The story of Tarots
အားအင်ပြည့်ဝ တက်ကြွနေသော အရူး Fool တစ်ယောက်၏ ခရီးစဉ်စတင်ခဲ့သည်။ စင်စစ်ကား လူသားတို့၏ ဘဝခရီးလမ်းအစကို ဖော်ညွှန်းပါသည်။ ရင်ကော့ ခေါင်းမော့ကာ ယုံကြည်ချက်အပြည့်ဖြင့် လျှောက်လှမ်းရန် စတင်နေသည်။ တက်ကြွမှုနှင့် လတ်ဆတ်မှုများစွာတွေ.မြင်ရသည်။ သို့သော် ရှေ့တွင် ချောက်ကပါးတစ်ခု... အခက်အခဲများကို သတိမထားမိခြင်းပုံရိပ်ဖြစ်သည်။ ထူးခြားဆန့်ကျင်နေသောအချက်တစ်ခုမှာ ကဒ်နံပါတ်မှာ ၁ မဟုတ်ဘဲ ဝ zero ဖြစ်နေခြင်းပင်။
ခရီးထွက်ထွက်ခြင်းမှာပင် မျက်လှည့်ဆရာMagician နှင့် မယ်တော်ကြီး high priestess ကို အရူးတွေ.လေသည်။ လောကသဘောအရ ဆန့်ကျင်ဘက်ရှိခြင်းသဘောပင်ဖြစ်သည်။ မျက်လှည့်ဆရာ သည်ကား
အင်အားပါဝါနှင့်ပြည့်စုံသောသဘော ပေါ်ပေါ်ထင်ထင်စွမ်းဆောင်သောသဘောဖြစ်ကာ မယ်တော်ကြီးကား နောက်ကွယ်မှ မသိစိတ်စွမ်းအားသဘော လျှို.ဝှက်သောသဘောကိုဆောင်သည်။
ထို့နောက် ဧကရီ Empress တစ်ပါးနှင့် တွေ.လေသည်။ သူကား သိမ်မွေ.လှပကာ နူးညံ့စွာ ပြုစုပျိုးထောင်နိုင်စွမ်းရှိလေသည်
ဆက်လက်ခရီးထွက်ခဲ့ရာ အရူးသည် ဘုရင် Emperor ကိုတွေ.လေသည်။ အာဏာပြင်းသော အမိန့်ပေးသော ဖခင်ဖြစ်လေသည်။ သူ့တွင် မာကြောမှုနှင့် တိကျတောင့်တင်းသောသဘောကို အတိုင်းသားတွေ.မြင်ရသည်။
ထပ်မံတွေ.ရသည်ကား Hierophant ဘုန်းတော်ကြီးဖြစ်သည်။ ဘာသာရေး သင်ကြားမှု သက်ဝင်ယုံကြည်ခြင်းနှင့် အကောင်းအဆိုးသည်လည်း ပဓာနကျကြောင်းသိရပြန်သည်။
ဆက်လက်ထွက်ခွာခဲ့ရာ ကိုယ်တိုင် အချစ် lovers ကိုတွေ.လေသည်။ မိမိကိုယ်တွင်းမှ ပြင်းထန်သော မျှဝေခြင်းနှင့် ပေါင်းစပ်ခြင်းသဘောကို အံ့သြနေမိသည်။ အချစ်နှင့်မတွေ.ခင်အထိ ကိုယ့်ကိုယ်ကိုသာ ကြည့်ခဲ့သည်။ အတ္တသာရှိခဲ့သည်။
စစ်ရထားမောင်းသူ chariot ကို လမ်းခရီးတွင် တွေ.သည်။ သူ့တွင် ခိုင်မာသော ဆုံးဖြတ်ချက်များနှင့် စိတ်ဓာတ်အင်အားပြင်းထန်မှု များကို တွေ.မြင်နေရသည်။ စစ်အောင်သူကို ကြည့်ရင်း လိုချင်မှုတစ်ခုရှိလျှင် ကြိုးစားရခြင်းသဘောကို အရူး တွေးခေါ်တတ်လာကာ သင်ခန်းစာယူနေမိသည်။
အကြမ်းရှိက အနုလည်းရှိနေပြန်သည်။ အင်အား strength အစစ်ဆိုတာဘာများလဲ။ စစ်ရထားမောင်းသူလို တိုက်ခိုက်ယူရ hard power သည်များရှိသလို အနုနည်း soft power လည်းရှိပြန်သည်။ မိန်းမတစ်ဦးက အင်အားအင်မတန်ကြီးသော သတ္တဝါကို အသာအယာ စိတ်ရှည်စွာ ထိန်းကျောင်းပြုပြင်နေသည်ကို အရူးတွေ.လိုက်ရသည်။
ခရီးထွက်ရင်းမှ အရူးတွေးမိလာသည်။ သူသည် ဘာသည်ဘာကြောင့်လဲ ဟူသော ဘာကြောင့်လဲများစွာရှိလာသည်။ ရှာဖွေခြင်းသည် အပြင်မှာလား ကိုယ့်ကိုယ်တွင်းမှာလား အတွင်းစိတ်ကို သဘောပေါက်ရန်လိုကြောင်းသိလာလေသည်။ ကိုယ်တိုင်ရှာဖွေခြင်းကိုသိလာကာ လူ့လောကတွင်းမှ ရှောင်တိမ်းရင်းအဖြေရှာရန် လိုကြောင်းသိမြင်လာသည်။ လမ်းပြမည့်သူရှာရှာ hermit သူတော်စင်ကို တွေ.လေသည်။
ခရီးထွက်ခဲ့ရသလောက် အတွေ.အကြုံအရ သူသတိပြုမိသည်မှာ အရာရာသည် ဆက်သွယ်မှု ရှိနေသည်။ အကြောင်းအကျိုးသဘော သံသရာလည်ခြင်းသဘောကို ရိပ်စားမိလာတော့သည်။ ကံကြမ္မာစက်ဝိုင်း Wheel of Fortune သည် ဆန်းကြယ်လေစွ။
အကြောင်းအကျိုးကို နှိုင်းဆလေ့လာရာမှ မျှတခြင်း Justice
သဘော ဘယ်သူမပြုမိမိမှု ဟူသော ကိုယ်ပြုခဲ့ခြင်းများအတွက် ကိုယ့်ဖာသာပင် တာဝန်ယူရခြင်းသဘောကို သိမြင်ရပြန်သည်။
ခရီးတစ်ဝက်ကျိုးခဲ့လေပြီ။ ဘဝတစ်ကွေ.တွင် တစ်ခါတစ်ရံ မိမိဘာမှမတတ်နိုင်ပဲ လွှတ်ထားလိုက်ရသော သဘောသဘာဝကို အံ့အားသင့်စွာ ကြုံရလေသည်။ ဖိအားတစ်စုံတစ်ရာမပါဘဲ သစ်ပင်တွင်ဇောက်ထိုးချခံ Hanged Man ရလေသည်။ တစ်ဆက်တည်း အချိန်ကြာကြာဆွဲခံရနေရင်းမှ မြင့်မားသော တွေးခေါ်မှုများ ကို ရရှိသဘောပေါက်လာခဲ့သည်။
အရူးသည်သူ၏ အကျင့်ဟောင်းများကို အဆုံးသတ်ခဲ့ပြီ။ သေခြင်း Death ကဲ့သို့သော စွန့်ခွာခြင်း အသစ်ပြောင်းလဲခြင်းများကို နားလည်ခဲ့ပြီ။
သူသည် အမြဲတမ်းအစွန်းရောက်ခဲ့သည်။ ဤတစ်ကွေ.တွင်ကား ဟန်ချက်ညီခြင်းသဘော မျှတသမစွာ ပေါင်းစပ်ခြင်းသဘော Temperance
ကိုသိနားလည်လာလေသည်။
သူသည် ကောင်းမှုများကိုသာ သိခဲ့သည် စွဲလမ်းကပ်ညှိကာ မကောင်းမှုကို ခံစားမွေ.လျော်သော သဘောကိုမသိခဲ့မိ။ ယခုကား မကောင်းဆိုးဝါး Devil ကပ်သလို မကောင်းမှုကို သိရှိ ခံစားလေသည်။
အရူးထပ်မံသဘောပေါက်လာသည်မှာ မိမိတို့သည် ခံတပ်ဟုထင်ကာ တည်ဆောက်ထားသော တောင့်တင်းသော မျှော်စင်သည်လည်း ပျက်စီးခြင်းသဘောရှိလေသည်။ တစ်ဖန် ခံတပ်ဟုထင်နေသော်လည်း ထိုအထဲပိတ်လှောင်နေသည်က ထောင်နှင့်တူနေပြန်သည်။ ထိုထဲမှလွတ်မြောက်ရန် မိုးကြိုးပစ်လိုက်သည်ကို လက်ခံနိုင်မှာလား။ မကောင်းတာဟာ ကောင်းတာအတွက်လား သင်္ခါရသဘောလား။ မိုးကြိုးသင့်သော မိုးမျှော်စင်Tower ဖြစ်လေသည်။
အတိုင်းမသိ အေးချမ်းသောသဘော နှင့် အရူး တွေ.ထိမိလေသည်။ မျှော်လင့်ချက်များ ပန်းတိုင်များ သူ့စိတ်တွင်ပေါ်လာသည်။ အေးချမ်းစွာ စိတ်ကူးမိလေသည်။ အတွေးသစ်များပေါ်လာသည်။ ကြယ်တွေ Start ဝန်းရံ လို့ပေါ့။
စိတ်ကူးတိုင်းရော အဆင်ပြေမှာလား။ စိတ်ကူးယဉ် ဆိုတာလည်းရှိနေပြန်သည်။ မဖြစ်နိုင်သည်များကို စိတ်ကူးနေသည်မှာ မျှော်လင့်ချက်မဲ့လေသည်။ လမင်း Moon ကိုခွေးဟောင်သကဲ့သို့ပင်။ ညအမှောင်အလယ် အရူး၏စိတ်ကို ကြောက်ရွံ.ခြင်းများ ကြီးစိုးလေသည်။
သို့သော် အမှောင်ထုကို နေရာလပ်မကျန်အောင်ပင် နေမင်း Sun အလင်းရောင်များ မကြာမီလွှမ်းခြုံလေပြီ။ လောက၏ မျက်နှာသာပေးမှုကို ကျေးဇူးတင်ရမည်။ ကံတရား၏ မျက်နှာသာပေးချိန်ကား အလွန်ကောင်းလေသည်။ ကျက်သရေရှိခြင်း နှင့် ကြီးမြတ်ခြင်းတို့က ကြီးစိုးလေသည်။ အရူးစိတ် လမ်းဆန်းလာလေသည်။
အရူးလူသစ်စိတ်သစ် ဖြစ်လေပြီ။ ဘဝ၏ နက်ရှိုင်းသော အဆုံးအဖြတ် Judgement များကို နားလည်လေပြီ။ ပြန်လည်မွှေးဖွားသလို လူသစ်စိတ်သစ်ဖြင့် နေရန်အချိန်ကျပြီဟု ကျနော်တို့ ဇာတ်ဆောင်အရူးတစ်ယောက် ကောင်းစွာသိနေပြီ။
ကုံလုံပြည့်ဝမှုများနှင့် ပျော်ရွှင်ခြင်းများ ပြည့်ဝသောအရူးဖြစ်လေပြီ။ ဘဝကို အဓိပ္ပါယ်ရှိသည်ဟု အရူးမြင်လာပြီ။ ကမ္ဘာမြေ World ထဲသို့ နားလည်ခြင်းများဖြင့် အရူးပြန်လည်ဝင်ရောက်လာပါပြီ။
ဤတွင် အရူးဇာတ်လမ်း Journey of Fool ဆုံးပါပြီ။ ။

Nann Nyunt Oo

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ