ပြည့်မီစေရေး အတွက် ပြည်တွင်းပြည်ပ ပုဂ္ဂလိက ဓာတ်အားပေး စက်ရုံများနှင့်
ပူးပေါင်းကာ ဓာတ်အား အပြည့် အဝ ပေးနိုင်ရန် စီစဉ်ထားကြောင်း
ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က
ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကျင်းပသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
တွေ့ဆုံပွဲတွင် ပြောကြားသည်။
၂ဝ၁၃ ခုနှစ် နွေရာသီ လျှပ်စစ်ဓာတ်အား အပြည့်အဝ ပေးနိုင်ရေး အတွက် ရွှေလီ
ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံမှ ၃၀၀ မဂ္ဂါဝပ် တိုးမြှင့် ရယူထားကာ၊
ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်သော ရွှေစွမ်းအင် ကုမ္ပဏီမှ တည်ဆောက်ပြီး
ဖြစ်သည့် သောက်ရေခပ် ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံမှ ၁၂၀ မဂ္ဂါဝပ်အား
ပို့လွှတ် ပေးနိုင်ရန် စီစဉ် ထားပြီး၊ အလုံဓာတ်အားပေး စက်ရုံတွင်
ထိုင်းနိုင်ငံ တိုယိုထိုင်း ကုမ္ပဏီနှင့် စာချုပ် ချုပ်ဆိုပြီး ၁၂၀
မဂ္ဂါဝပ် ကို ထုတ်ပေးနိုင်ရန်၊ စီစဉ်ထားကြောင်း ၄င်းက ဆိုသည်။
ထို့ပြင် ရန်ကုန်မြို့ လှော်ကား ဓာတ်အားပေး စက်ရုံတွင် ပြည်တွင်း ပုဂ္ဂလိက
ကုမ္ပဏီ ဖြစ်သော Zeya and Associate Co. နှင့် စာချုပ် ချုပ်ဆိုပြီး ၅၀
မဂ္ဂါဝပ် ဓာတ်ငွေ့ အင်ဂျင် ဓာတ်အားပေး စက်အား တည်ဆောက် ထားခြင်း၊
ရွာမဓာတ်အားပေး စက်ရုံတွင် မြန်ရွေပြည် ကုမ္ပဏီနှင့် စာချုပ် ချုပ်ဆိုပြီး
၅၀ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင် ဓာတ်အားပေး စက်အား တည်ဆောက်လျက် ရှိခြင်း၊
သာကေတ ဓာတ်အားပေး စက်ရုံတွင် ဖက်စပ် ကုမ္ပဏီဖြစ်သော CIC Co.,Ltd နှင့်
စာချုပ် ချုပ်ဆိုပြီး ၅၀ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံကို တည်ဆောက်လျက်
ရှိရာ ယင်းဓာတ်ပေး စက်ရုံများမှ လျှပ်စစ် ဓာတ်အားများကို ထုတ်လုပ်ပေးရန်
စီစဉ်ထားကြောင်း ၄င်းက ထပ်မံ ပြောကြားသည်။
"ဒါတွေကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ နေ့ အမီ ဓာတ်အားထုတ်နိုင်ဖို့
စီစဉ်ထားပါတယ်" ဟု ၄င်းက ထပ်မံ ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီးတွင် ၂ဝ၁၂ ခုနှစ် နွေရာသီ ဓာတ်အား လိုအပ်ချက် ပမာဏ
၇၅၀ မဂ္ဂါဝပ်နှင့် စွမ်းအင် ၁၄၆၆၄.၂ မဂ္ဂါဝပ် နာရီကို ပြည့်မီနိုင်ခြင်း
မရှိသဖြင့် အများ ပြည်သူများ ဓာတ်အား အပြည့်အဝပေးရန် စက်မှုလက်မှု
လုပ်ငန်းများ အားလုံးကို ဓာတ်အား ဖြတ်တောက် လျှော့ချမှုများ ပြုလုပ်
ခဲ့ရကြောင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မေလ အတွင်းက လျှပ်စစ်မီး လုံလောက်စွာ မရရှိ
သဖြင့် မန္တလေး၊ ရန်ကုန်၊ မုံရွာ၊ ပြည် အစရှိသည့် မြို့နယ်များတွင်
လျှပ်စစ်ပုံမှန် ရရှိရေး အတွက် ဖယောင်းတိုင် မီးများ ထွန်းညှိကာ
ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်ပွားခဲ့သည်။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ