မေဇွန် နုနုလွင် တို့ရဲ့ အန္တရာယ်ကျရောက်နေသော လူ့အဖွဲ့အစည်း (Tu Maung Nyo)




admin posted: "တူမောင်ညို (၁၃ စက်တင်ဘာ ၂၀၁၂) ကြေးမုံသတင်းစာ (၁၃ စက်တင်ဘာ ၂၀၁၂) စာမျက်နှာ ၈ ဒီသတင်းမှာ လူသတ်တဲ"



ကြေးမုံသတင်းစာ (၁၃ စက်တင်ဘာ ၂၀၁၂) စာမျက်နှာ ၈
ဒီသတင်းမှာ လူသတ်တဲ့ မိန်းကလေး မမေဇွန် (ခ) မျိုးဇာနည်ဇွန်နဲ့ အသတ်ခံသူ မိန်းကလေး မနုနုလွင် တို့ အသက်အရွယ် အားဖြင့် ငယ်ရွယ်သူလူငယ်တွေဖြစ်ပါတယ်။
- လူသတ်မှုကျူးလွန်သူ မမေဇွန် (ခ) မျိုးဇာနည်ဇွန် ဟာ အသက် (၂၁) နှစ်။
- ညှင်းဆဲ အသတ်ခံသူ မနုနုလွင် အသက် (၁၈) နှစ်
အသက်အရွယ်အားဖြင့် မတိမ်းမယိမ်းတွေဖြစ်ပါတယ်။
 ပြီးတော့အိမ်ရှင်တွေက အိမ်ဖော်(အမျိုးသမီး/အမျိုးသား/ ကလေးငယ်တွေအပေါ်) တွေအပေါ် နိုင့်ထက်ကလူပြု ညှင်းဆဲ နှိပ် စက်မှုတွေ ဘာကြောင့်များ မကြာခဏ အခုလို ဆိုးဆိုးဝါးဝါးပေါ်ပေါက် ဖြစ်ပွားနေရတာလဲ။"ဒေါသအလျောက် ကိုယ်ထိ လက်ရောက် ကျူးလွန်သည်" ဆိုတာမှာတင် ရပ်တန့်နေလို့မရပါဘူး။ ဇစ်မြစ်နဲ့အကြောင်းတရားကို ရှာဖွေဖော်ထုတ်ဖို့လိုပါတယ်။
ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကားသော/စာနာထောက်ထားတတ်သော/ ရိုင်းပင်းကူညီတတ်သော ကျနော်တို့ လူ့အဖွဲ့အစည်း ဟာ အန္တရာယ်ကျရောက်နေပြီလို့ ကျနော်ယူဆတယ်။
မမေဇွန်(ခ)မျိုးဇာနည်ဇွန်ဟာ(sadist) လား။ ဘယ်လိုအကြောင်းများကြောင့်များ ဒီလောက်ထိ ကြမ်းကျုတ်ရက်စက်ရတာလဲ။
ဘယ်လိုလူမှုစီးပွားရေး မပြေလည်မှုတွေရှိနေသလဲ။
စိတ်ကျန်းမာရေးပုံမှန်ရှိရဲ့လား။
ပြစ်မှုကျူးလွန်သူကို ဥပဒေအရ သူကျူးလွန်တဲ့ ပြစ်မှုအလိုက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးရမှာပါ။
ဒါ့အပြင် မမေဇွန် (ခ) မျိုးဇာနည်ဇွန် ညှင်းဆဲနှိပ်စက်လူသတ်တဲ့အထိ ပြစ်မှုကျူးလွန်စေအောင် ဘယ်လို ပတ်ဝန်းကျင်မျိုးက ဖန်တီးပေးလိုက်တာလဲ။  အဲဒီလို ဖြစ်ပေါ်လာစေတဲ့ လူမှုပတ်ဝန်းကျင်ကိုလည်း စနစ်တကျ စုံစမ်းလေ့လာရလိမ့်မယ်လို့ယူဆပါတယ်။
"အမှန်စင်စစ် ပြစ်မှုများကျူးလွန်ရခြင်းမှာ ပြစ်မှုကျူးလွန်သူ၏ အကျိုးစီးပွားနှင့်၎င်းနေထိုင်ရာ လူ့ဘောင်အဖွဲ့အစည်း၏ အကျိုး စီးပွားတို့ ၏ ပဋိပက္ခကြောင့်ဖြစ်သည်" ဟု ဖတ်ရှုရဖူးပါတယ်။
- မည်သို့ပင်ဖြစ်စေ မမေဇွန် (ခ) မျိုးဇာနည်ဇွန်  သည် ထိုက်သင့်သောပြစ်ဒဏ်ခံရမယ်။
- ကွယ်လွန်ရှာသူ မနုနုလွင်ရဲ့ နစ်နာဆုံးရှုံးမှုအတွက် လျော်ကြေးကို ကျန်ရစ်သူ မိသားစုများက ရရှိခံစားစေရပါမယ်။
- အန္တရာယ်ကျနေရာက်နေပြီဖြစ်တဲ့ ကျနော်တို့လူ့အဖွဲ့အစည်းကို အလျင်အမြန် ဆန်းစစ်သုံးသပ်ကြဖို့ တိုက်တွန်း နှိုးဆော်
ပါတယ်။
ထို့အပြင် ပြစ်မှုကျူးလွန်တဲ့ တစ်ဦးချင်းပုဂ္ဂိုလ်နဲ့ပြစ်မှုကျူးလွန်စေတဲ့လူ့အဖွဲ့အစည်းကို အရေးယူ/ကုစားမယ်ဆိုရင် "တရား ဥပဒေ စိုးမိုးရေး" ဆိုတာ တစ်ခုထဲနဲ့ ထိရောက်လုံလောက်လိမ့်မည်မဟုတ်ပါ။





No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ