ကြားဖူးနားဝတော့ မဟုတ်ဘူး။ စာအုပ်လေး တစ်အုပ်ထဲမှာ ဖတ်ဘူးလိုက်တာ။
ဆရာနန္ဒသိန်းဇံရဲ့ စာအုပ်လားတော့ မသိတော့ဘူး။ ထားပါတော့လေ။ ပုံပြင်လေးက
ဒီလို စတယ်။
ဟိုးရှေ့ရှေ့တုန်းကဆိုတော့ ကမ္ဘာဦးတုန်းက ဖြစ်မယ်ထင်တယ်။ လူသားတွေဟာ
အစုံလိုက်ကလေးတဲ့။ ခေါင်းက နှစ်လုံး။ လက်က လေးချောင်း၊
ခြေထောက်ဆိုရင်လည်း လေးချောင်းရှိတယ်။ မျက်လုံးဆိုရင်လည်း
လေးလုံးရှိတာပေါ့။ မျက်လုံးနဲ့ မြင်ယောင်လာအောင် ပြောရရင် လူနှစ်ယောက်
မျက်နှာချင်းဆိုင် ကပ်နေတဲ့ ပုံလေးပေါ့နော့။
အဲဒီမှာ တစ်နေ့ နတ်တွေဟာ လူသားတွေကို အကြောင်းပြုပြီး အစည်းအဝေး
ထိုင်ကြတယ်။ သူတို့က လူသားတွေကို ကြောက်နေကြတယ်။ အဲဒီမှာ နတ်မင်းကြီးက
စကားတစ်ခွန်း ပြောတယ်။ ဘယ်လိုပြောလဲဆိုတော့ မောင်မင်းတို့ အခု ဒို့အောက်က
လူသားတွေအကြောင်းကို ပြောကြရအောင်ကွာတဲ့။ ဒီလူသားတွေဟာ လျှောတွက်လို့
ရတဲ့ သတ္တ၀ါတွေ မဟုတ်ဘူးတဲ့။ တကုတ်ကုတ်နဲ့ ဘာတွေ လုပ်နေကြမှန်းကို မသိဘူး။
တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒို့ နတ်ပြည်ကို လာသိမ်းသွားမှာကိုတောင်
ထည့်တွက်နေရတယ်။ မသိမ်းဘူး မတိုကက်ခိုက်ဘူးလို့ ပြောလို့မရဘူးတဲ့.
ဒါကြောင့် ဒီလူသားဆိုတဲ့ ကောင်တွေကို အခုကတည်းက တစ်ခုခု လုပ်ထားရရင်
ကောင်းမယ်လို့ နတ်မင်းကြီးက စပြီး ပြောလိုက်တယ်။
အဲဒီတော့ နတ်တစ်ပါးက ဒီလိုပြောလိုက်တယ်။ ကျုပ်တို့အတွက်
အန္တရယ်ရှိနိုင်တယ်ဆိုရင် အခုကတည်းက ဒီလူသားမျိုးနွယ်တွေကို
အပြတ်ရှင်းပစ်လိုက်တာ ကောင်းတာပေါ့လို့ အကြံညာဏ်ပေးလိုက်တယ်။ အဲဒီတော့
နတမင်းကြီးက ဘာပြန်ပြောသလဲဆိုတော့ ဟာ... အဲဒီလိုတော့ လုပ်ပစ်လိုက်လို့
မရဘူးကွ။ ငါတို့ကို ခစားမယ့်လူတွေ မရှိဖြစ်သွာမှာပေါ့။ အခိုင်းအစေတွေ
မရှိဖြစ်သွားမှာပေါ့။ မင်းညာဏ်နည်းလှချဉ်လားလို့ ခပ်ဟောက်ဟောက်
ပြန်ပြောလိုက်တယ်ဆိုရင်ပဲ အဲဒီနတ်သားလေးက ခေါင်းပုသွားတယ်။ အဲဒီတော့
နည်းနည်း ညာဏ်ကောင်းမယ့် ပုံရှိတဲ့ နတ်သားတစ်ပါးက ထပြောတယ်။
ကျွန်တော်တို့ကို လူသားတွေက မတော်လှန်စေချင်တာ မဟုတ်လား။ အဲဒီတော့
လွယ်ပါတယ်။ ဒီလူသားတွေကို အင်အားမကြီးအောင် လုပ်ပစ်လိုက်ရုံပေါ့လို့
ပြန်ပြောလိုက်တယ်။
အဲဒီတော့ နတ်မင်းကြီး ပြန်မေးလိုက်တယ်။ လူသားတွေ အားနည်းသွားအောင် ဘယ်လို
လုပ်ရမလဲလို့ ပြန်မေးလိုက်တယ်။ အဲဒီမှာ အစောန နတ်မင်းက
ခေါင်းလေးမေ့လိုက်တယ်။ ငါကွဆိုတဲ့ ပုံလားတော့ မသိဘူး။ ပြီးမှ
ပိုင်နိုင်တဲ့ လေသံနဲ့ လွယ်ပါတယ်နတ်မင်းကြီးရယ်
လူသားတွေကိုအားနည်းးသွားစေချင်တယ်ဆိုရင် လူသားတွေကို တစ်ခြမ်းခွဲပြီး
စကြာဝဠာကြီးရဲ့ ဟိုဘက်ဒီဘက်ကို တစ်ဘက်တစ်ခြမ်း လွင့်ပစ်လိုက်ပေါ့လို့
ပြန်ဖြေလိုက်တယ်။ သူ့ရဲ့ အကြံပေးတာကို ကျန်တဲ့ နတ်သားတွေကလည်း
ထောက်ခံလိုက်ကြတယ်။
နတ်မင်းကြီလည်း သဘောကျသွားတယ်။ ပြီးတော့မှ နတ်မင်းကြိးက အဲဒီလို လုပ်ဖို့
အမိန့်ချလိုက်တယ်။ အဲဒီတော့မှ နတ်တွေက တန်ခိုးနဲ့ လူတွေကို တစ်ခြမ်းဆီ
ခွဲထုပ်ပစ်လိုက်တယ်။ ပြီးတော့ စကြာဝဠာကြိးရဲ့ ဟိုဘက်ထိပ်မှာ တစ်ခြမ်း
ဒီဘက်ထိပ်မှာ တစ်ခြမ်းလွင့်ပစ်လိုက်ကြတယ်။ အဲဒီနေ့က စပြီး လူသားတွေဟာ
သူတို့ရဲ့ အခြမ်းလေးတွေကို လိုက်လိုက်ရှာနေကြတော့တာပေါ့။
ကိုယ့်အခြမ်းလေးကို ကိုယ်ပြန်လိုက်ရှာကြတဲ့နောက်ပိုင်းမှာ တစ်ချို့ကလည်း
ကိုယ့်ရဲ့ စစ်မှန်တဲ့ အခြမ်းလေးကို ပြန်တွေ့ကြတယ်။ တစ်ချို့ကလည်း
မတွေ့ကြဘူး။ တစ်ချို့ကလည် ကိုယ့်အခြမ်းမှတ်လို့ ၀မ်းသာနေတာ တကယ် အတူနေတာ
ကြာလာမှ ကိုယ့်အခြမ်း မဟုတ်မှန်း သိလိုက်ပြိး ပြန်ကွဲသွားကြပြန်တယ်။
အဲဒီလိုပဲ လောကကြီးမှာ လူသားတွေဟာ သိတတ်တဲ့အရွယ်ကစပြီး
ကိုယ့်ရဲ့အခြမ်းကို ပြန်လိုက်ရှာတဲ့ တာဝန်တစ်ခုကို မဖြစ်မနေ
ထမ်းဆောင်နေကြရတာပေါ့။ ချစ်သူရှာတယ်၊ အိမ်ထောင်ဘက် ရှာတယ်ဆိုတာ
ကိုယ့်အခြမ်းကို ကိုယ်ပြန်ရှာနေကြတာတဲ့။ တစ်ချို့ကလည် တစ်ခါတည်း
တွေ့သွားကြတယ်။ အဲဒီတော့ ငယ်လင်ငယ်မယားပေါ့။ ငယ်ငယ်လေးကနေ အသက်ကြီးလို့
သေတဲ့နေ့အထိ တစ်ယောက်ဆိုတစ်ယောက် နဲ့ ဘ၀ခရီးသွားဖြစ်ကြတယ်။
တစ်ချို့တွေကြတော့ ကိုယ့်ရဲ့ ကမ္ဘာဦးက အခြမ်းလေးကို နှစ်ယောက်မြောက်ကြမှ
တွေ့ကြတယ်။ တစ်ချို့ကြတော့ သုံးယောက်မြောက်၊ တစ်ချို့ကြတော့ ၄-ယောက်၊
ငါးယောက်၊ ခြောက်ယောက်မြောက် အစရှိသည်နဲ့ ပြန်တွေ့ကြရတယ်။ ကျွန်တော့်ရဲ့
အကိုကြီးကတော့ ၆-ယောက်မြောက်ကြမှ သူ့ရဲ့ စစ်မှန်တဲ့ အခြမ်းလေးနဲ့
ပြန်တွေ့ပြီး အခုတော့ အေးအေးချမ်းချမ်း နေထိုင်နေလေရဲ့။ ကျွန်တော့ရဲ့
အဒေါ်ကြီး တစ်ယောက်ကတော့ ရှာရင်းရှာရင်း မတွေဖြစ်ပဲ မနှစ်ကပဲ အသက်(၆၀)မှာ
ဆုံးသွားရှာတယ်။ ကျွန်တော်လည်း လိုက်ရှာနေတာ အခုဆို အသက် (၃၀)တောင်
ကျော်နေပြီ။ အခုထိ မထူးခြားသေးပါဘူးဗျာ(ကြော်ငြာ)
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဆီမှာ လတ်တလောတွေ့နေရတဲ့
ကိုယ့်ရဲ့အခြမ်းလေးတွေကို ကောင်းကောင်း တန်ဖိုးထားကြစေချင်တယ်။
စစ်မှန်သည်ဖြစ်စေ၊ မှားနေသည်ဖြစ်စေပေါ့။ ဘာကြောင့်လည်းဆိုတော့ ကိုယ်က
မှားနေတယ်ထင်ပြီး လမ်းခွဲလိုက်တာ ကိုယ့်အခြမ်းအစစ်အမှန်လေး ဖြစ်နေရင်
ဒုက္ခနော်။ ဒါကြောင့် ကျွန်တော်က အားလုံးကို အခြမ်းလေးတွေနဲပ ပါတ်သက်ပြီး
အဆင်ပြေရာပြေကြောင်း ယတြာလေးတွေ ညွန်ပြပေးချင်တာပါ။
အားလုံးအဆင်ပြေသွားကြရင် ဆရာနန်းညွန့်ဦး တစ်ယောက် သူ့ရဲ့ စစ်မှန်တဲ့
အခြမ်းလေးကို အမြန်ရှာတွေ့နိုင်ပါစေလို့ ဆုတောင်ပေးကြပါဗျာ.........
သက်ဆိုင်ရာ ချစ်သူနှစ်ဦး( သို့) ဖနီးမောင်နှံနှစ်ဦး၏
မွေးနံပန်းပင်များကို (နှစ်နံတွဲဆိုရင် ပိုကောင်းပါ၏) မိမိတို့၏
မွေးနံနှင့် ဘုမ္မိအရပ်ကို လွတ်သော အရပ်ဒေသရှိ ဘုရားဝင်း၊ ဓမ္မာရုံ၊
သီလရှင်ကျောင်း၊ ရိပ်သာ၊ အစရှိတဲ့နေရာလေးတွေမှာ သွားပြီး တစ်သက်တာ
အေးချမ်းမြဲမြံ ရင်သန်ပြည့်စုံကြပါစေကြောင်း ဆုတောင်ရပါတယ်။
မတော်တဆ နှစ်ဦးနှစ်ဘက် စိတ်သဘောထားခြင် မတိုက်ဆိုင်လို့
သဘောထားကွဲလွဲမယ် အဆင်မပြေဘူး မျက်နှာခြင်းဆိုင်လို့ မရဘူးဆိုရင်
နှစ်ဦးစလုံးရဲ့ ဓာတ်ပုံ တစ်ယောက်တစ်ပုံကို မျက်နှာချင်းဆိုင်ကပ်ကာ
ဓာတ်ဗူးအသစ်တစ်ခုထဲမှာ ထည့်ပြီး မေတ္တာသုတ်ပရိတ်တော်
ရွတ်ဖတ်ပေးခြင်းအားဖြင့် ကာယကံနှစ်ဦး၏ မေတ္တာဓာတ်များ ပေါင်းစည်းကာ
ကောင်းမြတ်သော၊ မင်္ဂလာရှိသော အင်အားဓာတ်လှိုင်းများ
ပြန့်နှံစိမ့်ဝင်နိုင်ပါစေကြောင်း ဆုတောင်းပေးရပါတယ်။
သဲအိုးတို့ သောက်ရေအိုးတို့ကို ( သဲအိုး-သောက်ရေအိုး ဆိုတာ သောကြာနျင့်
တနင်္ဂနွေ၊ ဗေဒင်အလိုဆိုတော့ ဦးသာဓာတ်၊ အိမ်ထောင်မိတ်ဓာတ်ပါ) မွေးနံနှင့်
ဘုမ္မိအရပ်ကို လွတ်သော အရပ်ဒေသရှိ ဘုရားဝင်း၊ ဓမ္မာရုံ၊ သီလရှင်ကျောင်း၊
ရိပ်သာ၊ အစရှိတဲ့နေရာလေးတွေမှာ သွားပြီး အိမ်ထောင်ရေး မေတ္တာရေးများ
ကံကောင်းပါစေကြောင်း ဆုတောင်းရပါတယ်။
သပိတ်ခြေ (၃)ခုကို ရတနာသုံးပါးကို ရည်မှန်းကန်တော့ပြီး သံဃာတော်
အရှင်မြတ်တို့အား လှူဒါန်းဆက်ကပ်ပြီး မိမိတို့၏ လက်ရှိပစ္စက ပြဿနာများ
အေးချမ်းတည်ငြိမ်ပါစေကြောင်း ဆုတောင်းရပါမယ်။
မျက်မှန်ကို သံဃာတော် အရှင်မြတ်တို့အား လှူဒါန်းဆက်ကပ်၍ မိမိတို့၏
အယူမှား အထင်မှာ သံသယမှားများ ကင်းစင်လွင်ပျော်က်ပြီး အမြင်မှန်များ
ပြန်လည်ရရှိပါစေကြောင်း ဆုတောင်းရပါမယ်။
နောက်ပြီး ကြွေပုဂံတစ်ချပ်ထဲမှာ နှစ်ဦးရဲ့ ဒာတ်ပံကို မှောက်ထည့် ပြီးရင်
အဲဒီအပေါ်က ကွာစေ့ကို ပြည့်အောင် ထည့်ပြီး လှူဒါန်းဆက်ကပ်ပြီး ကွာဟနေသော
စိတ်သဘောထားများ ၊ ပြန်လည်စေစပ်နိုင်ကြ၍ နှစ်ကိုယ်တစ်စိတ်
ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းကြ၇ပါမယ်။
နှစ်ဦးသား၏ အညွန့်နံပန်း (မိမိမွေးနံမှ စင်၍ရေတွက်သော
နှစ်ခုမြောက်နံပန်း) များကို ဖန်ခွက် (ဂဗ္ဘေ-ခိုင်မြဲစေသောဓာတ်) ထထဲတွင်
ထည့်ကာ မိမိအိမ်၏ အိမ်ဘုရားစင်တွင် လှူဒါန်းဆက်ကပ် ထား၍ မိမိတို့၏
အိမ်ထောင်ရး။ အချစ်ရေး သာယာ ခိုင်မြဲစေကြောင်း ဆုတောင်း၇ပါမယ်။
စာကလေးအသိုက်လေးတွေကို နှစ်ဦးအတူတကွ ပြုလုပ်ချိပ်စွဲ၍ ဘ၀ခရီး အတူတကွ
ပြည့်ပြည့်စုံစုံ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်စေကြောင်း
ဆုတောင်းရပါမယ်။
ကဲ .... တော်တော်လေးလည်း စုံလောက်ပါပြီနော် ။ အားလုံးကို
အေးအေးချမ်းချမ်းလေးလည်း ဖြစ်စေချင်ပါတယ်။ ဒါကြောင့် ကျွန်တော်
ပြောခဲဆိုခဲ့တာလေးတွေကို လိုက်လုပ်ကြည့်လိုက်ပါ။ ထူးခြားလာရင်
ကျွန်တော်အတွက် ကျွန်တော်ပြောခဲ့သလို ဆုတောင်းပေးလိုက်ပေါ့ဗျာ....
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ