Monday, 21 January 2013 06:58
ကျောင်းပြင်ပကလေးများအတွက် နားခိုရာ
Written by ကြည်ကြည်လွင်
font size decrease font size increase font size
Print
Email
Be the first to comment!
Rate this item
1
2
3
4
5
ကျောင်းပြင်ပကလေးများအတွက် နားခိုရာ
"ကလေးသူငယ် ချမ်းမြေ့ရိပ်မွန်" စာတန်းပါ အနီရောင် စပို့ရှပ် အင်္ကျီ
ဝတ်ဆင်ထားသော အသား ညိုညို ပိန်ပိန် သွယ်သွယ် ပါးပြင်တွင် သနပ်ခါး
ဖွေးဖွေး နှင့် အသက် ၁၁ နှစ်အရွယ် ထွေးထွေး (အမည်လွှဲ)တစ်ယောက်
တစ်စုံတစ်ခုကို စိတ်ဝင်တစား နားထောင် နေသည်။
ထွေးထွေး အပါအဝင် ကလေးငယ်များသည် ဇန်နဝါရီလ ၃ ရက်နေ့တွင် စတင်
ဖွင့်လှစ်ခဲ့သည့် ကလေးသူငယ် ချမ်းမြေ့ရိပ်မွန် ဖွင့်ပွဲ အခမ်းအနား၌
မြန်မာနိုင်ငံ လူမှုရေး ပညာရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းသိန်း ပြောကြားနေသော
အမှာစကားကို နားထောင်နေကြခြင်း ဖြစ်သည်။
ထွေးထွေးသည် မိခင်၊ ပထွေး၊ အစ်ကိုကြီး တို့နှင့်အတူ
စီးပွားရေးအချက်အချာကျသည့် ဖွံ့ဖြိုးသော ရန်ကုန်မြို့တော်
ဒေါပုံမြို့နယ်တွင် နေထိုင်ပြီး ပထမတန်းအထိသာ ကျောင်းနေဖူးကာ
စီးပွားရေးအဆင်မပြေမှုကြောင့် ကျောင်းထွက်ခဲ့ရ သူဖြစ်သည်။
သူ့အမေသည် ဈေးရောင်းသော အလုပ်ကို လုပ်ကိုင်ပြီး နံနက် ၈ နာရီတွင်
ဒေါပုံမြို့နယ် ကြည်စုရပ်ကွက် အလင်းရောင်(၂) လမ်းတွင် ဖွင့်လှစ်ထားသော
လမ်းပေါ်ရှိ အလုပ်လုပ်နေသည့် ကလေးသူငယ်များနှင့် ဆင်းရဲနွမ်းပါးသော
ကလေးသူငယ်များကို ကူညီစောင့်ရှောက်ပေးသည့် "ကလေးသူငယ် ချမ်းမြေ့ရိပ်မွန်"
သို့ လာရောက်သူ ဖြစ်သည်။
"ပိုက်ဆံ မရှိလို့လေ၊ ကျောင်းထွက် လိုက်ရတာ။ ဒီမှာ (ရိပ်မွန်)က
ထမင်းလည်းကျွေးတယ်၊ စာလည်း သင်ပေးတယ်"ဟု ထွေးထွေးက
ခပ်သွက်သွက်ပြောသည်။မထွေးထွေး ကဲ့သို့ပင် "ကလေးသူငယ်
ချမ်းမြေ့ရိပ်မွန်"တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်သည့်
ဘဝတူကလေး ၁၀၀ ကျော်ရှိသည်။
အချို့သော ကလေးများမှာ မွေးစာရင်း မရှိ ကြ။ အချို့ကလေးများမှာ
မိဘအုပ်ထိန်းသူနှင့် အတူ နေထိုင်ပြီး လမ်းပေါ်တွင် အလုပ်လုပ်ကိုင်ကာ
မိသားစုကို ထောက်ပံ့ကူညီ ပေးနေသည့် ကလေးငယ်များလည်း ရှိသကဲ့သို့ အကြောင်း
အမျိုးမျိုးကြောင့် ကျောင်းမထားနိုင်ဘဲ ရေကြည်ရာမြက်နုရာ
ပြောင်းရွှေ့လာကြသည့် မိသားစုများထဲမှ လိုက်ပါနေရသော ကလေးများလည်း
"ချမ်းမြေ့ရိပ်မွန်"တွင် တွေ့ရသည်။
မိဘနှစ်ပါးစလုံးမရှိဘဲ ဆွေမျိုးများနှင့် နေထိုင် ရသူများ၊ မိဘတစ်ဦးသာ
ရှိသော ကလေးသူငယ် များလည်း ယင်းရိပ်မွန်သို့ ရောက်ရှိလာကြကြောင်း၊
လမ်းပေါ်တွင် အလုပ်လုပ်နေသည့် ကလေးသူငယ် များကို ကလေးသူငယ်
ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများနှင့် ကျောင်းပြင်ပ ပညာသင်ကြားရေး
လုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်း ယင်း ရိပ်မွန်ထံမှ သိရသည်။
အဆိုပါ ကလေးသူငယ် စောင့်ရှောက်ရေး လုပ်ငန်းကို မြန်မာနိုင်ငံ လူမှုရေး
ပညာရှင်များ အသင်းက ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၄ ရက် နေ့တွင်
ဒေါပုံမြို့နယ် ဆေးစက်ရပ်ကွက် ပြဿဒ် ပရိယတ္တိ စာသင်တိုက်တွင်
စတင်ဖွင့်လှစ်ခဲ့ပြီး ကလေး ကိုးဦးဖြင့် စတင်ခဲ့ရာမှ ယခုရိပ်မွန်သစ်တွင်
ကလေး ၁၀၄ ဦးထိ ရှိလာပြီဖြစ်သည်။
ရိပ်မွန်တွင် လာရောက်သောကလေးများ မှာ အသက် ၄ နှစ်မှ ၁၆ နှစ်အရွယ်
ကလေးသူငယ် များဖြစ်ပြီး လာရောက်သူများမှာ ပုံမှန် အရေအတွက် အတိအကျ မရှိ၊
နေ့စဉ် ပျမ်းမျှ ကလေးငယ် ၃၀ မှ ၅၀ အထိ ပုံမှန် လာရောက်ကြသည်ဟု
မြန်မာနိုင်ငံ လူမှုရေးပညာရှင်များ အသင်းထံမှ သိရသည်။
ယခု အသစ်ပြောင်းရွှေ့ထားသော "ကလေး သူငယ် ချမ်းမြေ့ရိပ်မွန်"တွင် နံနက် ၈
နာရီတွင် စတင်ဖွင့်လှစ်ပြီး ကလေးများကို မြန်မာနိုင်ငံ ပညာရေး သုတေသန
အဖွဲ့က ပြဋ္ဌာန်းထားသော ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများကို အခြေခံ ကာ
ကျောင်းပြင်ပ သင်ခန်းစာများ၊ အသက်အရွယ် ဉာဏ်ရည် အလိုက်သင်ကြားပေးပြီး
ကလေးသူငယ် များ သိသင့်သိထိုက် သည့် စာရိတ္တဆိုင်ရာ၊ ပြည်သူ့ နီတိ၊ လူငယ်
ရပိုင်ခွင့်၊ တာဝန်ယူခွင့်၊ ကလေးသူငယ် ဥပဒေများကိုလည်း
သင်ကြားပေးလျက်ရှိသည်။
ယင်းရိပ်မွန်မှ ကလေးသူငယ်များကို ပြင်ပ လေ့လာရေးခရီး၊ ကလေးသူငယ်
အခွင့်အရေး ဆိုင်ရာ အခမ်းအနားများတွင် ကလေးသူငယ်များ
ပါဝင်ဆောင်ရွက်ပေးပြီး ကလေးသူငယ်များ၏ မိသားစု တွေ့ဆုံပွဲကို သုံးလလျှင်
တစ်ကြိမ် ဆောင် ရွက်ပေးရန် စီစဉ်လျက် ရှိကြောင်း မြန်မာနိုင်ငံ
လူမှုရေးပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းသိန်းက ပြောကြားသည်။
အဆိုပါရိပ်မွန်ကို အသင်းရန်ပုံငွေ၊ အလှူ ရှင်များစွာ ပံ့ပိုးမှုဖြင့်
ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကလေး များကို နေ့စဉ်ထမင်းကျွေး၊ ကော်ဖီတိုက်ကာ
ကျောင်းပြင်ပ ပညာရေးကို သင်ကြားပေးလျက် ရှိသည်။"ကျောင်းမှာ သူငယ်ချင်းတွေ
အများကြီးနဲ့ မုန့်လည်းစားရတယ်၊ ပျော်ဖို့ကောင်းတယ်"ဟု အသက်
ရှစ်နှစ်အရွယ် မောင်အောင်အောင် (အမည် လွှဲ)က ပြောပြသည်။
ရိပ်မွန်ကို နံနက် ၈ နာရီတွင် စတင်ဖွင့်လှစ် ပြီး ကလေးများ
ထမင်းစားခြင်း၊ စာသင်၊ ကော်ဖီ တိုက်၊ တစ်ရေးအိပ် အစီအစဉ်များဖြင့်
တစ်နေ့တာ အချိန်များကို ညနေ ၅ နာရီတွင် ကုန်ဆုံးစေသည်။ရိပ်မွန်တွင်
လာရောက်သော ကလေးများ မှာ တစ်ဦးနှင့်တစ်ဦး အမူအကျင့်များမတူညီသော် လည်း
အလွန်ဆိုးရွားသော ကလေးများမပါဝင် ကြောင်း သင်တန်းတွင် သင်ကြားပေးသော ဆရာမ
တစ်ဦးကပြောကြားသည်။
အကြောင်း အမျိုးမျိုးကြောင့် ကလေးများမှာ ခဏတာ ရောက်လာကြသော်လည်း
နောင်တစ်ချိန် တွင် အဆိုပါ ကလေးများထဲမှ ထူးချွန်သော လူ အမြောက်အမြား
မထွက်လာနိုင်ဟု မည်သူမျှ တပ်အပ် မပြောနိုင်ပေ။ယခု ရိပ်မွန်တွင်
ရောက်ရှိနေသော ကလေး များ၏ ကိစ္စအဝဝနှင့် ပတ်သက်ကာ စီမံကိန်း
မန်နေဂျာတစ်ဦး၊ ဆရာမသုံးဦး၊ ထမင်းချက်တစ်ဦး အပါအဝင် လူငါးဦးတို့က
ဆောင်ရွက်ပေးလျက် ရှိပြီး ယင်းကလေးများတွင် နွေးထွေးမှုကို
လိုအပ်နေသူနှင့် ရပိုင်ခွင့် ပျောက်ဆုံးနေသူများလည်း ပါဝင်ကြောင်း
မြန်မာနိုင်ငံ လူမှုရေး ပညာရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ(၁)
ဦးခင်မောင်ညွန့်က ပြောကြားသည်။
ယူနက်စကို၏ စာရင်းများအရ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၇၀၀၀ အနက် မူလတန်းအရွယ်
ကလေးငယ် ၆၇ သန်းသည် ကျောင်းနေခွင့်မရ ကြဘဲ ဆယ်ကျော်သက် အလယ်တန်း ၇၂ သန်း
သည် ကလေးသူငယ် ရပိုင်ခွင့်ဖြစ်သည့် ပညာသင် ယူခွင့်များ ဆုံးရှုံးလျက်
ရှိကြောင်း အဆိုပါ ရိပ်မွန် ဖွင့်ပွဲတွင် လူမှုဝန်ထမ်း ဦးစီးဌာန တွဲဖက်
တိုင်းဦးစီး မှူး ဒေါ်သန်းဌေးက ပြောကြားသည်။
"ဒီရိပ်မွန်မှာ လမ်းပေါ်က အလုပ်လုပ်နေတဲ့ ကလေးသူငယ်တွေ၊ ငယ်စဉ်က
ကျောင်းမနေခဲ့ရတဲ့ ကလေးတွေ အကြောင်းအမျိုးမျိုးနဲ့ မိဘတွေ အလုပ်
လုပ်ကိုင်ပြီး ပြောင်းရွှေ့နေကြတဲ့ အခြေအနေတွေ ကြောင့် ကျောင်းမနေရတဲ့
ကလေးတွေကို ကျောင်း ပြင်ပ ပညာရေး အနေနဲ့ စာသင်ကြား ပေးနေတာ သိရလို့
ဝမ်းသာပါတယ်"ဟု ၄င်းက ဆိုသည်။
"တချို့ကလေးတွေမှာ မိဘ စားဝတ်နေရေး ကို ဂရုစိုက်ရလို့ နွေးထွေးမှုတွေ
လိုတာရှိတယ်၊ နွေးထွေးမှု မရှိတဲ့ ကလေးမှာ စိတ်လုံခြုံမှုပါ ပျောက်ဆုံး
သွားတယ်၊ ဒါကြောင့် ဒီမှာရှိနေတဲ့ ကလေးတွေကို လိုအပ်ချက်
စိတ်လုံခြုံမှုတွေ၊ ရပိုင်ခွင့် ဆိုတာ ဘာတွေလဲဆိုတာ သင်ပေးတယ်၊
ပြုစုပေးတယ်"ဟု ဦးခင်မောင်ညွန့်က ပြောကြားသည်။
ရွှံ့နှင့်တူသော ကလေးငယ်များကို ကောင်း သောပတ်ဝန်းကျင်၊ ကောင်းသော
အပြုအမူကောင်း များကို သင်ကြားပေးမှသာ ကလေးသူငယ်များ ဉာဏ်ရည်မြင့်၍
မိမိကိုယ်ကိုယ် ယုံကြည်မှုရှိလာပြီး ကိုယ်ရည်ကိုယ်သွေး တက်လာမည်ဖြစ်သည်။
နိုင်ငံ တစ်ခုတွင် လူ့စွမ်းအားအရင်းအမြစ်မှာ လွန်စွာ အဖိုးတန်ပြီး
ပညာမသင်ကြားနိုင်သော ကလေးများ ကို ပညာသင်ပေးနိုင်သော အခြေအနေကောင်းများ
ဖန်တီးပေးရန် လိုအပ်ပေသည်။
"ကလေးတွေဆိုတာ ရတနာပါ။ သူတို့ကို အဖိုးတန်ရတနာဖြစ်လာအောင်
ဦးစားပေးပျိုးထောင် ပေးသင့်တယ်။ ဒါမှ တစ်ချိန်မှာ တိုင်းပြည်အတွက်
လူ့အဖိုးတန်တွေဖြစ်လာမှာ။ သူတို့ကြီးပြင်းလာတဲ့ အခါမှာ ရောက်တဲ့နေရာနဲ့
အံ့ဝင်လာမှာပါ"ဟု ဦးခင်မောင်ညွန့်က ပြောကြားသည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် ပညာကောင်း စွာသင်ကြားခွင့်မရသော
ကလေးပေါင်းများစွာ ရှိပြီး အသင်းအဖွဲ့အစည်းများကလည်း နိုင်သည့် အားဖြင့်
ကလေးသူငယ်များကို ကူညီစောင့်ရှောက် ပေးလျက် ရှိသော်လည်း ထောက်ပံ့
ကူညီပေးရန် များစွာ လိုအပ်နေသေးသည်။
လက်ရှိ ယင်းရိပ်မွန်တွင် ကျောင်းပြင်ပ ပညာရေးကိုသာ ဆောင်ရွက်ပေးနိုင်ပြီး
နောင်တွင် ကလေးများ ကျောင်းတက်ရောက်နိုင်ရန် ကူညီပေး မည့်
အစီအစဉ်များလည်း ရှိသည်။ သို့သော် အဓိက ပြဿနာမှာ အချို့သော ကလေးတွင်
မွေးစာရင်း မရှိကြခြင်းပင်ဖြစ်သည်။
"ကလေးတော်တော်များများက မွေးစာရင်း မရှိဘူး။ မိဘတွေကလည်း ရွှေ့ပြောင်းပြီး
အလုပ် လုပ်ကြတော့ အမေကပြောတဲ့ အသက်ပဲ သိတယ်။ ကျောင်းအပ်ဖို့က မွေးစာရင်းက
အရေးကြီးတာဆို တော့ အခက်အခဲ ရှိတယ်"ဟု ဒုတိယ ဥက္ကဋ္ဌ(၁) ဦးခင်မောင်ညွန့်က
ပြောကြားသည်။
ယင်းရိပ်မွန်မှ ကျောင်းနေရွယ်ကလေး သူငယ်များကို သက်ဆိုင်ရာမြို့နယ်
အဖွဲ့အစည်း များနှင့် ပူးပေါင်းကာ လာမည့် ပညာသင်နှစ်တွင် ကျောင်းတက်ရောက်
နိုင်ရန် ကြိုးစားသွားမည်ဟု ယင်းအသင်း ထံမှ သိရသည်။ အဆိုပါ ရိပ်မွန်
တည်ရှိရာ ဒေါပုံတွင် ကျောင်း ပြင်ပကလေးများအတွက် အသိပညာ တိုးစရာ၊ ခဏ
နားခိုစရာ အရိပ်တစ်ခု ကဲ့သို့ပင် နွေးထွေးမှု၊ အေးမြမှုကိုပေးစေသည်။
ယင်းကဲ့သို့ အခြား မြို့နယ်များတွင်လည်း လုပ်နိုင်သော လူ့အဖွဲ့
အစည်းများမှ ကျောင်းပြင်ပ ကလေးများကို တတ်နိုင်သလောက် ကူညီလာပါက
ကျောင်းပြင်ပ ကလေးများအတွက် လုံခြုံနွေးထွေးသော လူ့အဖွဲ့ အစည်းတစ်ခု
ဖြစ်ပေါ်လာမည် ဖြစ်သည်။
နေ့လယ်စာစားရန် အချိန်ရောက်လာ သဖြင့် ထွေးထွေး အပါအဝင် ကလေးများမှာ
အသင့်ခူးခပ် ပြင်ဆင်ထားသော ထမင်းဝိုင်းများဆီသို့ သွားနေ ကြလေသည်။
နေ့လယ်စာ ထမင်းတစ်နပ် အတွက် မပူမပန်ရဘဲ အေးချမ်းစွာ ထမင်းစားနေကြသော
ကလေးငယ်များမှာ အပြစ်ကင်းစင် လှပေသည်။
ကြည်ကြည်လွင်
Nann Nyunt Oo
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ