မြောက်ဥက္ကလာပမြို့နယ်အတွင်း ရက်စက်စွာဖြစ်ပွားခဲ့သော မျက်နှာဖုံးစွပ်
လူသတ်မှု တစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း တရားလိုပြသက်သေ စစ်ဆေးနေသည့်
အဆင့်သာရှိသေးကြောင်း ဖြစ်စဉ်တွင် အသတ်ခံခဲ့ရသည့်သူ၏ မိသားစုထံမှ သိရသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ည ၈ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ်
ဝေဘာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်တွင် ကိုကျော်မင်းနှင့်
သူငယ်ချင်းဖြစ်သူနှစ်ဦးတို့ ရှိနေစဉ် ကျော်မင်းလားဟု မေးကာ လူငါးယောက်မှ
ဓားများဖြင့် ၀ိုင်း ၀န်းခုတ်ခဲ့ပြီးနောက် ကိုကျော်မင်းက ဆိုင်ထဲမှ
အပြင်သို့ တိမ်းရှောင်ထွက်ပြေးစဉ် အသင့်စောင့်လျက်ရှိသော လူများက
ထပ်မံခုတ်သတ်ခဲ့ကြောင်း ရဲမှုခင်းစစ်ချက်များအရ သိရသည်။
မျက်နှာဖုံးစွပ် လူအုပ်စု၏ အသတ်ခံခဲ့ရသော ကိုကျော်မင်း၏ မိခင်ဖြစ်သူက
ဖြစ်စဉ်ဖြစ်ပွားစဉ်တွင် ပြောကြားချက်အရ သူငယ်ချင်းဖြစ်သူနှစ်ဦး
စကားများရန်ဖြစ်ရာမှ ကိုကျော်မင်းမှ ၀င်ရောက် ဖြန်ဖြေပေးရာမှတစ်ဆင့်
ယခုကဲ့သို့ ဖြစ်စဉ်ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း၊
မျက်နှာဖုံးစွပ်လူအုပ်စုမှ မသတ်မီ ရက်ပိုင်းများ၌
ရန်ရှာခံရခြင်းများနှင့် ၎င်းနေထိုင်ရာ ရပ်ကွက်အတွင်း၌ ကြေးစားလူသတ်သမားများ
ငှားရမ်းကာ အသေသတ်မည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မည်သူမျှ
ကာကွယ်စောက်ရှောက် အ ရေးယူမည့်သူများ မရှိခဲ့သည့်အတွက်ကြောင့်
မင်းမဲ့စရိုက်ဆန်စွာနှင့် ကြားခဲ့ရသည့် သတင်းများအတိုင်း
အသတ်ခံခဲ့ရကြောင်း သိရသည်။
ယင်းအမှုအား ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ အတွင်းမှစ၍ အရှေ့ပိုင်းခရိုင် တရားရုံး
တွင် တရားလိုပြသက်သေ ၁၀ ဦးခန့် စစ်ဆေးနိုင်ခဲ့သော်လည်း လုံခြုံရေးအင်အား
လိုအပ်ချက်များ ရှိသောကြောင့် မြောက်ပိုင်းခရိုင်တရားရုံးသို့
လွှဲပြောင်းခဲ့ရာ တရားခွင်အားအစမှ ပြန်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်ထိ တရားလိုပြသက်သေ ၂၀ ဦးခန့်သာ
စစ်ဆေးနိုင်သေးကြောင်း၊ရဲမှုခင်းစစ်ချက်တွင် တရားလိုပြသက်သေ ၆၁ ဦးခန့်
ပါဝင်နေကြောင်း၊တရားလိုမိသားစု သက်သေအသိမှာ ၁၀ ဦးခန့်သာ ပါဝင်ကြောင်း
ကိုကျော်မင်း၏ မိသားစုထံမှ သိရသည်။
''ကျွန်မတို့အနေနဲ့ အသိချင်ဆုံးက အမိန့်ကို ဘယ်အချိန်အပြီးသတ်ချမှာလည်း
ဆိုတာပါပဲ။နောက်ပြီး ကျွန်မတို့က
ရှေ့နေမငှားနိုင်လို့ပဲလား။အခုစစ်ဆေးနေတဲ့ မြောက်ပိုင်းခရိုင်တရားရုံးက
အစိုးရစွဲချက်လည်း အဆင်သိပ်မပြေဘူး နောက်ပြီး
ကျွန်မတို့မိသားစုရဲ့တရားလိုပြသက်သေက ၁၀ ယောက်လောက်ပဲရှိတယ်။အခုက
ကိုယ်မသိတဲ့ တရားလိုပြ သက်သေတွေကို တရားခွင်မှာတွေ့နေရတယ်''ဟု
ကိုကျော်မင်း၏ မိခင်မှ ပြောသည်။
အဆိုပါအမှုနှင့် ပတ်သတ်၍့် မြောက်ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင်
တရားသူကြီး (၂) ဦးအောင်မြတ်သိန်းအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့က
တွေ့ဆုံမေးမြန်းခဲ့ရာတွင် ''ကျွန်တော်တို့အနေနဲ့ ဒီအတိုင်း
ဖြေကြားပိုင်ခွင့်မရှိပါဘူး။အထက်အရာရှိ တစ်ဦးဦးရဲ့ အမိန်နဲ့သာ
ဖြေကြားနိုင်မှာပါ''ဟု ပြောခဲ့သည်။
အသတ်ခံခဲ့ရသော ကိုကျော်မင်း၏ မိသားစုများမှာလည်း လက်ရှိကြာမြင့်နေသော
တရားခွင်နှင့် တရားခွင်အခြေအနေအား ကျေနပ်မှုမရှိ၍ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ
အဖြစ်တာဝန် ယူလျက်ရှိသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး
ကော်မတီသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ကိုကျော်မင်း၏ အဒေါ် ဖြစ်သူမှ ''ကျွန်မတို့အနေနဲ့ လက်ရှိ
တရားခွင်အခြေအနေနဲ့ အနေအထား ကို လုံးဝကျေနပ်မှုမရှိဘူး။လက်ရှိမှာ ၁
နှစ်နဲ့ ၂လပြည့်သွားတယ် အယောက် ၂၀ ကျော်လောက်ပဲ
ရှိပါသေးတယ်။ရဲမှုခင်းစစ်ချက်က အယောက် ၆၁ ယောက်ရှိတယ်။အနည်းဆုံး ၃
နှစ်ကျော်လောက် ကြာဦးမယ် အခြေအနေ ဖြစ်နေတယ်။လက်ရှိ တရားခွင်
အခြေအနေကိုလည်း လုံးဝကျေနပ်အားရမှု မရှိပါဘူး၊ဒါကြောင့် ကျွန်မတို့အနေနဲ့
တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီကို
တိုင်ကြားသွားမယ်''ဟု ပြောသည်။
မြောက်ဥက္ကလာပ ရဲစခန်းမှ ယင်းဖြစ်စဉ်နှင့်ပတ် သတ်၍ (ပ)
၅၂၄/၂၀၁၁၊ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပြီး
တရားခံဟု ယူဆရသူ ၂၃ ဦးအား ၂၀၁၁ ဒီဇင်ဘာလအတွင်း ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၂
ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားလိုပြ
သက်သေများအား စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။အဆိုပါအမှုကို
မြောက်ပိုင်းခရိုင် တရားရုံး၌ ခရိုင်ဒုတိယတရားသူကြီး (၂)
ဦးအောင်မြတ်သိန်းမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
လင့် ။http://www.first-11.com/index.php?option=com_content&view=article&id=17380:2013-01-16-06-38-42&catid=43:2009-11-10-07-39-09&Itemid=111
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ