ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးမြို့နယ်များတွင် နေထိုင်သော လက်လုပ်လက်စား
အများစုသည် တန်ဖိုးနည်း ထမင်းဆိုင်များကိုသာ အဓိကထား စားသောက်နေရပြီး
ထမင်းဆိုင်များမှလည်း အဆင်ပြေအောင် (၅၀)၊ (၁၀၀) ဖိုးခန့် အထိ
ရောင်းပေးရကြောင်း သိရသည်။
ပန်းရံနေ့စားသမားများ၊ ခေါင်းရွက်ဗျက်ထိုး ဈေးသည်များ၊
စက်ရုံးအလုပ်သမားများတို့သည် ၀င်ငွေပေါ်မူတည်၍ ခွဲဝေသုံးစွဲနေရပြီး
ချက်ပြုတ်စားသောက်ခြင်းထက် ၀ယ်ယူစားသောက်ခြင်းက ၄င်းတို့အတွက်
ပိုမိုအဆင်ပြေကြောင်း ငွေ ၂၀၀ မှ ၃၀၀ ခန့်ရှိလျှင် တစ်နပ်စာအတွက်
လုံလောက်ကြောင်း ဆင်ခြေဖုံးရပ်ကွက်နေ ပြည်သူများထံမှ သိရှိရသည်။
"ကျွန်တော်က ပန်းရံလုပ်ပါတယ်။ နေ့စားဆိုတော့ ၃၀၀၀ လောက်ရတယ်
နေ့ပြန်တိုးပေးရ ဟိုအကြွေး ဒီအကြွေးပေးရနဲ့ နောက်ဆုံး
ထမင်းမချက်နိုင်ဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်က ခုနှစ်နာရီလောက်ရှိတော့
ချက်ရင်လည်း ဆာလို့ မစောင့်နိုင်ဘူး။ ဆိုင်မှာက ထမင်းတစ်ရာဖိုး၊
ဟင်းတစ်ရာဖိုးဗျာ လိုက်ပွဲကငါးဆယ် တစ်ကိုယ်ရေဆို လောက်တယ်။
မိန်းမနဲ့ကလေးပါလာရင် တစ်ထောင်လောက် ကုန်တယ်" ဟု မြောက်ဥက္ကလာပတွင်
နေထိုင်သော အသက်သုံးဆယ်ခန့်ရှိ ကိုညိုလုံးက ပြောသည်။
မနက်တွင် အပေါင်ဆိုင်များ၊ ပိုက်ဆံချေးသူများက မိမိတို့ကျေးဇူးရှင်များ
ဖြစ်ကြောင်း၊ ထိုမှရသည့်ငွေများကို ဈေးရင်းဖို့နှင့်
မနက်ပိုင်းဝမ်းစာအတွက် ဖြေရှင်းရကြောင်း လှိုင်သာယာမြို့နယ်တွင်
နေထိုင်သော ဈေးသည်တစ်ဦးကလည်း ပြောပြခဲ့သည်။
လှိုင်သာယာမြို့နယ်အတွင်းရှိ ထမင်းဆိုင်ရှင် တစ်ဦးကလည်း "ဒီမှာတော့
အနည်းဆုံး ၃၀၀ ဖိုးရောင်းတယ်၊ ဒါပေမဲ့ ၅၀၊ ၁၀၀ ဖိုးကိုပဲ လာဝယ်စားကြတာ
များတယ်၊ တစ်နေ့ကို လူလေးဆယ်ငါးဆယ်လောက် စားတာဆိုတော့
သူတို့ဝယ်တဲ့ဈေးကို ရောင်းရတာပေါ့၊ မရောင်းရင်လည်း ၀ယ်စားမယ့်သူတောင်
ရှိမှာမဟုတ်ဘူး၊ လက်ဖက်သုပ် နှစ်ရာဖိုးဝယ်တယ်။ နောက်ထပ်တစ်ရာဖိုး
ပေးပါဆိုလည်း ရောင်းပေးရတယ်။ တစ်ခါတစ်လေဆို ထမင်းစာပြီးမှ အကြွေးဆိုပြီး
မှတ်ခိုင်းတယ်။ စားပြီးမှတော့ ဘာပြောလို့ရမှာလဲ၊ ဆာနေတဲ့သူတွေဆိုတော့လည်း
မပြောချင်တော့ဘူး" ဟု ပြောပြခဲ့သည်။
http://www.first-11.com/index.php?option=com_content&view=article&id=17346:2013-01-14-08-56-33&catid=43:2009-11-10-07-39-09&Itemid=111
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
 - ဂျာနယ် (1)
 - နည်းပညာ-MCPA (1)
 - နည်းပညာ-ကွန်ပျူတာ (57)
 - နည်းပညာ-ပရိုဂရမ် (3)
 - နည်းပညာ-ဗိုင်းရစ့် (13)
 - နည်းပညာ-မိုဘိုင်းဖုန်း (43)
 - နည်းပညာ-အင်တာနက် (33)
 - နည်းပညာ-ဆော့ဝဲလ် (41)
 - နည်းပညာ-ဖောက်ထွင်းမှု (42)
 - ဗဟုသုတ-ကင်မရာ (3)
 - ဗဟုသုတ-ကျန်းမာရေး (43)
 - ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
 - ဗဟုသုတ-ဖုန်း (1)
 - ဗဟုသုတ-ဘာသာရေး (10)
 - ဗဟုသုတ-မိုဘိုင်းဖုန်း (9)
 - ဗဟုသုတ-အင်တာနက် (12)
 - ဗဟုသုတများ (126)
 - ရသ-၀တ္ထုတိုများ (33)
 - ရသ-ကဗျာ (121)
 - ရသ-စကားစု (42)
 - ရသ-စာပေ (9)
 - ရသ-ရယ်စရာ (13)
 - ရသ-သရဲ (40)
 - ရုပ်ရှင် (6)
 - သတင်းများ (368)
 - သတင်းများ-တိုင်းရေးပြည်ရေး (60)
 - သံဝေဂတရား (1)
 - ဟာသ (3)
 - ဟာသစာအုပ်များ (2)
 - အက်မင် ၂၅နာရီ (11)
 - အက်မင် ခရု (25)
 - အက်မင် စိုင်းကိုသူ (312)
 - အက်မင် နန်းညွှန့်ဦး (1036)
 - အက်မင် ရှိုက်တန် (15)
 - အက်မင် မှော်မြို့သား (174)
 - အက်မင် ခြေရာမဲ့ (49)
 - အခြားသော (7)
 - ဆောင်းပါးများ (6)
 - ဆောင်းပါးများ-ကွန်ပျူတာ (2)
 - ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)
 
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ