ကမ္ဘာအေး ဂမုန်းပွင့်က လုံခြုံရေး၏ စားသုံးသူကို ရိုင်းပြမှု

၆.၄.၂၀၁၃ နေ့ ညပိုင်း ၈နာရီခန့်က ကမ္ဘာအေးရှေ့က ဂမုန်းပွင့်ကို ဈေးဝယ်ထွက်လာခဲ့ပါတယ်..။

နှစ်သစ်ကူးအကြို အပြိုင်အဆိုင် လျော့ရောင်းနေကြတော့ စားသုံးသူများနဲ့ စည်ကားလို့ နေပါတယ်..။

လူစုကွဲသွားလို့ ကားပါကင်နားမှာ သွားထိုင်စောင့်နေမိပါတယ်..။

ဂမုန်းပွင့် ဆိုင်းဘုတ်အနားမှာပါ..။

ကားတစ်စီးက နောက်ကို မတရားဆုတ်လာတော့ ကျွန်တော်ထိုင်နေတာနဲ့ တိုက်မိမလိုဖြစ်သွားပါတယ်..။

နောက်ကို ဆုတ်ဖို့အချက်ပြနေတာ ဂမုန်းပွင့်က တာဝန်ခံလုံခြုံရေးများပါပဲ..။

သူတို့ကို နောက်ကို မကြည့်ဘဲ လုပ်နေလို့ ကျွန်တော်ကပြောမိတာ..ဒီနေရာက ထိုင်စရာ နေရာမဟုတ်ဘူး.. ကားပါကင်လို့ လေသံမာမာနဲ့ ပြောပါတယ်..။

ကျွန်တော့်ဆီကိုလည်း လုံခြုံရေး ၃ ၄ ယောက်လောက် ၀ိုင်းလာပါတယ်..။

နောက်မှ လူရှိနေတာတော့ မင်းသိဖို့ကောင်းတယ်လို့ ကျွန်တော်က ပြောတော့ သူက ထပ်မံပြောဆိုပါတယ်..။

ဒီနေရာက ထိုင်စရာမဟုတ်ဘူး ဆိုပြီး လမ်းဘေးက အုတ်ခုံကို လက်ညိုးထိုးပြပါတယ်….။ အဲ့မှာ သွားထိုင်လို့ ရတယ်ဟုလည်း ပြောပါသေးသည်..။

ကျန်တဲ့သူတွေကလည်း မင်းဘာဖြစ်ချင်လဲလို့ ပြောနေကြပါတယ်..။

တိုင်ချင်ရာတိုင်  ဆိုတဲ့စကားကိုလည်း ထပ်မံကြားရပါတယ်..။

မင်းတို့က လေသံမာလှချည်လားကွ..လို့ ကျွန်တော်ပြောတော့ သူတိုထဲက တစ်ယောက်က  တောင်းပန်ပါတယ်ဆိုတဲ့ စကားလုံးက အေးခဲနေသော အုတ်ခဲတစ်လုံးလို….

ငါတို့က ဒီ ဂမုန်းပွင့်ကို လာအားပေးတဲ့ Customer တွေလေ..ဒီလို ပြောစရာလား လို့ ကျွန်တော်က ပြောတော့.

ဘာဖြစ်ချင်လဲ.မကျေနပ်ရင် တိုင်ချင်ရာတိုင် Customer တွေကို ဂရုမစိုက်ဘူး.. ကားပါကင်ကိုပဲ စိတ်ဝင်စားတယ် ဟု နောက်တစ်ဦးက ၀င်ပြောပါသည်..။

ပြောသည့်သူကို နာမည်မေးတော့ ..ပုခုံးတွင် ဘားတန်း ၂ တန်း ရှိသူက ကျွန်တော့်နာမည် ၀င်းသိန်း…၀င်းသိန်းဆိုရင် အကုန်လုံးသိတယ်..ကြိုက်တဲ့နေရာကို တိုင်ကြားလို့ ရတယ်လို့ ခဏခဏ ပြောပါသည်..။ အားလုံးကို ရှင်းနိုင်တယ်…ကျွန်တော့်နာမည် ၀င်းသိန်းလို့ ထပ်ပြောနေရာ..ဘာရာထူးလဲဟု မေးရာ ၀င်းသိန်း ဆိုသူက မဖြေပေးဘဲ ခုနက စကားကိုသာ တွင်တွင် ပြောနေပါတော့သည်။

သေချာလေ့လာကြည့်မိချိန်မှာ ကျွန်တော့်ကို ၀ိုင်းအုံထားပုံမှာ ရန်သူတစ်ယောက်ကို စိစိညက်ညက်ကြေအောင် အမဲဖျက်တော့မည့် ပုံစံဟန်ပန်မျိုးများနှင့်ပါ…။ ကျွန်တော်သာ စိတ်လိုက်မန်ပါ တစ်ချက်လောက် ထိုးမိရင် ကျွန်တော့်ဆီ ၀င်လာမည့် လက်သီးများက ၁၂ ချောင်းတိတိ ရှိနေတာပါ..။

ဘယ်သူ့ကိုမှ ကျွန်တော် မတိုင်ကြားခဲ့ပါ…သို့သော်…

 

 

အဆိုပါ ဖြစ်စဉ်တွင် အောက်လက်ငယ်သား မကောင်းတာ ခေါင်းကြီးပိုင်း မကောင်းလို့ ဆိုတာ လူတိုင်း သိနိုင်လောက်ပါသည်..။

မိမိတို့ကို အလုပ်ပေးထားတာ ဘယ်သူ…ထမင်းကျွေးနေတာ ဘယ်သူဆိုတာလည်း သိသင့်တယ်လို့ ထင်ပါသည်။

ဈေးနှုန်းချင်းတူနေသော လောကတွင် ၀န်ဆောင်မှု အားပြုပြီး ဆွဲဆောင်ရမည်ကို ၀န်ထမ်းအားလုံးကို သိထားသင့်တယ် ထင်ပါသည်။

ယခုလို ဖြစ်စဉ်မျိုးကတော့ မဖြစ်သင့်ဘူးဟု ကျွန်တော်ထင်ပါသည်။

ခံစားရသူက ကာယကံရှင် ကိုယ်တိုင် ဖြစ်နေရာ..လူထက်ပဲ ကားက ပိုတန်ဖိုး ရှိနေရတာလား..ဟု တွေးဆမိပါသည်။

လူ ဟု သတ်မှတ်ခံလိုပါလျှင် လူနှင့်သက်ဆိုင်သော အသိ+တရား ကို ရှိထားသင့်ပါသည်။ ထိုသို့ တွေးမိနေချိန်တွင် ဂမုန်းပွင့်ဟု ခေါ်ဆိုထားသော ဆိုင်းဘုတ်ကြီးကို လှမ်းကြည့်မိရာ အလွန်ပင် ရုပ်ဆိုးအကျည်းတန်လွန်းသည်ဟု မြင်လာပါသည်..။

ကျွန်တော်လည်း နောက်…ဘယ်တော့မှ….ကမ္ဘာအေး ဂမုန်းပွင့် ကို မသွားတော့ပါ…။

ကျွန်တော်သွားမိ အပြစ်ရှိပါသည်။

နန်းညွန့်ဦး

Email : nnophoto@gmail.com



Nann Nyunt Oo

1 comment:

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ