မိုးလား တိမ်လား မြူနှင်းလား
၂၀၁၃ သို့ ကူးပြောင်း ခဲ့ပြီးသည့် နောက်၌ မြန်မာ့ ဒီမိုကရေစီနှင့်
မြန်မာ့နွေဦးသည် စုတ်ချက် တစ်ပိုင်း တစ်စနှင့် ပုံပေါ်လာခဲ့ပြီဟု
ဆိုနိုင် ပေလိမ့်မည်။ ပြုပြင်ပြောင်းလဲမှု တို့သည် အချိန်ယူ ရတတ်သည် ဟူ၍
လည်းကောင်း၊ ပွတ်တိုက်မှု ရှိတတ်သည် ဟူ၍လည်းကောင်း၊ ခုခံမှုများကို
ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ကျော်ဖြတ် ရတတ်သည် ဟူ၍ လည်းကောင်း အမျိုးမျိုး
အဖုံဖုံ ခန့်မှန်း သုံးသပ်ခဲ့ကြ သော်လည်း လက်ရှိအချိန်၊ လက်ရှိ
အခင်းအကျင်းတွင် မြန်မာ့ရိုးရာ ဓလေ့ထုံးစံ များ ရောပြွမ်းနေသော နွေဦး
ပုံရိပ်သည် တစ်မျိုးတစ်ဘာသာ လှပ တင့်တယ် ဝင့်ထည်နေပြီ ဖြစ်သည်။
ပြုပြင်ပြောင်းလဲရေး ခရီးကား နုနယ်သေးသည် ဆိုသော်ငြား လည်း ထိတွေ့
ခဲ့ရသည့် စိန်ခေါ်မှုများ၊ ရရှိခဲ့သည့် အတွေ့ အကြုံများ မှာ နုနယ်သည်ဟု
မဆိုသာ။ ဆိုရလျှင် ကြိုးတန်း လမ်းလျှောက် ဆပ်ကပ်သမား ကဲ့သို့ နိုင်ငံတကာ
လေ့လာသူများက ချော်ကျတော့ မည်လော ဟူ၍ စိတ်ဝင်တစား ကြည့်ရှု နေကြချိန်တွင်
မြန်မာ့နွေဦး သည် ယင်း၏ ဣနြေ္ဒ၊ ယင်း၏ သိက္ခာကို အချိန်မီ
ထိန်းသိမ်းနိုင်ခဲ့သည့် သဘောကို မြင်တွေ့ရခြင်း သည်ပင် Stakeholder
အားလုံးတို့၏ အမြော်အမြင် ဖြစ်နေပေသည်။ ပြုပြင်ပြောင်းလဲမှု တို့
အောင်မြင်ရေး တွင် ရေရှည် မဟာဗျူဟာ သဘောလည်း ခြုံမိရန် လိုအပ်သလို ရေတို
နည်းဗျူဟာ သဘောများလည်း ပြည့်စုံရန် လိုအပ်ပေသည်။ မည်သို့ပင် ဆိုစေ
ပြုပြင် ပြောင်းလဲမှု၏ စုတ်ချက် များသည် ယခုအချိန်တွင် မိုးလား တိမ်လား
မြူနှင်းလားဟု သံသယပွားဖွယ်ရာ မရှိတော့၊ အတန်အသင့် ပုံဖော် နိုင်မည်ဟု
မှတ်ယူရပေသည်။
နိုင်ငံရေး အင်နားရှား
သန်း ၆၀ အတွက် ဆင်ခြင် သုံးသပ်ကြကုန်သော နိုင်ငံရေး သမား တို့သည်
နိုင်ငံ့ အရေးကို အမြုတေကြသည့် နိုင်ငံရေးကို လက်ခံ ကျင့်သုံး
နိုင်ကြသော်လည်း အဖြူ၊ အမည်း နိုင်ငံရေး တို့ကို အခြေပြုသော နိုင်ငံရေး
သမားတို့သည် မာယာ ဆန်လှသော နိုင်ငံရေး ကို လက်ကိုင်စွဲ တတ်ကြသည်။
ပြုပြင်ပြောင်းလဲမှု ဓာတ်ခံ မည်မျှအထိ ရင့်ကျက် နိုင်မည်နည်း ဟူသော
မေးခွန်းအတွက် ရေခံမြေခံ ထက် နိုင်ငံရေး စိတ်စေတနာက သာလွန်၍ အရေးပါ
နေနိုင်သည်။ အကျိုး စီးပွားနှင့် ဆက်နွှယ်သော နိုင်ငံရေးသည် မည်မျှပင်
ဟန်ဆောင် ဖုံးကွယ်ထားစေ ကာမူ အခုအခံ အဆီးအတားများကို အလို အလျောက်
ဖန်တီးပြုမူရက်သား ဖြစ်နေ တတ်ကြသည် ကိုလည်း သတိချပ် သင့်သည်။
နိုင်ငံတော် သမ္မတကြီး၏ မိန့်ခွန်းများ၊ လမ်းညွှန်ချက် များကို အနုလုံ
ပဋိလုံ လေ့လာကြည့်လျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေဟူသော ဂိမ်းစည်းမျဉ်းနှင့်
လွတ်ကင်းခြင်း မရှိသလို သန်း ၆၀ အတွက် ဖုံးကွယ် မရနိုင်သည့်
နိုင်ငံရေးစိတ်ရင်း စေတနာမှန်ကို မြင်တွေ့နိုင်သည်။ သို့သော် မူဝါဒ
ချမှတ်မှု၏နောက်၌ လွန်စွာမှပင် အရေးကြီးလှသော အကောင်အထည် ဖော်မှုသည် ဝိဝါဒ
ကွဲပြားဖွယ်ရာ မဖြစ်စေရန် အရေးကြီး သည်။ နိုင်ငံတော် သမ္မတကြီး
ချမှတ်လိုက်သော မူဝါဒတို့သည် မဟာဗျူဟာ သဘောဖြစ်ရာ ယင်းမဟာဗျူဟာကို
အကောင်အထည် ဖော်ကြ ကုန်သော အုပ်ချုပ်ရေး ယန္တရားကြီး တစ်ခုလုံးသည်
မိမိတို့နှင့် သက်ဆိုင်သော၊ မိမိတို့၏ တာဝန်ဖြစ်သော နည်းဗျူဟာ များကို
အပိုင်းလိုက် အကောင်အထည် ဖော်နိုင်ရန် အရေးကြီးသည်။
ပြည်သူလူထု ဗဟိုပြုရေးကို ရှေးရှု မောင်းနှင်လျက် ရှိသော နိုင်ငံတော်
သမ္မတကြီး၏ မူဝါဒ အတိုင်း အမှန်တကယ် ပြည်သူလူထု ကိုသာ ဗဟိုပြုရန်
လိုအပ်ပြီး အဖြူနှင့် အမည်း နိုင်ငံရေးများ ကင်းစင်ရန် အရေးကြီး
လာပြီဖြစ်သည်။ ဤနေရာတွင် ပြုပြင် ပြောင်းလဲရေး တို့၏ အသက်သွေးကြော
ဖြစ်သော နိုင်ငံရေး မုဒိတာ သည် တစ်ခုလုံး သဘော မဆောင် သော်လည်း တစ်ခုလုံး
သဘော အတွက် အရေးကြီးသည့် ဆောက်တည်မှု တစ်ရပ်ဖြစ်နေသည်။
မော်ဒယ်လ် ဒီမိုကရေစီ နိုင်ငံကြီးဖြစ်သော အမေရိကန် လူ့အဖွဲ့ အစည်းတွင်
အတုယူဖွယ် ကောင်းသော ဓလေ့တစ်ခုမှာ ရွေးကောက်ပွဲ များတွင် လည်းကောင်း၊
စီးပွားရေး ပြိုင်ဆိုင်မှု များ၌ လည်းကောင်း ပြိုင်ဘက်အား တိုက်ရိုက်
ရည်ညွှန်းသည့် Attack Ad (တိုက်ခိုက်သည့် ကြော်ငြာ)များ အသုံးပြုလေ့
ရှိသည်မှအပ ဣဿာမစ္ဆရိယ နည်းလှခြင်း ပင်ဖြစ်သည်။ ထို့ကြောင့်လည်း
ရွေးကောက်ပွဲ ယှဉ်ပြိုင် ဘက်ဖြစ်သော ဟီလာရီကလင်တန် သည် အိုဘားမား၏
နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နိုင် ခဲ့ခြင်းဖြစ်သည်။
အိုဘားမားနှင့် ဟီလာရီကလင်တန်တို့ ၏ ဘုံတူရူချက်မှာ အမေရိကန်
နိုင်ငံခြားရေးမူဝါဒ အောင်မြင်ရေးနှင့် နိုင်ငံတကာ နယ်ပယ်တွင် အမေရိကန်
အကျိုးစီးပွား မြှင့်တင်နိုင်ရေး သာဖြစ်ကြောင်း တွေ့ရှိနိုင် သည်။
ဤသည်ပင်လျှင် မြန်မာ့ နိုင်ငံရေးဓလေ့နှင့် ဆန့်ကျင်လျက် ရှိသော
နိုင်ငံရေး အင်နားရှား ဖြစ်နိုင်သည်။
ပြုပြင်ပြောင်းလဲရေး တတိယလှိုင်း
နိုင်ငံတော် သမ္မတကြီးသည် တတိယအဆင့် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာကို
ချမှတ် ရာတွင် မဟာဗျူဟာ သဘောသာ မက နည်းဗျူဟာ၊ နည်းလမ်းများ အဆင့်အထိ
အသေးစိတ် လက်လီစိပ် ပေးခဲ့ပြီး ဖြစ်၍ ပြည်သူလူထု၏ မျှော်လင့်ချက် များကို
မည်မျှအထိ စီမံခန့်ခွဲ နိုင်မည်နည်းဟူသော မေးခွန်းက တတိယလှိုင်းအား
စောင့်ကြို နေကြပြီဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပေးထားချက်
များနှင့် အညီ ပြည်ထောင်စု အဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်
ခွဲဝေ ကျင့်သုံးမှု မည်မျှ အကောင်အထည် ပေါ်မည် ဟူသည်မှာလည်း နိုင်ငံရေး
အင်နားရှားကို ရှောင်ရှား နိုင်မှသာ အကျိုးသက်ရောက်မှု မြန်မြန်ဆန်ဆန်
ဖြစ်ထွန်း လာမည်ဖြစ်သည်။ အခြေခံ အကျဆုံး ဖြစ်သော အောက်ဆုံး အထစ်
ပွင့်လင်းမြင်သာမှု ရှိရေးကို တိတိကျကျ ကျင့်သုံး နိုင်ခဲ့လျှင်ပင်
တတိယလှိုင်းသည် ပြည်သူလူထုကို အမှန်တကယ် ဗဟိုပြုသော ပြုပြင်ပြောင်းလဲမှု
ဖြစ်လာမည် ဖြစ်သည်။
တစ်နိုင်ငံလုံး ပြုပြင်ပြောင်းလဲရေး အတွက် ပထမဦးစွာ Stakeholder
အားလုံး၏ Mindset များ ကိုယ်စီကိုယ်စီ (အမှန်တကယ်) ပြုပြင်ပြောင်းလဲရန်
လိုအပ်မည်ဟု သဘော ရသောကြောင့် Popular Politics (လူကြိုက်များ
နိုင်ငံရေး) ထက် Real Politics ကို အလေးပေးရန် လိုအပ်မည် ဖြစ်သည်။
ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရာတွင် သန်း ၆၀ ကို မျက်မှောက်
ပြုရေးသည် နိုင်ငံတော် သမ္မတကြီး၏ တတိယ လှိုင်း၏ သော့ချက် ဖြစ်နေသောကြောင့်
ကြီးမားလှသော စက်ယန္တရား ကြီး၌ ပင်နယန် ခွေးသွားစိပ် တစ်ခုပင် လျှင်
ချွတ်ချော်၍ မရပါ။ ပြုပြင်ပြောင်းလဲရေး သမားများသည် Protectionism
(ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ) ဖြစ်၍ မရသလို Lip Serviced Reform
ထောင်ချောက်ကိုလည်း ကျော်ဖြတ်နိုင်ရန် အရေးကြီးလှ သောကြောင့် "စေတနာမှန်
ကံဖြစ်စေ" ဟူသော ဆိုရိုးနှင့် အညီ ကံဖြစ်စေသော စေတနာများ မှန်ကန်ရန် သတိ
ချပ်သင့်သည်။ နိုင်ငံရေး အင်နားရှား လျော့နည်းစေရေး အတွက် ကံဖြစ်စေသော
စေတနာ များ မှန်ရန်သာ လိုအပ် ပေမည်။
တတိယလှိုင်း၏ ရေစီးကြောင်း
ပြည်ထောင်စု ဝန်ကြီးများ အားလုံးသည် နိုင်ငံတော် သမ္မတကြီး ကို တာဝန်
ခံရသလို ပြည်ထောင်စု ဝန်ကြီးဌာန အားလုံးသည် လှေကားထစ် သဖွယ် ဆင့်ကာ
ဆင့်ကာဖြင့် နိုင်ငံတော် သမ္မတကြီး ကိုပင် တာဝန် ခံကြရသည်။
ဝန်ကြီးချုပ်များ အားလုံးသည်လည်း နိုင်ငံတော် သမ္မတကြီးကို တာဝန် ခံရသလို
တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ အဖွဲ့ရှိ ဌာန အားလုံးသည် လှေကားထစ် သဖွယ်
ဆင့်ကာဆင့်ကာဖြင့် နိုင်ငံတော် သမ္မတကြီး ကိုပင် တာဝန် ခံကြရသည်။
နိုင်ငံတော် သမ္မတကြီး ချမှတ် ထားသော မူဝါဒများသည် ပြည်သူလူထု၏
မျှော်လင့်ချက် များကို စနစ်တကျ စီမံခန့်ခွဲ နိုင်ရေး သာဖြစ်၍ အဆင့်လိုက်
တာဝန်ယူမှု အသီးသီး၏ ဆုံချက်သည် သန်း ၆၀ သော ပြည်သူ များသာ ဖြစ်သင့် သလို
ဖြစ်လည်း ဖြစ်ရပေမည်။ အကြောင်းရင်းမှာ ဆိုခဲ့ပါ အတိုင်း အုပ်ချုပ်ရေး
ယန္တရား တစ်ခုလုံးသည် Working For the President (သမ္မတ လက်အောက်တွင်သာ
အလုပ်လုပ်ပြီး) သာဖြစ်ပြီး (သမ္မတနှင့် လက်တွဲပြီး အလုပ်လုပ်ခြင်း)
မဟုတ်ကြသော ကြောင့်ပင် ဖြစ်သည်။
ပြုပြင်ပြောင်းလဲရေး တတိယလှိုင်း ရေစီးကြောင်းကြီး တစ်ခု သဖွယ် အရှိန်
အဟုန်နှင့် စဉ်ဆက် မပြတ် စီးဆင်း သွားနိုင်ရေးသည် Working for the
President လုပ်ငန်းစဉ်၌ မည်မျှ အထိ တာဝန် ကျေပွန်သည်၊ မည်မျှအထိ စေတနာ
မှန်သည်၊ မည်မျှအထိ သစ္စာရှိ သည်ဟူသော လုပ်ဆောင်ချက် များက သန်း ၆၀ ၏ကံကို
ပြဋ္ဌာန်း နိုင်မည်ဖြစ်သည်။ အပြန်အလှန် ထိန်းကျောင်းမှု တို့ ပို၍ပို၍
ထွန်းကား လာနေပြီး လွတ်လပ် ပွင့်လင်းမှုတို့ ပို၍ပို၍ မြင့်မား လာနေသော
လက်ရှိ မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းတွင် ရေစီးကြောင်း စီးဆင်း နိုင်စေရန်
ဖန်တီး ပေးသော တင်ကူး လိုအပ်ချက်များ အားလုံး ပြည့်စုံလု နီးပါးရှိနေ
ပြီဖြစ်ရာ တတိယ လှိုင်း၏ ရေစီးကြောင်း မည်မျှ အရှိန်အဟုန် ကောင်း
လာမည်နည်း ဟူသည်မှာ အုပ်ချုပ်ရေး ယန္တရားကြီး တစ်ခုလုံး နိုင်ငံတော်
သမ္မတကြီး၏ မူဝါဒများကို မည်မျှ လက်တွေ့ အကောင်အထည် ဖော် နိုင်စွမ်း
ရှိသည်ဟူသော မှတ်ကျောက်က သက်သေ ပြလာမည်သာဖြစ်သည်။
များစွာ အရေးကြီးသည်မှာ တတိယ လှိုင်းတွင် ပြည်သူ့ ရေးရာ ဝန်ဆောင်မှု
များကို သန်း ၆၀ စလုံး ယုတ်လတ်မြတ် မရွေး တန်းတူ ရည်တူ ရယူ
ခံစားနိုင်ရေးကို မျက်နှာ မူကြရန်သာ ဖြစ်သည်။ သန်း ၆၀ အကျိုးစီးပွား သည်
အဖြူ၊ အမည်း ဂိမ်းမဟုတ်၍ လူချ ကစားခြင်း များလည်း မလိုအပ်ပါ။ နိုင်ငံတော်
သမ္မတကြီး လက်ထက်တွင် စေ့စပ်ညှိနှိုင်းမှုများ အရင်းခံ၍ မတူ
ကွဲပြားမှုများကို ဘေးဖယ်၍ သန်း ၆၀ အတွက် ဘုံ တူညီချက်များ တွင် ပူးပေါင်း
ဆောင်ရွက်ကြသော Agree to Disagree ယဉ်ကျေးမှုများ စတင် ပေါ်ထွက်
လာခဲ့ပြီဖြစ်ရာ အဆိုပါ နိုင်ငံရေး ခန္တီတရားများ နိုင်ငံရေး ယဉ်ကျေးမှု
တစ်ရပ်သဖွယ် အပြန့် ကျယ်လာစေရန် အရေး ကြီးနေပြီဖြစ်သည်။ သို့ဖြစ်ရာ
နိုင်ငံရေး အင်နားရှားများ အောင်မြင်စွာ ကျော်လွှားနိုင်သည့်
မြန်မာ့နွေဦး တတိယလှိုင်း အရှိန်အဟုန်ဖြင့် စီးဆင်း နိုင်ရေး အတွက် မိမိ
Mindset ကို ပြောင်းလဲအောင် ကြိုးစား ကြပါမည့် အကြောင်း မီးမောင်းထိုး
တင်ပြ လိုက်ရပေသည်။
Written by  မှူးဇော်
Link : http://thevoicemyanmar.com/index.php/perspective/item/3431-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%95%E1%80%B1%E1%82%8F%E1%80%BC%E1%80%A5%E1%80%AE%E1%80%B8-%E1%80%90%E1%80%90%E1%80%AD%E1%80%9A%E1%80%9C%E1%80%AD%E1%82%88%E1%80%84%E1%80%B9%E1%80%B8-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%82%94-%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%9B%E1%80%B8-%E1%80%A1%E1%80%84%E1%80%B9%E1%80%94%E1%80%AC%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%80%B8.html
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)
 
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ