မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့အကြီးဆုံး(ဓမ္မမဏ္ဍိုင်) ကြေးသွန်းခေါင်းလောင်းတော်ကြီး အုတ်မြစ်ချပွဲ အခမ်းအနား



မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့အကြီးဆုံး(ဓမ္မမဏ္ဍိုင်) ကြေးသွန်းခေါင်းလောင်းတော်ကြီး အုတ်မြစ်ချပွဲ အခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ရှိ မြစိမ်း ရောင်တောင် ဆရာတော်ဘုရားကြီး၏ သြ၀ါဒကိုခံယူ၍ မြစိမ်းရောင်တောင်တော်ရှိ မြတိဂုံစေတီတော်ကြီး၏ ရင်ပြင်တွင်အလေးချိန် (၃၃၃)တန်ရှိ ဓမ္မမဏ္ဍိုင် ကြေးသွန်းခေါင်းလောင်းတော်ကြီးကို သွန်းလုပ်ပူဇော်ထားရှိမည်ဖြစ်ပါသည်။
အဆိုပါကြေးသွန်းခေါင်းလောင်းတော်ကြီးကို မြစိမ်းရောင်တောင်ဆရာတော်ဘုရားကြီးမှ ဦးစီး၍ မန္တလေးမြို့ တမ္ပ၀တီရပ်ရှိ စင်္ကြာဝဠာကြေးသွန်းပန်းတဉ်းပညာရှင်များ ကုမ္မဏီနှင့် ပူပေါင်း၍ မြန်မာ့ရိုးရာ အနုပညာလက်ရာ ဂုဏ်သတင်းကို ကမ္ဘာ့အလယ်တွင် ပိုမိုထင်ရှားစေပြီး ကမ္ဘာတွင်အကြီးဆုံးကြေးသွန်းခေါင်းလောင်းတော်ကြီးအဖြစ်ဂင်းနစ်စံချိန်တင်နိုင်ရန် တည်ထားမည့်ကြေးသွန်းခေါင်းလောင်းတော်ကြီးဖြစ်ပြီး ခေါင်းလောင်းတော်ကြီး၏ အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊ ခရစ်နှစ် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ(၁၉)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးမြောင်းမြမြို့နှင့် (၇)မိုင်အကွာ မြစိမ်းရောင်တောင်တော်တွင် ခမ်းနားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတ၀န်းလုံးရှိ မိဘပြည်သူများမှလည်း မိမိတို့စေတနာအလျောက် ကုသိုလ်ပါဝင်လှူဒါန်းကြသည်မှာ (၁၀.၁၀.၂၀၁၃)ခှုနှစ်၊ နေ့ခင်း (၁း၀၀)နာရီအချိန်ထိ ကျပ်ငွေသိန်းပေါင်း (၃၈၈)သိန်း၊၅သောင်း ၊၈ထောင် တိတိလက်ခံထားပြီးဖြစ်ပါသည်။
သို့ပါ၍အထက်ပါ အလှူရှင်များ၊ စာနယ်ဇင်းလောကမှ ပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံတ၀န်းလုံးရှိ မိဘပြည်သူများအားလည်း အဆိုပါအုတ်မြစ်ချမည့်အခမ်းအနားသို့ ကြွရောက်နိုင်ပါရန် လေးမြတ်စွာ ဖိတ်ကြားနိုးဆော်အပ်ပါသည်.။
အသေးစိတ်အချက်အလက်များကို ဦးသွင်းဟိန်းဇော်၊ဖုန်းနံပါတ် ၀၉၈၆၂၄၇၂၆ သို့ဆက်သွယ်နိုင်ပါသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ