ကျိုက္ကဆံစူပါးဝမ်းအနီး၊ ကျိုက္ကဆံလမ်းဆုံရှိ အားစားဝန်ကြီးဌာနပိုင်
မြေနေရာပေါ်တွင် စိုက်ထူထားသော ကြော်ငြာဆိုင်းဘုတ် အချို့အား တွေ့ရစဉ်
ရန်ကုန်မြို့တော် စည်ပင်သာယာပိုင် မြေများပေါ်တွင် စိုက်ထူထားသော ကြော်ငြာ
ဆိုင်းဘုတ်များအား လာမည့် မတ်လကုန်တွင် အပြီး ဖြုတ်သိမ်းရမည် ဖြစ်ပြီး
ယင်းဆိုင်းဘုတ်များအပြင် အစိုးရဌာနပိုင် မြေပေါ်တွင် စိုက်ထူထားသည့်
ကြော်ငြာ ဆိုင်းဘုတ်များကိုလည်း ခွင့်မပြုတော့ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။
"အစိုးရဌာနပိုင် မြေပေါ်မှာလည်း ကြော်ငြာဆိုင်းဘုတ်တွေကို
ခွင့်မပြုတော့ဘူး" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာ
ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
ယခုလက်ရှိ အစိုးရဌာနပိုင် မြေပေါ်တွင် စိုက်ထူထားသော
ကြော်ငြာဆိုင်းဘုတ်များအား ဖြုတ်သိမ်းရန် အတွက် စာရင်းလိုက်လံ
ကောက်ယူလျက်ရှိပြီး မည်သည့် အကြောင်းရင်းကြောင့် ခွင့်မပြုတော့ခြင်း
ဖြစ်သည်ကို သက်ဆိုင်ရာ ဌာနသို့ မေးမြန်းသော်လည်း ထုတ်ပြန်ခြင်း
မရှိခဲ့ပေ။
ရန်ကုန်မြို့တော်အား မြို့တော် အင်္ဂါရပ်နှင့် ညီညွတ်စေရန် အတွက်
ရှုပ်ထွေးများပြားနေသည့် ကြော်ငြာ ဆိုင်းဘုတ်များကို လျှော့ချရန်
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မေလကတည်းက စီစဉ်ခဲ့ခြင်း ဖြစ်ပြီး
ကြော်ငြာဆိုင်းဘုတ် အသေးများအား ၂၀၁၂ သြဂုတ်လကုန်တွင် အပြီး
ဖြုတ်သိမ်းရန်၊ ဆိုင်းဘုတ် အကြီးများကို ၂၀၁၃ ခုနှစ် မတ်လကုန်တွင်
အပြီးဖြုတ်သိမ်းရန်နှင့် ဧပြီလမှ စတင်၍ ကြော်ငြာဆိုင်းဘုတ် များအား
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စီမံခန့်ခွဲမှု ပြုလုပ်သွားမည်ဟု
ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်လကုန်က ပထမအသုတ် အဖြစ် ကြော်ငြာဆိုင်းဘုတ်
အသေးများအား ဖြုတ်သိမ်းခဲ့ရခြင်းကြောင့် ကြော်ငြာ လုပ်ငန်းရှင်များမှာ
အစိုးရ ဌာနပိုင် မြေပေါ်များတွင် ပြောင်းလဲ၍ စိုက်ထူခဲ့ကြခြင်း ဖြစ်ပြီး
ယခု အစိုးရဌာနပိုင် မြေပေါ်တွင်လည်း ခွင့်မပြုတော့ခြင်းကြောင့် ကြော်ငြာ
လုပ်ငန်းရှင်များ အခက်အခဲများ တွေ့နေရသည်ဟု လုပ်ငန်းရှင် အချို့ထံမှ
သိရှိရသည်။
Than Htut ကြော်ငြာလုပ်ငန်းမှ ကိုသန်းထွဋ့်က "ကျွန်တော်တို့ အနေနဲ့
ကြော်ငြာဆိုင်းဘုတ် အသေးတွေ ဖြုတ်လိုက်ရတယ်။ ကြော်ငြာ ဆိုင်းဘုတ်
အကြီးတွေကိုလည်း မတ်လ ၃၁ ရက်နေ့အထိပဲ ခွင့်ပြုမှာဆိုတော့ အစိုးရ ဌာနပိုင်
မြေပေါ်မှာ ပြောင်းလဲပြီး စိုက်ထူခဲ့တာပါ။ အခု အစိုးရဌာနပိုင် မြေပေါ်က
ဆိုင်းဘုတ် တွေကိုလည်း ခွင့်မပြုတော့ဘူးဆိုတော့ ကျွန်တော်တို့ကို အခက်အခဲ
တွေ့စေတာပေါ့။ နိုင်ငံတော် သမ္မတကြီးက အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ
မြှင်တင်ဖို့ ပြောထားတဲ့ အချိန်မှာ ဒီလိုလုပ်တာဟာ မသင့်တော်ပါဘူး။
ပြီးတော့ ရန်ကုန်မြို့တော်ဝန်က ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလက လုပ်ခဲ့တဲ့
ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးမှာ လာမည့် ဘဏ္ဍာနှစ်မှာ
ကြော်ငြာလုပ်ငန်းရှင်တွေကို လုပ်ပိုင်ခွင့်ရအောင် လုပ်ပေးမယ်လို့
ပြောထားတာ ရှိပါတယ်။ အခုကျတော့ ဖြုတ်ရမယ်ဆိုတော့ လွှတ်တော်မှာ
ပြောတဲ့စကားက အတည်မဟုတ်ဘူးပေါ့" ဟု ပြောကြားခဲ့သည်။
ယခုလက်ရှိတွင် ရန်ကုန်မြို့၌ အစိုးရဌာနပိုင် မြေနေရာအချို့
များသောအားဖြင့် ကုန်သည်ကြီများ ဟိုတယ် အနီးရှိ မီးရထားပိုင်မြေ၊
ပန်းဆိုးတန် ခုံးကျော်တံတားအနီးရှိ မီးရထားပိုင်မြေ၊ ဒလ-ပန်းဆိုးတန်း
ဆိပ်ကမ်းအနီးရှိ ပို့ဆောင်ရေး ၀န်ကြီးဌာနပိုင်မြေ၊ ကျိုက္ကဆံ
စူပါဝမ်းအနီးရှိ အားကစား ၀န်ကြီးဌာနပိုင်မြေ စသည်တို့တွင် စိုက်ထူမှု
များပြားနေပြီး ၎င်းတို့အား ၁ ပေပတ်လည်လျှင် ကျပ် ၁ သောင်းခွဲနှုန်းဖြင့်
အခွန် ကောက်ခံကာ ခွင့်ပြုခြင်းဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပထမအကြိမ်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး တတိယနေ့တွင်
သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ် ဦးကျော်၏ ကြယ်ပွင့်ပြ မေးခွန်းဖြစ်သော ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီကြော်ငြာ ဆိုင်းဘုတ်တွေနဲ့ ပတ်သက်ပြီး
ထိန်းချုပ်မှုတွေ လုပ်နေခြင်းကြောင့် ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်များ
အခက်အခဲတွေ့ နေရကြောင်း၊ သို့အတွက် ကြော်ငြာ ဆိုင်းဘုတ်တွေ
လုပ်ငန်းရှင်တွေရင် ဆိုင်နေရတဲ့ အခက်အခဲတွေကို မည်သို့ ကုစားမလဲဆိုသည့်
မေးမြန်းချက် အပေါ်တွင် ရန်ကုန်မြို့တော်ဝန်က လာမည့် ဘဏ္ဍာရေးနှစ်တွင်
ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းများကို လုပ်ငန်းရှင်များအား
လုပ်ကိုင်ခွင့်ရရှိရန် စီမံပေးသွားမည် ဖြစ်ကြောင်း
ပြန်လည်ဖြေကြားထားခဲ့သည်။
Link : http://www.first-11.com/index.php?option=com_content&view=article&id=17693:2013-02-01-04-51-09&catid=43:2009-11-10-07-39-09&Itemid=111
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ