမိုပျော်ရွှင်မှု ရရှိပါတယ်။ ဒါကြောင့် စိတ်လက်ချမ်းသာပြီး ခန္ဓာကိုယ်ကျန်းမာရေးလည်း ကောင်းမွန်လာတာပေါ့။
Alcohol ကြိုက်တဲ့သူတွေအတွက်တော့ ၀မ်းမြောက်စရာပါပဲ။
အလွန်အကျွံမဖြစ်ဖို့တော့ အထူးလိုအပ်ပါတယ်။
ဒါပေမယ့် တစ်ခုသတိပြုရမှာက ဒါဟာ အမေရိကန်မှာလုပ်တဲ့ သုတေသနဖြစ်ပါတယ်။ သူတို့နိုင်ငံသားတွေဟာ သန်မာပြီး ခံနိုင်ရည်လည်း ရှိကြတဲ့အပြင် အဲဒီမှာရောင်းတဲ့ အရက်ဘီယာတွေဟာ အရည်အသွေးကောင်း ပါတယ်။ မြန်မာနိုင်ငံမှာကတော့ လူတွေဟာ ခံနိုင်ရည်သိပ်မရှိကြပဲ ဒီမှာရောင်းနေတဲ့ အရက်ဘီယာတွေဟာ သူတို့နဲ့ယှဉ်ရင် အရည်အသွေးညံ့နေပါတယ်။ ဒါကြောင့် သတိပြုဆင်ခြင် နိုင်စေရန် တင်ဆက်ပေးလိုက်ပါတယ်။
Source: Business Insider
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ