ကွန်ပျူတာသိုင်းကျမ်းအားလေ့လာကျင့်ကျန်နေသူများအတွက်

Software လေးကတော့ ခေါင်းစဉ်လေးအတိုင်းပါပဲ . အသုံးပြုရလွယ်ကူပါတယ် . အလွယ်ဆုံးပြောပြရမယ်ဆိုရင် ကွန်ပျူတာထဲမှာ ကွန်ပျူတာ အများကြီး ကို သွင်းထားလို့ရပါတယ် ။ Os တွေ အများကြီးစမ်းလို့ရပါတယ် ။ စက်နိုင်သလောက်ပေါ့ဗျာ ။ စိတ်ဝင်စားရင် Virus ပါစမ်းလို့ရတယ်သိလား ။ အတွေ့အကြုံလေး ဝေမျှတယ် ကျွန်တော် Winserver 2008 ကို စမ်းနေတယ်ဗျာ အဲ့တော့ အနည်းဆုံး ကွန်ပျူတာ ၂ လုံးနဲ့ Network တော့ရှိဖို့လိုတာပေါ့ဗျာ ၀ယ်လည်းမ၀ယ်နိုင်ဘူးလေ ။ သူများနားလည်း သွားစမ်းလို့မှမဖြစ်တာ ဘာလို့လည်းဆိုတော့ Winserver 2008 ကြီးကို Install လုပ်လိုက်မယ်ဆိုရင် ဘယ်သူက လက်ခံမှာလည်း ကျွန်တော်ဆိုရင်လည်း ကျွန်တော်ကွန်ပျူတာကို အဲ့လိုလာစမ်းရင် လက်ခံမှာမဟုတ်ဘူး ။ ဒီခုပြောပြမယ့် software လေးကတော့ ကိုယ်တိုင် Server ထောင်ကြည့် ။ ပြီးတော့ ပြန်စမ်း နည်းမျိုးစုံကို စမ်းလို့ရတယ် Networking သမားတွေအတွက်လည်း တော်တော်လေးကို အဆင်ပြေပါတယ် ။ Os စမ်းသပ်သူတွေအတွက်လည်း အရမ်းအဆင်ပြေတယ် စမ်းယုံတင်မဟုတ်ဘူး အတည်ကိုအသုံးပြုလို့ရပါတယ် ။ လိုခြင်ရင်တော့ ဒီလင့်လေးနားမှာပဲ Download ပြုလုပ်လိုက်ပါ ။ ထပ်ပြီးတောင်းဆိုသူ ရှိမယ်ဆိုရင် အသုံးပြုနည်းကို ထပ်မံသင်ပေးမှာပါ ။ Cbox မှာဖြစ်ဖြစ် Commont Box မှာဖြစ်ဖြစ် စာချန်ခဲ့လို့ရပါတယ် ။ ဘာလို့အဲ့လိုပြောရလည်းဆိုတော့ ရေးနေတယ် သင်ပေးနေတယ် မျှဝေနေတယ် ဒါပေမယ့် သဲထဲရေသွန်နေသလိုပဲဗျာ ကြည့်တဲ့လူကမရှိ ပြောခြင်တာက စာဖတ်ပရိတ်သတ်မရှိပဲ ရေးနေရင် ဘာထူးမှာလည်းဗျာ ။ စိတ်ဝင်စားသွားအောင် အောက်ကပုံလေး ကြည့်လိုက်ပါအုံးဗျာ ။ ကျေးဇူးတင်ပါတယ်

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ