ထို့အပြင် ဦးမြကွန်းသည်၊ "မဟာဗောဓိ အောင်မြေ " ဘုရားဝင်းအတွင်း ၌၊မြေဖို့ရန်ဟူသောအကြောင်းပြချက်ဖြင့်၊ စွန့်ပစ်ပစ္စည်းမျိုးစုံထည့်ထားသော၊မြွေရေခွံအိတ်ကြီးများအား၊ ၊ ( ည /၁၁ ) ရပ်ကွက်သံဃနာယက၏ခွင့်ပြုချက်ဖြင့်ဆိုကာ၊ ဘုရားစေတီဝင်းအတွင်း၌ လျှေက်လမ်းသဖွယ်၊ခင်းကျင်းထားပါသည်။ ထို မြွေရေခွံ အိတ်ကြီး များအတွင်း တွင် ၊ပါဝင်သောပစ္စည်းများမှာ ဆေးရုံ၊ ဆေးခန်းများမှ့ စွန့်ပစ်ဆေးထိုးအပ်များ ၊အမျိုးသမီးသုံး အကျီင်္၊ လုံချည်အစုတ်အပြဲများနှင့် ၊ ရာဘာဖိနပ်အစုတ်များ ၊စသည့် ဟောင်းနွမ်းစုတ်ပြတ်သော အ၀တ်အထည်မျိုးစုံတို့ပါဝင်ကြသည့် ၊အတွက်သာသနာ့မြေလည်းဖြစ်ါ၊ ၀တ္တကမြေလည်းဖြစ်သော၊ ဘုရားစေတီမြေနေရာနှင့်မည်သို့မျှ မသင့်တော်၊ မအပ်စပ်သည့်အပြင်၊ အဆိုပါစွန့်ပစ်ပစ္စည်းမျိုးစုံပါဝင်သည့်အိတ်ကြီးများကြောင့်၊ ဘုရားစေတီအချို့မှာအက်ကွဲလာကြခြင်းရှိသဖြင့် ရပ်ကွက်နေပြည်သူများမှ့ အဆိုပါအိတ်ကြီးများအားပြန်လည်၍ ဖယ်ရှားပေးရန်၊ ဦးမြ ကွန်း နှင့် သက်ဆိုင်ရာရပ်ကွက်သံဃနာယကအဖွဲ့ထံသို့၊ အကြောင်းကြားတောင်းပန်ကြသော်လည်း၊ဘုရားဂေါပကဥက္ကဌဖြစ်သူ ဦးမြကွန်းနှင့်၊ ( ည / ၁၁ ) ရပ်ကွက်သံဃနာယကအဖွဲ့မှ့၊ မည်သို့မျှ အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပေ ။
ထို့အပြင်အဆိုပါ ဦးမြကွန်းသည်၊ဘုရား ပိုင် အလှူငွေများမှ့ဆိုက်ကားတစ်စီးကိုဝယ်ယူထားပြီး၊ ယင်းဆိုက်ကားဖြင့်မိမိကိုယ်ကျိုးစီးပွါးရေးအတွက်၊တံမြက်စည်းများတင်ကာလှည့်လည်ရောင်းချလျက်ရှိပြီး၊ဘုရားတန်ဆောင်းမိုးရန်အတွက် လှူဒါန်းထားသော၊ အမိုးသွပ်ပြားများကို၊ယင်း၏နေအိမ်အမိုးများအဖြစ် အလွဲသုံးစားပြုလုပ်ကာ၊မိုးကာထားပါသည်။
ထိုကဲ့သို့ ဘုရားပိုင်အလှူငွေများ၊ ဘုရားပစ္စည်းများအားမိမိကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်လျှက်ရှိသော၊ဘုရားဂေါပကဥက္ကဌဖြစ်သည့် ဦးမြကွန်းအား သက်ဆိုင်ရာရပ်ကွက်သံဃနာယကအဖွဲ့မှ့လည်း ၊ အလိုတူအလိုပါအဖြစ် မသိကျိုးကျွံပြုကာ၊လျစ်လျူရှူ့ထားသည့်အတွက်၊ ဦးမြကွန်းနှင့်တကွ၊ ယင်းအား ,အားပေးအားမြှေက်အဖြစ်ပံ့ပိုးဆောင်ရွက်ပေးနေသည့် ( ည/ ၁၁ ) ရပ်ကွက်သံဃနာယကအဖွဲ့အားထိရောက်စွာဖြင့်၊တိတိကျကျစီစစ်ကာ အမြန်ဆုံးဖယ်ရှားအရေးယူပေးပါရန် နိင်ငံတော်သံဃနာယကအဖွဲ့ဝင်ဆရာတော်ကြီးများထံသို့၊တစ်ဆင့် ရိုသေလေးမြတ်စွာဖြင့်၊ ဂါရ၀တရားဦးထိပ်ထားလျက်အသိပေးတိုင်ကြားအပ်ပါသည်။
မိုးမခ မှယူပါသည်။

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ