*** စက်ရုပ်ကလေးတွေ တန်းစီ ***
သူငယ်ချင်းတစ်ယောက်ဖုန်းဆိုင်မှာ လေသွားကန်တုန်း ချာတိတ်လေးနှစ်ယောက် အထုပ်တွေကိုယ်စီကိုင်ပြီး Marketing လာဆင်းပါတယ်။ ပါလာတဲ့ ဖုန်းပစ္စည်းတွေ ထုတ်ပြတာပေါ့။
အဲ့ဒီမှာ တရုတ် Android ဖုန်းတွေ အမျိုးစား (၁၀)မျိုးလောက်
ပါလာပါတယ်။ တံဆိတ်တွေကတော့ မကြားဖူးတာတွေချည်းပါပဲ။
စုံနေတာပဲ။ ဈေးနှုန်းကိုမေးလိုက်တော့ အလို သုံးသောင်းကျော်ပါတဲ့ခင်ဗျာ။
ကျွန်တော် မျက်လုံးနည်းနည်းပြူးသွားတယ်။ Android ကော ဟုတ်ရဲ့လားပေါ့။ ဒါနဲ့ ကလိကြည့်တာပေါ့။ Android version က အကုန်နည်းပါး 2.3.3 ပါ။ Touch screen က မထစ်ဘူး။ ချောချောမွေ့မွေ့ပဲ။ ဒါနဲ့ ဘယ်လောက် ကလိလို့ရလဲ
သိချင်တာနဲ့ ဂိမ်းသုံးမျိုး .. app နှစ်မျိုးလောက် ထည့်ပြီး စမ်းကြည့်တယ်။
Angry Birds Star war ဆော့လို့ရတယ်။ loading သိပ်မကြာဘူး။
နောက် Go Launcher တွေဘာတွေ ထည့်ကြည့်တော့လဲ အိုကေပြန်ရော။
ဒီလောက်ဆို တော်တော် အဆင်ပြေနေပြီလေ။ internal memory ကတော့
နည်းနည်းပဲပါတာပေါ့။ 16GB အထိ card ထည့်ပြီး သုံးလို့ရပါတယ်တဲ့။
Root လုပ်ပြီးသား super user နဲ့ အမှန်အကန်ပါပဲ။ မြန်မာစာလဲ ဂွတ်တယ်။
ဈေးနှုန်းကတော့ သုံးသောင်းနဲ့ လေးသောင်းကြားပဲ ရှိတယ်။ အံ့ရော။
Android ဖုန်းတစ်လုံး ငွေသုံးသောင်းကျော်နဲ့ ၀ယ်လို့ရနေပြီ။
အရင်ကဆို တစ်သိန်းအောက် Android ဖုန်းဆိုရင် Huawei တစ်မျိုးသာရှိပါတယ်။ အခုတော့ သုံးသောင်းကျော်ကစပြီး အမျိုးအစား အများကြီး ဈေးကွက်ထဲရှိနေပြီ။ ဒီပုံစံအတိုင်းဆို နောက်ဆို Java ဖုန်းတွေ အသုံးနည်းပြီး Android တွေပဲ သုံးကြဖို့များနေပြီဗျ။ ဖုန်းပြောရပြီးရောဆိုတဲ့သူတွေသာ Java တွေကိုင်ကြမယ်။ ကလိချင်တဲ့
သူတွေကကတော့ သုံးသောင်းကျော်နဲ့ normal game တွေ application တွေ ၊ internet ပါ သုံးလို့ရတဲ့ Android တွေပဲ ကိုင်ကြတော့မယ်ထင်တယ်။
အရည်သွေးကတော့ ဘယ်လိုနေလဲ မသိသေးဘူး။ ကြာရှည်ခံမလား အကြမ်းခံမလားပေါ့။ ဘာပဲဖြစ်ဖြစ်ဗျာ တစ်နှစ်လောက် သုံးလိုက်ရရင်ကို တန်နေပြီမဟုတ်လား။ ကျွန်တော်ကတော့ အရမ်းသဘောကျသွားတယ်။ နောက်ဆို လူတန်းစားမျိုးစုံ စက်ရုပ်တွေနဲ့ ရင်းနှီးတော့မယ်။ ဖုန်းကဒ်တွေသာ ထောင်ဂဏန်းဖြစ်ခဲ့ရင် စက်ရုပ်ကလေးတွေ တန်းစီ နေတော့မှာ မြင်ယောင်မိပါသေးတယ်ဆိုတဲ့အကြောင်း ဘာရယ်မဟုတ် ရေးချင်လို့ ရေးလိုက်မိပါတယ်ဗျာ
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)

where can i buy this ph .... pls ... let me know .
ReplyDelete