Reddit ဟုအမည်ရသည့် လူမှုသတင်းဝက်ဘ်ဆိုက်ကို တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်သူ
Aaron Swartz သည် ၂၀၁၃ခုနှစ် ဇန်န၀ါရီလ ၁၈ရက်နေ့တွင် မိမိကိုယ်ကို
အဆုံးစီရင်ခဲ့ကြောင်း သတင်းရရှိသည်။
Swartz သည် ဟားဗက်တက္ကသိုလ်၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ စင်တာ၏
အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး Creative Commons ကို တွဲဖက်တည်ထောင်သူ
တစ်ဦးလည်း ဖြစ်ခဲ့သည်။
၂၀၁၁ ခုနှစ် ဇူလိုင်လတွင် MIT တက္ကသိုလ်၏ စာတမ်းများကို အခွင့်မရှိဘဲ
ဖောက်ထွင်းယူကာ အင်တာနက်မှတစ်ဆင့် ဖြန့်ဝေမှုဖြင့် အဖမ်းခံခဲ့ရသည်။
Deman Progress ဟုအမည်ရသည့် နိုင်ငံသားများ၏ အခွင့်အရေးကို
ကာကွယ်စောင့်ရှောက်သည့် အဖွဲ့အစည်းကမူ Swartz အဖမ်းခံရခြင်းနှင့်
ပတ်သတ်ပြီး "စာကြည့်တိုက်ထဲက စာအုပ်တွေကို အပြင်ကိုထုတ်ယူပေးတဲ့သူကို
ထောင်ချလိုက်တာပဲ" ဟု တုံ့ပြန်ပြောဆိုခဲ့သည်။ ထို့ပြင် Swartz သည်
Hacking ပြုလုပ်ခြင်းပဲ မဟုတ်ဘဲ သူသည် MIT ကျောင်းဝင်းအတွင်းသို့
သွားရောက်ပြီး MIT က ခွင့်ပြုသည့် Guest အကောင့်ဖြင့် သုံးစွဲခဲ့ကာ
စာတမ်းများကို ယူဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။
Swatz သည် MIT မှ စာတမ်းဖိုင်ပေါင်း ၄ သန်းကျော်ကို ရယူခဲ့ပြီး
အင်တာနက်မှတစ်ဆင့် အခမဲ့ ပြန်လည်ဖြန့်ဝေခဲ့သည်။
Swartz ၏ အမှုကို ကွန်ပျူတာဆိုင်ရာ လိမ်လည်မှုနှင့် အလွဲသုံးစားပြုမှု
ကာကွယ်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး Swartz သည် ယခုကဲ့သို့
မိမိကိုယ်ကို အဆုံးစီရင်ခြင်းသည် အဆိုပါဥပဒေအား ကန့်ကွက်ဆန္ဒပြသည့်
အနေဖြင့် သတ်သေခဲ့ခြင်းဖြစ်ကြောင်း သူ၏ ဇနီးက ပြောဆိုသည်။
သတင်းအချက်အလက်ရင်းမြစ်များ ဝေမျှပေးနေသော Wikimedia Commons ကမူ Aaron
Swartz အား အင်တာနက်အား ပိုမိုလွတ်လပ်အောင် ဖန်တီးပေးခဲ့သည့် အတွက်
ကျေးဇူးတင်ရှိပါကြောင်းဟု ရေးသားဖော်ပြခဲ့သည်။ ကွန်ပျူတာနည်းပညာ
သတင်းများကို ဖော်ပြပေးလျက်ရှိသော ZDNet မှလည်း Aaron Swartz ၏
ဖြစ်ရပ်ကြောင့် အင်တာနက်ဆိုသည်မှာ လွတ်လပ်ပွင့်လင်းသည်ဆိုမှာ
မေးခွန်းထုတ်စရာဖြစ်လာကြောင်း ဖော်ပြရေးသားခဲ့သည်။
Nann Nyunt Oo
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ