ကျွန်တော် English Skill အရမ်းနိမ့်ပါတယ် (ဟိုးအရင်တုန်းကကို ပြောတာပါ) ။ English Listen Skill ကို English သီချင်းလေးတွေ နားထောင်ပြီး ကျင့်ပါတယ် သိပ်အဆင်မပြေတော့ စားသားလေးပါတစ်ခါထည်းကြည့်ရရင်ကောင်းမှာပဲ ဆိုပြီး Mp3 သီချင်းစာသားတွေ လိုက်ရှာတာပေါ့ နောက်တော့ပျင်းလာတယ် ဒါနဲ့ အရုပ်လေးပါ ကြည့်ရရင်ကောင်းမှာပဲ ဆိုပြီးတော့ Youtube ပေါ်ကိုရောက်လာခဲ့ပါတယ် ။ ခုပြောပြခြင်တာက youtube မှာ English သီချင်းဖွင့်လိုက်တာနဲက သီချင်းစာသားပါ Auto ပေါ်လာစေမယ့် နည်းလေးပါပဲ စိတ်ဝင်စားလားတော့မသိဘူး ။ စပြီး ဒီလင့်လေးထဲကို အရင်သွားကြည့်လိုက်ပါ ။ ပြီးတော့ Add to firefox ဆိုတာကိုနှိပ် ဘယ်ဘက်အပေါ်ထောင့်နားလေးမှာ Allow ဆိုတာလေး ပေါ်လာရင် နှိပ်လိုက်ပြီး ခဏစောင့်ပါ Install ဆိုတာ အလည်တည့်တည့်မှာ ပေါ်လာပါလိမ့်မယ် Install ဆိုတာလေးကို နှိပ်လိုက်ပါ ။ ပြီးသွားရင်တော့ Youtube.com ကနေ English သီချင်း တစ်ပုဒ် ပုဒ်ကိုဖွင့်ကြည့်လိုက်ပါ ဘာတွေထူးခြားသွားလည်းဆိုတော့ အောက်ကပုံလေး အတိုင်းပေါ်လာပါလိမ့်မယ်
အဆင်ပြေကြမယ်လို့ထင်ပါတယ်ဗျာ အလွယ်မှတ်ဖို့ကတော့
ဒီလင့်လေးထဲကိုအရင်သွား >> Add to firefox >> Allow >> Install အဆင်ပြေပါစေနော်
မျက်စိရှုပ်လို့ ပြန်ဖြုတ်ခြင်တယ်ဆိုရင်တော့ Tools >> Add ons >> Lyrics Here by Rob W ရဲ့ ညာဘက်နားမှာ ယာရီ ခဏဖြုတ်ထားခြင်ရင် Disable ကိုနှိပ် ပြန်လိုခြင်ရင် Enable ကိုနှိပ်လိုက် လုံးဝမလိုခြင်တော့ ဘူးဆိုရင်တော့ Remove ကိုသာ နှိပ်ချလိုက်ပါ ။

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ